အပိုင်း ၂၉
" ငါလည်းမင်းကို ချစ်တယ် " တဲ့လားကိုကိုက သေချာပေါက် အဲ့လိုပြောခဲ့တယ် ကျွန်တော်အတွက် အိမ်မက်ဆိုရင်တောင် ကျေနပ်တယ် တကယ်လို့ဟန်ဆောင်ပြောဆိုတာဆိုလည်း ကျေနပ်တယ်
ကိုကိုပါးစပ်က ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းက ကျွန်တော်ကို ချည်နှောင်ထားသလို ခံစားရတယ် ဘယ်တော့မှ ကိုကိုအနားက ထွက်မသွားဘူး
ကော်လိုပဲကပ်နေတော့မယ်" ချစ်တယ် "တဲ့လား ကိုကို ကျွန်တော် ပျော်လိုက်တာ
" မန်နေဂျာ ဘာတွေတွေးပြီး ပြုံးနေတာလဲ "
ရုံးခန်းထဲရောက်ထိတိုင် အလုပ်တွေ စိတ်မဝင်စားအားပဲ ကိုကိုပြောလိုက်သည့်ကို ခဏခဏနှလုံးသားထဲမှာ ပြန်ကြားယောင်မိပြီး နားထောင်နေမိသည်။ အခန်းထဲ ကိုသက်ဝေဝင်လာတာတောင် မသိလိုက်မိဘူး
"ကိုသက်ဝေ "
" ကျွန်တော်တံခါးခေါက်ပြီး ဝင်ခဲ့ပါတယ်
မိုးစက် မန်နေဂျာဖြစ်သွားတာ ဂုဏ်ပြုပါတယ် "" ဟုတ်ကဲ့ လက်ထဲကပန်းစည်းက "
" ရတနာစံအိမ်က သူဌေးလေးပို့ပေးတာပါ
မိုးစက်အတွက် "ကိုသက်ဝေဆီက ပန်းစည်းကို လှမ်းယူရင် ချိတ်ဆွဲထားတဲ့ကဒ်က စာကိုဖတ်လိုက်မှ သေချာပြီ ကိုခန့်ပို့ပေးတာပဲ ကိုခန့်ဘယ်လိုသိတာလဲ သတင်းထွက်တာ အဲ့လောက်မြန်လား
တီ တီ တီ
ဖုန်းနံပတ်ကြည့်လိုက်တော့ကိုခန့်မဟော်
" ကိုခန့် "
"မိုးစက် ကိုယ့်မင်းအတွက် ဂုဏ်ယူပါတယ် မန်နေဂျာရာထူးရတဲ့အတွက် ကိုယ့်ကမိုးစက်ကို ဂုဏ်ပြုညစာကျွေးချင်တယ် "
" ကိုခန့် ကျွန်တော် မပျော်ဘူး ဒီရာထူးရတဲ့အတွက် ကျွန်တော်မပျော်ဖူး အဲ့ဒါကြောင့် ဂုဏ်ပြုညစာစားပွဲကို ငြင်းပါရစေ "
" ကိုယ်ခေါ်ရင် မငြင်းပါနဲ့ မိုးစက် "
"ကိုခန့် "
" ကိုယ်ခေါ်ရင် မငြင်းပါဘူးလို့
ကတိပြုထားတာ မေ့သွားပြီလား "
CITEȘTI
လမင်းလေးရဲ့ ဥယျာဉ်မှူး
Ficțiune generalăပထမဆုံးဖန်တီးထားတဲ့ မြန်မာ BL Fic ကိုအားပေးကျပါအုန်းနော် လိုအပ်ချက်တွေများနေပေမဲ့ ချစ်ခင်မှုနဲ့ ဖတ်ပေးကျပါနော်