အပိုင်း-၁၇

1.2K 127 4
                                    

လူသားကဲ့သို့သော.. (အပိုင်း-၁၇)
××××××××××××××××××××

'ခွပ်!..'

ပြင်းထန်သော လက်သီးချက်ကြောင့် ခြေလှမ်းတွေ နောက်သို့ ယိုင်သွားပေမယ့် ပါးစပ်ထဲ ယိုစီးကျလာတဲ့ သွေးတွေကို ထွေးမထုတ်ရဲ..၊

'ေ-ာက်သုံး မကျချက်က ဘယ်သွားမှန်း မသိပဲ ပြန်လာပြီ ဟုတ်လား.. မင်းတို့ လုပ်တတ်တာ ဒါပဲလား.. လူတွေ အလုံးလိုက် အရင်းလိုက် ပျောက်သွား တာတောင် ဘယ်ရောက်သွားမှန်း မသိပါဘူး ဟုတ်လား..'

'ဟုတ်ကဲ့ ဆရာ..'

မေးရင် ဖြေ..၊ အပိုမပါစေနဲ့.. မလိုတာ မပြောနဲ့..၊ စတဲ့ စတဲ့ တားမြစ်ချက်တွေ နဲ့ ဆရာရှေ့မှာဆိုရင် သူတို့ ဘယ်သူမှ အပိုမလုပ်ရဲကြပေ။ လက်မြန်သော တိကျ တတ်သော ဆရာက ချီးကျူးတတ်သလို ဒဏ်ပေးရင်လည်း ပြင်းထန်၏။

'တစ်လပြည့်ပြီ ဘာမှန်းမသိသေးဘူး ဆိုတော့ မင်းတို့ သိပ်တော်လွန်းနေတာပဲ..'

'ပြောင်းသွားတဲ့ မြို့ကိုတော့ သိရပါပြီ ဆရာ ရှမ်းပြည်နယ် မြောက်ပိုင်းက မြို့ပါ ဆရာ..'

'ကောင်းပြီ.. အဲ့မြို့ကို ငါကိုယ်တိုင်သွားမယ်.. တစ်ယောက်မှ လိုက်မလာနဲ့..'

'ဟုတ်ကဲ့ ဆရာ..'

ချာခနဲ လှည့်ထွက်သွားတဲ့ ဆရာက ရုပ်ကြည့်တော့ မင်းသားရုပ်နဲ့ မြန်လိုက်တဲ့လက် အမြဲတမ်းလေ့ကျင့်နေရတဲ့ သူတို့တောင် ဆရာလက်တွေကို ဘယ်တုန်းကမှ မရှောင်နိုင်ခဲ့ပေ။ ရုပ်ရည်အရ ချောလိုက်တာလို့ ငေးကြည့်နေစရာ ပေမယ့် ဘယ်မိန်းကလေးကိုမှ မိန်းကလေးလို့ မသတ်မှတ်ဖူးသလို မိန်းမဖြစ်ဖြစ် ယောက်ျားဖြစ်ဖြစ် ဘယ်သူ ဘယ်ဝါ ဖြစ်ဖြစ် ညှာတာလိုက်တယ် ဆိုတာ ထုံးစံကို မရှိဖူးသေးတာ..၊
လူသား ဟုတ်ပါလေစလို့ ထင်ရလောက်အောင် ဆရာ့ကို ပုံမှန်မဟုတ်သော အတွေးတွေက လွမ်းမိုးထား၏။ တွက်ချက်မှုတိုင်းမှာ ဒက်ခနဲ အတိကျ အဖြေထွက်နိုင်အောင် ဘယ်လိုများ သင်ယူထားတာလဲ ဆရာလို့ မေးချင်ပေမယ့် ပျံဝဲလာမည့် လက်သီးချက်ကိုတော့ ကြောက်ရွံ့မိသည်။

ဦးနှောက်နဲ့ တွေးခေါ်မှုရယ် ဆုံးဖြတ်ချက်ရယ် လှုပ်ရှားမှုရယ် တစ်ထပ်တည်း မကျနိုင်ရင်.. သွားတော့ မင်းက သေလူ ဖြစ်ပြီ။ တိုက်တယ် ခိုက်တယ် ဆိုတာ ဂိမ်းဆော့နေတာ မဟုတ်ဘူး..၊ မင်းမနိုင်ရင် မင်းသေမှာပဲ ထရိုင်းအဂိမ်း (try again) ဆိုတာ ငါတို့ လောကမှာ မရှိဘူး..၊ မင်းတို့ ကောင်တွေ ရှိနေလို့ ငါက ရပ်တည် နေနိုင်တယ် ထင်ရင် မင်းတို့ တစ်ခုခု အမှားလုပ်ကြည့်လိုက် ဘယ်ကောင်မှ ငါပြန်မဆယ်ဘူး ကိုယ်ဖြစ် ကိုယ်ခံ ကိုယ်မှား ကိုယ်စံ ကြားလား..၊ ငါမှားတဲ့ အချိန်ကျရင်လည်း ပျော်ပျော်ကြီး လက်ခုတ်တီးဖို့ မမေ့နဲ့ပေါ့ကွာ..၊ ထို့သို့သော ဆရာက အမှားဆိုတာကို လုံးဝ လက်မခံနိုင်တာမျိုး..၊

လူသားကဲ့သို့သော..Where stories live. Discover now