အပိုင်း ၅

4.4K 324 3
                                    


အပိုင်း ၅

" ကိုကို ဘာလို့ ကျွန်တော်တို့ နှစ်ယောက်ပဲ
စင်ကာပူသွားရမှာလဲ "

" Mommy ကညီကို အရမ်းခိုင်းတယ်
မဟုတ်လား ကိုကိုသိတယ် "

" အမေတွေက ကိုယ့်သားသမီးကို
ခိုင်းခွင့်မရှီဘူးလား ကိုကို "

" ဒါပေမဲ့ Mommy ခိုင်းတာလွန်တယ်
အိမ်ဖော်တွေရှီရဲ့သားနဲ့
အိမ်ဖော်တွေ အလုပ်ကို
ညီကို ခိုင်းနေတာ "

" ညီပျော်တယ် Mommyက
ညီကိုခိုင်းတာ
ညီပျော်တယ် ကိုကို "

  မာမီခိုင်းတာပျော်တယ်တဲ့လား
ညီလိုရိုးသားပြီးအတဲ့သူက
လောကကြီးအကြောင်း ဘာမှကို
နားမလည်ဘူး

" မပျော်ရဘူး ညီ မပျော်ရဘူး ကိုကိုက
ညီကို မပြောပြချင်ပေမဲ့ပြောပြမယ် Mommy က
ညီအမေအရင်း မဟုတ်ဘူး ကိုကိုအမေလည်း
မဟုတ်ဘူး "

" မဖြစ်နိုင်တာ အဲ့ဒါဆို Mommyက "

" Mommy က daddyရဲ့ နောက်မိန်းမ
ညီရဲ့အမေရင်း မဟုတ်ဘူး ကိုကိုတို့ အမေရင်းက
ညီကိုမွေးပြီးတာနဲ့သေသွားပြီ "

" အဲ့ဒါဆို အမေကညီကိုမွေးလို့ သေရတာပေါ့ "

  ကျွန်တော်ပြောတာလွန်သွားပြီလား
ညီဝမ်းနည်းသွားသည်။

" အဲ့လိုမတွေးပါနဲ့ ကိုကိုပြောမယ် daddy ကသာ
ညီရဲ့အဖေရင်း ပြီးတော့ တစ်ခုရှီသေးတယ် မိုးစက်က Mommy နဲ့ပါလာတဲ့သား ညီကိုကို မဟုတ်ဘူး Mommy က မိုးစက်အမေရင်း ကိုကိုတို့မိထွေး အဲ့ဒါညီသိထားရမယ် ညီသိထားတာကိုလည်း ဘယ်သူမှမပြောရဘူး အဲ့ဒါကြောင့် ကိုကိုနဲ့ စင်ကာပူလိုက်ခဲ့ပါ ညီအရမ်းငယ်သေးတယ် ညီကို ကိုကိုစောင့်ရှောက်မယ် "

" Mommy ကို ညီချစ်တယ်ကိုကို "

" ကိုကို့ကိုရော့မချစ်ဖူးလား
ကိုကိုစကားနားမထောင်တော့ဘူးလား "

" ကိုကိုစကားနားထောင်ပါမယ် "

⛪ ဒေါက် ဒေါက် ဒေါက်

တံခါးခေါက်သံကြောင့် ကျွန်တော်အတိတ်ကို စဉ်းစားနေတာ ပျောက်သွားသည်။

" လမင်းငယ်..လမင်းငယ် "

Mommy အသံကြားလို့တံခါးဖွင့်လိုက်သည်။

" Mommy ဆိုင်ကပြန်လာပြီလား "

" ဟုတ်တယ် သားငယ် Mommy ပန်းအိုးအသစ်တွေဝယ်လာတဲ့နေ့မှ ခြဲစောင့်ဦးလေးက
နေမကောင်းဘူး ခြံထဲမှာ Mommy ကို ပန်းအိုးတွေရွေ့ပေးပါအုန်း "

" ဟုတ်ကဲ့ Mommy "

ခြံထဲမှာ Mommy ရွေ့ခိုင်းတဲ့ ပန်းအိုးတွေရွေ့နေသည်။ တချို့ပန်းအိုးက ကြီးပြီးမနိုင်ပေမဲ့ Mommy မချစ်တော့မှာကြောက်လို့
နိုင်အောင်မနည်းမနေရသည်။

" Mommy ရပြီလား "

" ရပြီ သားငယ်ကအားရှီတာပဲ "

   ခြံအပြင်မှာ ဟွန်းတီးသံကြားလို့ ခြံတံခါးပြေးဖွင့်တော့ ကိုကိုကားဖြစ်နေသည်။ အိမ်ရှေ့မှာ
ကားရပ်ပြီး ကိုကိုဆင်းလာသည်။

" ဘာလို့ ခြံတံခါးဖွင့်တဲ့သူက ညီဖြစ်နေတာလဲ "

" ခြံစောင့်ဦးလေး နေမကောင်းလို့သားကြီး "

   Mommy ကဝင်ဖြေလိုက်သည် ကျွန်တော်ကိုကိုလက်ကိုင် အိတ်ယူလိုက်တော့

" ညီလက်က ဘာဖြစ်တာလဲ "

"သားငယ်က Mommy နဲ့အတူ ပန်းစိုက်ပေးနေတာ "

" ဟုတ်တယ် ကိုကိုပျော်ဖို့ကောင်းတယ် "

   ကျွန်တော်အခြေအနေကို သိလိုက်ပါပြီ
ဒေါ်ချယ်ရီ ခင်ဗျား ကျွန်တော်ညီကို လုပ်ပြန်ပြီ ညီလက်ကိုဆွဲပြီး အိမ်ပေါ်ထပ်က ကျွန်တော်အခန်းသို့ခေါ်လာခဲ့သည်။

" ကိုကို "

" ညီအိမ်မှာအားနေလို့ အခိုင်းခံရတာလား
ပြီးတော့ ဒီလိုပေါတောတောပုံစံတွေ ကိုကို
မကြိုက်ဘူးလို့ပြောနေတယ် လမင်းငယ် "

" ညီက Mommyခိုင်းတာကို
ကြိုက်ပါတယ်ဆိုမှ
ညီအတွက်တော့ Mommyက
မိထွေးမဟုတ်ဘူး အမေရင်းပဲ "

" လမင်းငယ်! "

   ကိုကို ညီကို စိတ်တိုလို့အော်နိုင်ပါတယ် ဒါပေမဲ့ ညီလူမှန်းသိတက်စက သိခဲ့တာက Mommy ကညီကိုနို့တိုက်ခဲ့တဲ့အမေပါ ညီ Mommyမေတ္တာ
လိုချင်တာ မှားလားကိုကိုရယ်

လမင်းလေးရဲ့ ဥယျာဉ်မှူးDonde viven las historias. Descúbrelo ahora