အပိုင်း-၁၄

1.3K 148 2
                                    

လူသားကဲ့သို့သော.. (အပိုင်း-၁၄)
××××××××××××××××××××

အအေးဓာတ် လျော့သွားပြီး.. နေရောင် ထွက်လာပြီ ဆိုမှ ဂိုထောင်ဘက်သို့ ခြေဦးလှည့်မိသည်။ မနေ့က အိပ်မက် ဆိုပေမယ့် တကယ်ကြီး ကြုံတွေ့နေရတယ်လို့ ခံစားရတာကို သေချာအောင် ဆန်းစစ်ကြည့်ဖို့ ပန်းချီကားတွေ မီးလောင်မလောင် လာကြည့်ဖို့ ကြိုးစားမိသော်လည်း.. ဂိုထောင်နား ရောက်တော့.. အထဲသို့ မဝင်ကြည့်ရဲပဲ.. နောက်ကျောပေး ရပ်လိုက်မိသည်။

တကယ့်အဖြစ်ပျက်ဆိုရင် ခြူး ဘယ်လို လုပ်ရမလဲ..၊ တကယ် မဖြစ်နိုင်ပါဘူး.. ခြူး စိတ်ထင်နေတာပါ.. မဟုတ်ပါဘူး..၊

ဘယ်လို တွေးတွေး အိပ်မက်ထဲက အဖြစ်ပျက်က အသက်ဝင် လွန်းနေတော့.. ပန်းချီကားတွေကို မီးလောင်စတွေနဲ့ သာ တွေ့လိုက်ရရင်..၊ ဟာ.. မဖြစ်နိုင်ပါဘူး.. ဘာမှဖြစ်ဖို့ မရှိပါဘူး.. ခြူး အိပ်မက်မက်တာပါ ခြူး အိပ်မက်ပါ..၊

ဖြေတွေးတွေး နေပေမယ့် ဂိုထောင် တံခါးကို လက်နဲ့ ထိကိုင်လိုက်မိတာနဲ့ ရင်ခုန်သံတွေက တစ်ထိတ်ထိတ် ဖြစ်လာကာ လက်ဖျားလေးတွေ တစ်ဆတ်ဆတ် ခါလာ၏။

တကယ်လို့များ.. ပန်ချီကားတွေ မီးလောင်နေခဲ့ရင်..၊

တံခါးကို လက်နဲ့ ကိုင်ထားပြီးသားပေမယ့် နောက်သို့ ခြေတစ်လှမ်း ဆုတ်မိပြန်သည်။ သို့သော် အနိုင်မခံ အရှုံးမပေး လိုသော စိတ်ကြောင့် မျက်လုံးကို စုံမှိတ်ထားလိုက်ပြီး.. တံခါးကို အားကုန် ဆွဲဖွင့်လိုက်သည်။

မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်တော့ ဂိုထောင်ထဲမှာ ဘာမှ မရှိတော့..၊ ဟင်!.. ဘယ်ရောက်သွား ကုန်တာလဲ..၊

တံခါးနားမှာ မတ်တပ်ရပ် နေတဲ့ သူဆီသို့ အကြည့်ရောက်သွားတော့..

'အား!..'

ဂိုထောင်ရှေ့ကနေ နောက်ပြန်လှည့် ပြေးမိပြီး.. အိမ်နားသို့ အရောက် တစ်ခုခုနှင့် ပြင်းထန်စွာ ဝင်တိုက်မိလေသည်။

'ဘုတ်.. အင့်!..'

ဖင်ထိုင်ရက် ပစ်လဲကျ သွားတာကို လူးလဲ ထရပ်လိုက်ပြီး.. ဝင်တိုက်မိသူကို ကြည့်လိုက်တော့.. ကိုကို..၊

လူသားကဲ့သို့သော..Where stories live. Discover now