အပိုင်း ၆၁
" နေမထင် ဦးလေးကိုမှတ်မိရဲ့လား "
"ကိုကို ဘာလို့စကားမပြောတာလဲ "
နေမထင် ကျွန်တော်တို့အားလုံးကိုကြည့်ရင်း
" ညီ ! "
" ကိုကို ငယ်လေးကိုရှာနေတာလား "
ကိုကိုခေါင်းညိတ်ပြသည်
" ငယ်လေးရှီတယ် ကိုကို "
မိုးစက် ယုန်ဖြူလေးရှီတဲ့ ကုတင်ဘက်နား
သူခန္ဓာကိုယ့်နဲ့ ကွယ်ပြီးရပ်နေလိုက်သည်။
မိုးစက်အချစ်က တော်တော်ကြီးမားပါ့လား
ကျွန်တောလည်း မိုးစက်နဲ့ အတူကွယ်ရပ်ရင်း" လမင်းငယ်ပင်ပန်းလို့ ခဏအိပ်ခိုင်းထားတယ် "
" နေရောကောင်းရဲ့လား "
" ဟုတ်ကဲ့ ကိုကို ငယ်လေးနေကောင်းပါတယ် "
တူလေး နေမထင်အားလုံးကို မှတ်မိမှပဲ
ရင်ထဲက အပူလုံးကျသွားသွားပြီး
အခန်းပြင်ထွက်ခဲ့လိုက်သည်။"ကိုကို ထထိုင်ချင်လား "
ကိုကိုခေါင်းညိတ်သည် ကိုကို့ကို ထလို့ရအောင်
ထူပေးလိုက်တော့ ကိုကိုမျက်လုံးက ငယ်လေး
ကုတင်ဘက်ရောက်သွားပြီး" ညီနေမကောင်းဘူး မဟုတ်လား "
" လမင်းငယ် နေကောင်းပါတယ် နေမထင် "
" ကျွန်တော်သွားကြည့်ချင်တယ် "
နေမထင်တောင်းဆိုမှုကြောင့် မိုးစက်နဲ့ ကျွန်တော် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိသည် လမင်းငယ်က ဆေးသွင်းထားတာမြင်ရင် အလိမ်တန်းပေါ်နိုင်သည်
"ကိုကို သိပ်လှုပ်ရှားလို့မရသေးဘူးလေ "
" ကိုယ်အဆင်ပြေပါတယ် မိုးစက်
အိမ်မက်ထဲမှာ ညီကိုတွေ့နေရပေမဲ့
ထိဖို့ကြိုးစားတိုင်း ဝေးဝေးသွားတယ်
အခုညီကိုအရမ်းတွေ့ချင်တယ်
ကိုယ့်ကိုနည်းနည်းလောက်တွဲပေးရင်ရပါပြီ "ကိုကိုအိပ်စက်နေတဲ့ကာလအတွင်း
ညီပုံရိပ်ကိုပဲမြင်နေခဲ့တာလား
ကိုကိုအိမ်မက်ထဲမှာ ကျွန်တော်မပါဘူးပေါ့
![](https://img.wattpad.com/cover/163260813-288-k303928.jpg)
CITEȘTI
လမင်းလေးရဲ့ ဥယျာဉ်မှူး
Ficțiune generalăပထမဆုံးဖန်တီးထားတဲ့ မြန်မာ BL Fic ကိုအားပေးကျပါအုန်းနော် လိုအပ်ချက်တွေများနေပေမဲ့ ချစ်ခင်မှုနဲ့ ဖတ်ပေးကျပါနော်