အပိုင်း ၁၇

2.6K 202 1
                                    

အပိုင်း ၁၇

  ကုမ္ပဏီရောက်ရောက်ချင်း အလုပ်တွေထဲ စိတ်နှစ်ပြီး စာရင်းတွေစစ်နေပေမဲ့  အိမ်မှာနေမကောင်းတဲ့ ကိုကိုဆီကိုပဲ စိတ်ရောက်နေသည်။  လမင်းငယ်လေးရှီနေလို့ ကိုကို သက်သာမှာပါ ကိုကိုအတွက် လမင်းငယ်က ဆေးတစ်ခွက်ပဲလေ 

  အဲ့လိုတွေးပြီး အလုပ်ကိုပဲအာရုံစိုက်လိုက်ပေမဲ့
ကျွန်တော်စိတ်တွေမပျော်ဘူး။

   နေ့ခင်းရောက်တော့ နေ့လည်စာ
အပြင်ထွက်စားပြီး ကိုကိုရုံးခန်းဘက်
ခဏလာကြည့်တော့ ဖုန်းပြောရင်း စိတ်တိုနေတဲ့
ကိုကိုရဲ့အတွင်းရေးမှူး ကိုသက်ဝေ ကိုတွေ့ ရသည်။

" ကိုသက်ဝေ ဘာဖြစ်လို့လဲ  "

" မြို့ပြင်မှာ ဟိုတယ်ဇုံအစား လူနေတိုက်ခန်းဆောက်ဖို့ မန်နေဂျာက ပြောထားတယ်။ အထပ်ကတော့ ခြောက်ထပ် တိုက်ခန်းအရေအတွက်ကတော့  ၄၀ , ၅၀ ခန့်မှန်းထားတယ် လိုအပ်တဲ့ အိမ်ဆောက်ပစ္စည်းတွေက မနည်းဘူး။ အခုအိမ်ဆောက်ပစ္စည်းတွေ လိုက်မှာနေတာ တစ်မြို့လုံးက အိမ်ဆောက်ပစ္စည်းဆိုင်တွေ အကုန်လိုက်မှာတာတောင် သံချောင်းတစ်ချောင်းတောင် မှာလို့မရဘူးဖြစ်နေတယ် "

" ဘာလို့လဲ ဘာကြောင့်လဲ  "

" ရတနာစံအိမ်ကုမ္ပဏီက အကုန်သိမ်းပိုက်ပြီး
ဝယ်ထားတယ်လို့ကြားတယ်
အရမ်းစိတ်အိုက်တာပဲ မန်နေဂျာကလည်း
မလာတော့ ဘယ်လိုဆက်လုပ်ရမှန်းမသိဘူး  "

" ကိုနေက နေမကောင်းဘူး 
ကိုနေကိုမပြောသေးပါနဲ့
ကျွန်တော်ဖြေရှင်းကြည့်ပါအုန်းမယ်  "

" ဘယ်လိုဖြေရှင်းမှာလဲ  ဆောက်လုပ်ရေးကို
ဒီနေ့စခိုင်းတာ  "

"  ကျွန်တော် ရတနာစံအိမ်က သူဌေးကို တွေ့ကြည့်မယ် မရဘူးဆိုရင် ပစ္စည်းတွေကို တခြားမြို့တွေထိ လိုက်မှာရမှာပဲ"

" တောင်ငူထိ ငါလှမ်းမှာပြီးပြီ မရဘူး မိုးစက်  "

" ကျွန်တော် ပစ္စည်းတွေ အချိန်မှီရအောင်လုပ်ပေးပါမယ် ကိုနေကိုသာ မပြောပါနဲ့  ကိုနေကနေမကောင်းဘူး   "

  ဒီကိစ္စကြောင့် ကိုကိုအနားယူနေတာကိုး
အနှောက်အယှက်မပေးချင်ဘူး

လမင်းလေးရဲ့ ဥယျာဉ်မှူးDonde viven las historias. Descúbrelo ahora