အပိုင်း ၄၂
ရုတ်တရက် ကျွန်တော်ကို လာနမ်းတဲ့
မိုးစက်ကို တွန်းလွှတ်လိုက်သည်။" မိုးစက် မင်း ! "
" ကိုကို ကျွန်တော်တောင်းပန်ပါတယ် "
" သွားတော့ ထွက်သွားတော့
ကိုယ်မင်းကိုချစ်တယ်လို့ပြောခဲ့လား "" ကိုကို..."
" ပြောခဲ့ရင်လည်းမေ့လိုက်တော့
မင်းကိုယ်နားကို ဘယ်တော့မှ မလာနဲ့တော့ "" ကိုကို!..ကျွန်တော်မှားပါတယ်
ကျွန်တော်တောင်းပန်ပါတယ်
အဲ့လို့စကားမျိုးမပြောပါနဲ့၊
မချစ်ရင်လည်းရပါတယ်။
အနားမလာနဲ့လို့တော့ မပြောပါနဲ့ ""ထွက်သွား မင်းကိုမုန်းတယ်
မင်းအမေကိုလည်းမုန်းတယ် ထွက်သွားတော့ "ဟင့်အင်း မမုန်းရဘူး ကိုကို ကျွန်တော်ကိုမုန်းရင် ကျွန်တော်သေလိမ့်မယ် ကျွန်တော်ကိုကိုရှေ့မှာပဲ
ဒူးထောက်လိုက်ပြီး ကိုကိုခြေသလုံးကို ဖက်တွယ်ထားမိသည်။" ကိုကို ကျွန်တော်တောင်းပန်ပါတယ်
ကျွန်တော်ကိုကို့ကိုဘယ်လောက်ချစ်လဲ
ကိုကိုသိရဲ့သားနဲ့ အဲ့စကားမျိုးမပြောပါနဲ့၊
ကိုကို ကျွန်တော်ကိုထပ်ပြီး ဥပေက္ခာပြုရင်
ကျွန်တော်ရူးရလိမ့်မယ် "ကျွန်တော်ကို ဒူးထောက်နေတဲ့ ကလေး
ကျွန်တော့်ခြေသလုံးကို ဖက်တွယ်နေတဲ့ ကလေးကိုရင်နာနာနဲ့ ခြေထောက်ကို ဆွဲဖယ်လိုက်မိသည်။
မိုးစက်အတင်းပဲ ကျွန်တော်ခြေထောက်ကို
ပြန်ဖက်တွယ်ပြန်သည်။" မင်းမှာမာနမရှီတော့ဘူးလား
ငါ့မင်းကိုမချစ်ခဲ့ဘူး အသုံးချခဲ့တာ
မင်းငါ့နားမလာ...အား..
"ဝမ်းဗိုက်ညာဘက် အထက်ပိုင်းနေရာ ရင်ခေါင်းနေရာက ရုတ်တရက်ကြီးနာလာသည်။
" ကိုကို ....ကိုကိုဘာဖြစ်တာလဲ "
" ဘာမှမဖြစ်ဘူး သွားပါတော့.... သွား! "
ကိုကိုနာကျင်နေတာ ကျွန်တော်သိတယ်
ကိုကိုဘာဖြစ်နေတာလဲ" ကိုကို နေမကောင်းဘူးမှတ်လား
ကျွန်တော်မသွားနိုင်ဘူး "ကျွန်တော်ကို ဆွဲထူတဲ့ မိုးစက်ကို တွန်းလိုက်ပြီး ကုတင်ဘေးက အံဆွဲနေရာက အဲ့ဆွဲကိုဖွင့်ပြီး ဆေးဗူးယူကာ ရေချိုးခန်းထဲဝင်ပြီး သော့ခတ်လိုက်သည်။
သေမတက်အောင် နာကျင်မှုကြောင့်
တုန်တုန်ယင်ယင်နဲ့ ဆေးဗူးကို ဖွင့်တော့ ဆေးတွေပြန့်ကျဲကုန်သည်။ ဆေးနှစ်လုံးကို ကောက်ကာ
