လူသားကဲ့သို့သော.. (အပိုင်း-၁၂)
××××××××××××××××××××'တီ.. တီ.. တီ..'
ကားဟွန်းသံ ကြားလိုက်တာနဲ့ ဒါက မာမီ့ကားမှန်း သိပြီးသား..၊
အိမ်ရှေ့ကို ပြေးထွက်လာခဲ့ပြီး..'မာမီ ရောက်ပြီလား.. ကိုကိုရေ!.. မာမီ ရောက်လာပြီ'
ပြေးလွှား ခုန်ပေါက်ရင်း အနားရောက်သွားတဲ့ ခြူးကို မာမီက ကားပေါ်က ဆင်းဆင်းချင်း ဖက်ထားလိုက်ကာ..
'ခြူးလေး ကြည့်စမ်း!.. မာမီ့သမီးလေး ပိန်သွားလိုက်တာ.. ဘယ်လိုဖြစ်တာတုန်း..'
မေးလိုက်တာကို နားမှာဆွဲ ထားတဲ့ နားဆွဲလေး လှုပ်ခတ်သွားတဲ့အထိ ခေါင်းလေးပါရမ်းရင်း..
'မသိဘူးလေ သူ့ဖာသာပိန်သွားတာ ခြူးက ဘယ်လိုလုပ်သိမလဲ..'
မမနွယ်က မီးဖိုခန်းထဲကနေ ပြေးထွက်လာပြီး ဝမ်းသာအားရဖြင့်..
'ပိန်မှာပေါ့.. မမသမီး ညညဆို မအိပ်ဘူး..'
'မာမီရောက်လာပြီလေ မာမီနဲ့ အတူတူ အိပ်မှာပေါ့..'
အိမ်အောက်ထပ်က ဆူညံသံတွေကြောင့် မျက်နှာသစ် သွားတိုက်တာကို မြန်မြန်ဆန်ဆန် လုပ်လိုက်ရပြီး အောက်ဆင်းလာတော့..
'သားရေ.. အပြောင်းတင်ထားတာ ဘယ်လိုလဲ.. ဟိုမှာ မင်းတို့ဒက်ဒီက အလုပ်တစ်ခုကို ကြိုလက်ခံထားပြီး မလုပ်တတ် မကိုင်တတ်သေးတော့ အသားမကျသေးတာနဲ့ မလာနိုင်သေးဘူး.. မာမီလည်း သမီးနေမကောင်းဘူး ဆိုလို့ ခဏပဲလာတာ ပြန်သွားရမှာ..'
'မာမီရောက်လာတာ စောသားပဲ.. အပြောင်းကျပြီမာမီ.. နောက်တစ်ပတ်ဆို အလုပ်စဝင်လို့ရပြီ.. မြို့ထဲထိ ဆိုတော့ နည်းနည်းတော့ လှမ်းတယ်..'
'မာမီ သားအတွက် ကားစီစဉ်ပေးခဲ့မယ်လေ.. လှမ်းရင်လည်း ကားနဲ့သွားပေါ့.. ဒါမှမဟုတ်.. မြို့ထဲမှာ အခန်းသီးသန့်နဲ့ နေမလား..'
မာမီက တွေးတွေးဆဆနဲ့ ပြောလိုကွတာလေးကို ခြူးလေးက သူ့အနားသို့ ပြေးကပ်လာပြီး လက်မောင်းကို ဆုပ်ကိုင် မှီနွဲ့လိုက်ရင်း ငိုသံပါလေးဖြင့်..
'မာမီနော်.. ကိုကို့ကို ခြူးကဖြင့်..'
အသံလေး သိမ်ဝင်ပြီး ခေါင်းလေးပါ ငုံ့သွားတော့.. သူမလေး ဆံပင် ခွေခွေနွယ်နွယ် လေးတွေကို ဆွဲဖွလိုက်ရင်း..
YOU ARE READING
လူသားကဲ့သို့သော..
Romanceလူသားမဟုတ်သော ကောင်လေး တစ်ဦးက လူသားကောင်မလေး တစ်ဦးကို ချစ်မိသွားသောအခါ..