အပိုင်း ၁၂

3.2K 251 8
                                    


အပိုင်း ၁၂

   ညနေခြောက်နာရီထိုးရုံးဆင်းပြီး အိမ်ပြန်ဖို့
ကားဆီအလာ ကားပါကင်မှာ ကိုကိုကားကို
တွေ့ရသည်။ ဒီအချိန်ထိ ကိုကိုမပြန်သေးဘူးပဲ အလုပ်ရှုပ်နေတာလား သိချင်တာနဲ့ ကိုကိုရုံးခန်းသို့ တက်အလာ ကိုကိုရဲ့
အတွင်းရေးမှူးတောင် မရှီတော့ဘူး
တံခါးမခေါက်တော့ပဲ အခန်းထဲဝင်တော့ 
ကိုကို စားပွဲပေါ်မှာလက်ထောက်ပြီး အိပ်နေတာလား  ဒါမှမဟုတ်ခေါင်းမူးနေတာလား

" ကိုကို..ကိုကို  "

     ခေါ်ကြည့်လိုက်တော့ကိုကို ကျွန်တော်ကို့ကြည့်ပြီး လေးလံစွာပြောသည်။

" မပြန်သေးဘူးလား  "

" ကိုကိုကရော့ဘာလို့မပြန်သေးတာလဲ  "

" မနက်ဖြန်လေလံပွဲအဖြေသိရတော့မှာ အဲ့ဒါကြောင့်  ဒီညကတည်းက စာရွက်စာတမ်းတွေ ပြင်ဆင်ထားမလို့  "

" ကိုကို ဘယ်ချိန်မှပြန်မှာလဲ   "

" ဘာလုပ်မလို့လဲ   "

" ကိုကို အိမ်ရောက်မှလုပ်ပါ့လား  အိမ်ပြန်နောက်ကျရင် လမင်းငယ် မျှော်နေမှာပေါ့  "

" စာရွက်စာတမ်းတွေ အိမ်ကိုမယူချင်လို့
ငါအလုပ်ငါသိပါတယ် မင်းပြန်တော့  "

" ကိုကို ဘာလို့ မင်းတွေငါတွေပြောနေရတာလဲ
ခါတိုင်းလို့ မိုးစက်လိုခေါ်ပြီး ကိုကိုလို
သုံးနှုန်းပြောပါ့လား   "

    ကိုကိုကျွန်တော်ကို အေးစက်တဲ့မျက်ဝန်းနဲ့
တစ်ချက်ကြည့်ကာ

" ငါမင်းကိုမယုံကြည့်ဘူး "

" ကိုကိုကလဲ ကျွန်တော်လမင်းငယ်ပေါ်ကောင်းတာ ကိုကိုသိရဲ့သားနဲ့ အခုလည်း ကိုကိုအိမ်ပြန်နောက်ကျရင် လမင်းငယ်စိတ်ပူမှာပဲလေ 
အဲ့ဒါကြောင့် အိမ်ပြန်ဖို့ပြောနေတာ "

"မင်းဘာလို့ဟိုတစ်နေ့က တခြားကုမ္ပဏီက သူဌေးကို ငါဆီခေါ်လာတာလဲ ပြီးတော့ အဲ့သူဌေးက မင်းနဲ့အကြာကြီး စကားပြောနေတယ်လို့ငါသိရတယ် "

  ကိုကိုသံသယဖြစ်နေတာအဲ့တာကြောင့်လား

" ကိုခန့်မဟော်ကသဘောကောင်းပါတယ် ကိုကို ပြီးတော့ ကျွန်တော်တို့ အလုပ်အကြောင်းမပြောပါဘူး  "

" မင်းက သူနဲ့ ခင်တယ်ပေါ့  "

" သိပ်မခင်ပါဘူး ကိုကို  "

" ခင်လည်းမထူးဆန်းပါဘူး အဲ့လိုအတ္တသမားကို ပေါင်းသင်နေတဲ့  မင်းလည်း အဲ့လိုစိတ်ဓာတ်ပဲနေမှာ ငါအလုပ် လုပ်ရအုန်းမယ် မင်းပြန်တော့  "

