အပိုင်း ၂၆

3.1K 224 12
                                    


အပိုင်း ၂၆

      အိပ်ဆေးမိပြီး အိပ်ပျော်သွားသော်လမင်းငယ်ကို သောက အခန်းထဲက ကုတင်ပေါ်ကို ပွေ့ချီပြီး သိပ်လိုက်သည်။ ဒီလိုဖြူစင်တဲ့ လမင်းလေးကို ကျွန်တော်မထိရက်ပါဘူး  အဲ့ဒါကြောင့်အခန်းထဲမှာ သော့ခတ်ပြီးထားလိုက်သည်။ 
 
   တောင်းပန်ပါတယ် လမင်းငယ်
လောလောဆယ်တော့ ကိုယ်ဆီမှာပဲ
မင်းကို ထိန်းသိမ်းထားရတော့မယ်
ကိုယ့်ကို ခွင့်မလွှတ်ပါနဲ့
ကိုယ့်အပေါ် အဒေါ်ကျေးဇူးတွေများလို့ပါ

🏢

   သက်ဝေ နေမထင်ရုံးခန်းသို့ အလျှင်အမြန်လာပြီး
ပြောလိုက်သည်။

" ကိုနေမထင် ကျွန်တော်စုံစမ်းပြီးသွားပြီ
ဒါရိုက်ဘာက သူဌေးကတော် ခေါ်လာပြီး
အလုပ်ခန့်တဲ့လူပါ"

" သေချာလား  ကိုသက်ဝေ   "

"ဟုတ်ကဲ့ သေချာပါတယ်  "

  နေမထင် ညီကိုချက်ခြင်းစိုးရိမ်သွားပြီး

" ကျွန်တော်အိမ်အရင်ပြန်တော့မယ်
အလုပ်တွေကို  ကိုသက်ဝေ လက်စသတ်လိုက်ပါ "

"ဟုတ်ကဲ့ ကိုနေ "

   ကိုနေမထင် လောလောနဲ့ဘာကြောင့်
ထွက်သွားပါ့လိမ့်

  သက်တေတွေးနေတုန်း မိုးစက်ရောက်လာကာ

" ကိုကိုရော့ ကိုသက်ဝေ "

" အိမ်ပြန်သွားတယ်  "

" ဗျာ!  ကျွန်တော်နဲ့အတူတူပြန်ဖို့ 
ပြောထားပြီးသားကိုး  "

" ကိုနေမထင် ဒီနေ့တစ်နေကုန် မျက်နှာမကောင်းဘူး မိုးစက် ကိုနေမထင်က သူ့ညီငယ် driverကို
သူဌေးကတော်အလုပ်ခန့်တယ်လည်းပြောရော့
အိမ်ကိုတန်းပြန်သွားတာပဲ ဒီကိစ္စက
အိမ်ပြန်တဲ့ထိ ဖြစ်စရာလိုလို့လား  "

"ဗျာ! ဟုတ်ကဲ့ ကိုသောက ကျွန်တော်ကို
ပြောပြပေးလို့ ကျေးဇူးတင်ပါတယ်  "

  Mommyကို  ကိုကိုအထင်လွဲနေပြီလား
Mommy က အဲ့လိုလူစားမျိုးမဟုတ်ပါဘူး
ကိုကိုရယ်

   နေမထင်အိမ်ရောက်ရောက်ခြင်း ဒေါ်ကြီးမိုးကို မေးလိုက်တော့  ညီပြန်မရောက်သေးဘူး
အဲ့ဒါကြောင့်  ဒေါ်ချယ်ရီဆိုင်ကို ကားမောင်းထွက်လာခဲ့သည်။  ရောက်ရောက်ခြင်း ဒေါ်ချယ်ရီရုံးခန်းထဲဝင်လိုက်ပြီး မေးလိုက်သည်။

လမင်းလေးရဲ့ ဥယျာဉ်မှူးDonde viven las historias. Descúbrelo ahora