အပိုင်း-၅

1.7K 175 2
                                    

လူသားကဲ့သို့သော.. (အပိုင်း-၅)
×××××××××××××××××××

သတိမေ့သွားတယ် ဆိုတာလေးနဲ့.. အခန်းထဲကနေ အပြင်ထွက်ဖို့ကို ခွင့်မပြုတော့ပဲ လူတစ်ယောက်ချင်းစီက စောင့်ကြည့်နေတာကလဲ စိတ်ညစ်ဖို့ ကောင်းသေး၏။

အခန်းထဲမှာ သုံးခေါက်လောက် ပြန်လျှောက်ပြီး.. အခန်းဝကို ခေါင်းပြူ ကြည့်လိုက်တာနဲ့.. အခန်းဝမှာ ထိုင်နေတဲ့ ကိုမောင်ထူးက ခေါင်းထောင် ကြည့်လာ၏။
အခန်းထဲက ထွက်ဖို့ပြင်တာနဲ့ အခန်းဝကို သူခန္ဓာကိုယ်ဖြင့် မသိမသာကော သိသိသာသာကော ပိတ်ကာ ထားလိုက်ပြီး..

'ခြူးလေး ပြော ဘာလုပ်ပေးရမလဲ.. မိအေးကို ခေါ်ပေးရမလား.. မမနွယ်ကို ခေါ်ပေးရမလား'

'တစ်ယောက်မှ မလိုဘူး.. ခြူး အပြင်ထွက်ချင်တယ်..'

ကိုမောင်ထူး မျက်လုံးတွေပြူးခနဲ တစ်ချက် ဖြစ်သွားပြီး.. ရယ်ပြလိုက်တာကာ မျက်နှာကို ဟိုလွဲ ဒီလွဲ..၊ ပြီးတော့.. ခေါင်းကုတ်ရင်း..

'အဲ့တာကလေ.. မမနွယ်.. ပြောတာက..'

'မမနွယ်ပြောတာကို ခြူးမေးလို့လား.. ခြူး အပြင် ထွက်ချင်တယ်.. ကိုမောင်ထူး မမြင်ချင်ယောင် ဆောင်နေ..'

'မမြင်ချင်ယောင် ဆောင်ရမယ်!..'

မြင်နေတာကြီးကို ဘယ်လို မမြင်ချင်ယောင် ဆောင်ရမလဲ..၊
တွေးမိတာကိုတော့ ထုတ်မပြော ဖြစ်ပေမယ့်.. စိတ်ထဲမှာတော့ ငိုရမလို ရယ်မလို ဖြစ်သွားမိ၏။ အဒေါ် လုပ်သူကိုလည်း မနိုင်.. တူမလုပ်သူ ကိုလည်း ကြောက်ရနဲ့.. သူ့အဖြစ်က ရှေ့တိုးမရ နောက်ဆုတ်မရ..၊

'ဟုတ်တယ် မမြင်ချင်ယောင် ဆောင်နေ..'

'ခြူး အပြင်ထွက်မှ ဟိုသရဲနဲ့ တိုးနေရင်ကော.. ဒီတစ်ခါ ခြူးကို တစ်ခုခု လုပ်မသွားဘူးလို့ ပြောနိုင်လား..'

ဟုတ်သားပဲ.. အဲ့သရဲ.. ခြူးကို တစ်ခုခုလုပ်ရင် ဘယ်လိုလုပ်မလဲ..၊ ဒါပေမယ့် အဲ့သရဲ တစ်ခုခု လုပ်ချင်မှတော့ အစောကတည်းက လုပ်ပြီပေါ့..၊ သူ့ကို ဘယ်သူမှမှ မမြင်ရတာ..၊ အခန်းထဲမှာ တစ်ခုခု လာလုပ်တာကို စောင့်နေမယ့်အစား.. ရင်ဆိုင်တွေ့တာက ပိုပြီး ဖြေသာအုံးမယ်..၊

လူသားကဲ့သို့သော..Donde viven las historias. Descúbrelo ahora