ဘေစင်ရေကို ဖွင့်ပြီး လက်ခုပ်ထဲရေထည့်ကာ သောက်ချလိုက်သည်။ဒေါက် ဒေါက် ဒေါက်
အပြင်မှာ ကြမ်းတမ်းသောတခါးခေါက်သံကို
အဆက်မပြတ်ကြားနေရသည်။"ကိုကို! ..ကိုကို တံခါးဖွင့်ပါအုန်း
ကျွန်တော်တောင်းပန်ပါတယ် "နာကျင်မှုနည်းနည်းလျော့သွားတာနဲ့ အားပြုပြီး
"ကိုကို စကားကိုအလေးနက်ထားတဲ့အနေနဲ့
ထွက်သွားပါ "ကျွန်တော်အော်လိုက်မိသည်
" ကျွန်တော် ထွက်သွားပေးပါမယ်
ကိုကို့ကိုအိပ်ရာပေါ်တွဲပို့ပေးမယ်လေ
ကိုကိုနေမကောင်းဘူးမှတ်လား "" မလိုဘူး ထွက်သွားပေးပါ "
ကျွန်တော်ထွက်မသွားမချင်း ခေါင်းမာလွန်းတဲ့ကိုကိုက ရေချိုးခန်းထဲမှာ ဆက်ရှီနေမှာကြောင့်၊
" ဟုတ်ကဲ့ ကိုကို ကျွန်တော် ထွက်သွားပေးပါမယ် ကိုကိုရေချိုးခန်းထဲက ထွက်ပြီး အိပ်ရာပေါ် မြန်မြန်လှဲတော့နော် "
ကျွန်တော် ကိုကိုအခန်းထဲက ထွက်ပြီး
ကိုကိုအခန်းအပေါက်ဝမှာ ထိုင်ပြီးငိုင်နေမိသည်။မိုးစက်အသံမကြားတော့မှ ဆေးတွေကို ပြန်ကောက်ကာ ဗူးထဲထည့်ပြီး ရေချိုးခန်းထဲက ထွက်လာမိသည်။ ကုတင်ပေါ် မြန်မြန်လှဲကာ အနားယူလိုက်သည်။ မျက်စိထဲမှာ မိုးစက်တောင်းပန်နေတဲ့ပုံစံကို မျက်စီထဲကမထွက်ပဲ မျက်ရည်ကျမိနေသည်။ နာကျင်မှုနဲ့မျက်ရည်တွေ ပေါင်းပြီး အိပ်ပျော်သွားမိသည်
အခန်းရှေ့မှာ အကြာကြီးထိုင်နေမိပြီး ဒီအချိန်ဆို ကိုကိုအိပ်ပျော်ပြီ ကိုကိုအခြေအနေသိချင်တာနဲ့ အခန်းထဲဝင်ပြီး ကိုကို့ကိုကြည့်တော့ ကုတင်ပေါ်မှာ ကိုကိုအိပ်ပျော်နေသည်။ ကုတင်ဘေးနားက အံ့ဆွဲကို ဖွင့်လိုက်တော့ အစောန ကိုကိုသောက်တဲ့ဆေးဗူးကို မတွေ့ရတော့ဘူး ကိုကိုဘယ်ထားလိုက်တာလဲ
ရေချိုးခန်းထဲ ဝင်ကြည့်တော့လဲ မတွေ့ဘူး ကိုကို တစ်ခုခုဖြစ်နေတာလား မဟုတ်ပါစေနဲ့ မဖြစ်ရဘူး
ကိုကိုဘာမှမဖြစ်ရဘူး ကျွန်တော်အစိုးရိမ်လွန်တာပဲ ဖြစ်ပါစေ။🍎🍎🍎
VOUS LISEZ
လမင်းလေးရဲ့ ဥယျာဉ်မှူး
Fiction généraleပထမဆုံးဖန်တီးထားတဲ့ မြန်မာ BL Fic ကိုအားပေးကျပါအုန်းနော် လိုအပ်ချက်တွေများနေပေမဲ့ ချစ်ခင်မှုနဲ့ ဖတ်ပေးကျပါနော်