" ကျွန်တော်က ကိုကိုထင်သလို လူမျိုးမဟုတ်ပါဘူး ကျွန်တော်ကို မြင်နေတာတောင်  ကိုကိုမသိဘူးလား ကိုကိုနိုင်ငံခြားထွက်သွားလို့  ကျွန်တော်နဲ့ဝေးသွားခဲ့ပေမဲ့   ကျွန်တော်တို့အားလုံးက
ငယ်ငယ်ကတည်းက အတူနေလာခဲ့တာပဲ   "

" အပေါ်ယံဟန်ဆောင်ကောင်းတာက မင်းတို့ သားအမိရဲ့ ကျွမ်းကျင်မှုပဲလေ မင်းအမေကိုယုံကြည့်ခဲ့လို့ ငါညီခံခဲ့ရပြီးပြီ မင်းကို ငါယုံကြည့်လိုက်ရင် ..."

" ကိုကိုခံရမယ်လို့ပြောချင်နေတာလား ကိုကို ကျွန်တော်ကိုယုံချင်ယုံ မယုံချင်နေ မင်းတွေငါတွေနဲ့တော့ မပြောပါနဲ့  မိုးစက်လို့ပဲခေါ်  
ပြီးတော့ ကျွန်တော် မပြန်ဘူး ကိုကိုပြန်မှပြန်မှာ "

   မိုးစက်ခေါင်းမာစွာဆိုဖာပေါ်ထိုင်လိုက်သည်။

     ဘယ်လိုလေးတုန်း ဒီကလေးဇွတ်ပါ့လား 
ကိုကိုက မင်းကို မယုံဘူးလို့ ဒီလောက်ပြောတာတောင် အမှတ်သည်းခြေမရှီဘူးလား မယုံတာထက် မင်းအမေနဲ့ ကိုကိုကြားမှာ မင်းပင်ပန်းမှာဆိုးလို့ပါ  အခုတော့ အတင်းတွယ်ကပ်တဲ့
မင်းကို ကိုကိုအချော့ပေးပြီး အိမ်ပြန်မှ
ဖြစ်တော့မယ်

" မိုးစက်  "

   ကျွန်တော်ခေါ်လိုက်တာကြောင့် ဆိုဖာပေါ်မှာ ထိုင်နေရင်းကနေ ကျွန်တော်ဆီကို ရောက်လာပြီး အမြဲပြုံးနေကျအတိုင်း အလှဆုံးအပြုံးကိုပြုံးပြီး

" ဟုတ်ကဲ့ ကိုကို  "

" အိမ်ပြန်မယ်  "

" ကိုကို ကျွန်တော်ကို မိုးစက်လို ပြန်ခေါ်တယ်နော်  ကိုကို ကျွန်တော်ကို စာရွက်စာတမ်းတွေပေးလိုက်ပါ့လား ကျွန်တော် အိမ်ရောက်တာနဲ့
လုပ်ပေးမယ်  မနက်ဖြန်ကျရင် အဆင့်သင့်ဖြစ်အောင်လို့  "

   ကိုကို ကျွန်တော်ကို အေးတိအေးစက်နဲ့ ပြန်ကြည့်သည် ကိုကိုတမျိုးထင်သွားပြီလား စာရွက်စာတမ်းတွေကို တောင်းမိလို့ ပိုပြီး
မသင်္ကာဖြစ်သွားတော့မှာပဲ 

" ကိုကို ကျွန်တော်က...."

" ရော့  "

   စာရွက်စာတမ်းကို ကျွန်တော်ဆီ လက်ကမ်းပေးလိုက်တဲ့ ကိုကိုကြောင့် ကျွန်တော် ဝမ်းသာသွားပြီး မြန်မြန်ယူလိုက်သည်။  ကိုကိုကျွန်တော်ကို အလုပ်ခိုင်းတယ်ဆိုတော့ ကိုကို ကျွန်တော်ကို သိပ်မမုန်းဖူးပဲ  ကျေးဇူးတင်လိုက်တာ ကိုကို

🏬

လမင်းလေးရဲ့ ဥယျာဉ်မှူးWhere stories live. Discover now