လူသားကဲ့သို့သော.. (အပိုင်း-၂၅)
xxxxxxxxxxxxxxxxxxxxxxxxxx'သား.. အခုလို လူမဟုတ် ဘာမဟုတ်နဲ့ အတူတူ ရှိနေရတာ အန္တာရာယ် များလွန်းတယ်.. ဒက်ဒီတို့ ဒီရက်ပိုင်း အတွင်း အိမ်ပြောင်းဖို့ ပြင်လိုက်ပါ..'
ဒက်ဒီ့ စကားကြောင့် ခြူးလေး စိတ်ကို သိနေသော သူ.. သက်ပြင်း တစ်ခုကိုသာ ချလိုက်မိတော့သည်။ ပြီးတော့ ထင်ရှား..၊ သူ့ကိုယ်သူ အပြစ်တင်နေလို့ ညာလိုက်ပေမယ့် ခဏပဲ ပျောက်သွားပြီး ဘာဖြစ်မှန်း မသိပဲ တစ်ခုခု ဖြစ်သွားသည့် ထင်ရှား..၊ ဘာဖြစ်မှန်း သေချာ မသိသော်လည်း သေချာတာကတော့.. ထင်ရှားသည်.. ခြူးအပေါ် သံယောဇဉ် ရှိနေသည်။ ထို့ကြောင့်သာ သူ့ဘဝနှင့် ခြူးနဲ့ကို မအပ်စပ်ဘူး ဆိုပြီး ငြင်းပယ်နေခြင်း ဖြစ်သည်။ အခုတော့..
'ဟုတ်ကဲ့ ဒက်ဒီ..'
စိတ်မကောင်း ဖြစ်သွားသော်လည်း.. ဒက်ဒီသည် ဒက်ဒီပဲမို့ ခေါင်းသာ ညိတ်ပြလိုက်ရ၏။
'ပြီးတော့ မင်းညီမကို သေချာ ကြည့်ထားအုံး.. ငါတို့က လူသားတွေ ဘာမှန်းမသိတဲ့ သူနား သိပ်မကပ်ဖို့ ပြောထား..'
ဒက်ဒီက ထိုင်နေရာမှ ထရပ်လိုက်ကာ.. ထွက်သွားတော့.. သက်ပြင်းတစ်ခုကို ချလိုက်ပြီး.. ခြူးလေးကို ရှာမိသည်။ ထင်သည့် အတိုင်း.. သူမက ထင်ရှားနားမှာ..၊
'ခြူးလေး.. ကလေး.. ထင်ရှား.. သတိရလာမှာပါကွာ.. အခု ခဏနားလိုက်ပါအုံး..'
ယခု တစ်ကြိမ် နိုးထခဲ့တော့ သူ့အတွက် သာမာန် အဖြစ်ပျက်များကို လက်ခံ နိုင်သလို ရှိသွားသည်။ ထို့ကြောင့် အိပ်နေရာမှ ထရပ်လိုက်ပြီး အသက်ကို ဝအောင် ရှုလိုက်သေးသည်။ ပြီးမှ အိပ်ယာပေါ်မှ ထလာပြီး..
'ခြူးလေး.. ငါ မင်းကို ချစ်တယ်..'
သတိရ လာလာခြင်း တုတ်ထိုး အိုးပေါက် အပြောစကားကြောင့် ခြူး ရုတ်တရက် ကြောင်သွားပြီး..
'ဘာ.. ထင်ရှား.. ဘာဖြစ်သွားတာလဲ မသိဘူးနော်.. ကိုကို..'
ကိုကို့နားကို ပြေးကပ်ရင်း ပြောတော့ ထင်ရှားက ကုတင်ပေါ်က ဆင်းလာပြီ ဖြစ်ကာ..
'လက်ထပ်ဖို့ မင်းမတွေးနဲ့.. ပြီးတော့.. လက်မခံလည်း ဖြစ်တယ်.. ငါပြောချင်တာက ငါမင်းကို ချစ်တယ် ဆိုရုံသက်သက်ပဲ..'
YOU ARE READING
လူသားကဲ့သို့သော..
Romanceလူသားမဟုတ်သော ကောင်လေး တစ်ဦးက လူသားကောင်မလေး တစ်ဦးကို ချစ်မိသွားသောအခါ..