အပိုင်း ၆၀
ကိုကိုသတိမေ့နေတာ နှစ်ပတ်ပြည့်တော့မည်ဖြစ်သည်။
ငယ်လေးကျန်းမာရေးလည်း အခြေအနေဆိုးလာပြီ အောက်စီဂျင် တပ်ထားရပြီး ကုတင်ပေါ်မှာ လှဲနေတဲ့ ငယ်လေး လက်ကိုကိုင်ပြီး ကျွန်တော်ရင်ပူနေရပြီ" မိုးစက် ...."
" ကိုခန့် "
ခန့်မဟော် တွေ့တွေ့ချင်း
အားငယ်တဲ့မျက်ဝန်းနဲ့ ကြည့်နေသော
ကလေးလေးကို ဖက်ထားလိုက်သည်။" ကိုကိုမနိုးသေးဘူး
ငယ်လေးကလည်း နေမကောင်းဘူး "ကျွန်တော်ဖက်ထားရာကနေခွါပြီး ယုန်ဖြူလေးလက်ကို ကိုင်လိုက်သည် ယုန်ဖြူလေး မျက်စိပွင့်လာပြီး ကျွန်တော်ကို ပြုံးပြသည်။ ပြီးတော့ ယုန်ဖြူလေး အော်စီဂျင်အုပ်ကာဖယ်ကာ
" နေကောင်းသွားပြီလား ကိုခန့် "
" အစ်ကိုနေကောင်းသွားပြီး ယုန်ဖြူလေးက
အစ်ကိုစကားနားမထောင်ဘူးပဲ ဆေးမသောက်ဘူးလား "" ကိုကိုက မနိုးတော့ဘူးထင်တယ် ကျွန်တော်လည်း နိုးမလာတဲ့ ကိုကို့ကိုအပြစ်မတင်တော့ပါဘူး
အဆင့်သင့်ပဲ ပြင်ထားတယ် "ငယ်လေးစကားကြောင့် နှစ်ယောက်သား
လန့်သွားကာ" ဘာတွေလျှောက်ပြောနေတာလဲ
ဘာအဆင့်သင့်ပြင်ထားတာလဲ "" ကိုကိုနောက်လိုက်မလို့ "
" ယုန်ဖြူလေး အဲ့လိုမပြောပါနဲ့ ခွဲစိတ်မှုအောင်မြင်ထားတာပဲ နေမထင်နိုးလာမယ်လို့အစ်ကိုယုံကြည့်တယ် "
ကျွန်တော်ယုန်ဖြူလေးကို အောက်စီဂျင်ပြန်တပ်ပေးလိုက်သည် ယုန်ဖြူလေး အိပ်ပျော်အောင်
ဝိုင်းဝိုင်းရဲ့ ဖြေသိမ့်လိုက် သီချင်းကိုဆိုပြီး ယုန်ဖြူလေးကို သိပ်လိုက်သည်။" ငယ်လေးအိပ်ပျော်သွားပြီ "
ကျွန်တော်မိုးစက်ရဲ့မျက်ရည်တွေကို သုတ်ပေးကာ
" မငိုပါနဲ့ နေမထင်နိုးလာမှာပါ "
" နှစ်ပတ်ပြည့်တော့မယ်လေ ကိုခန့် "
" နှစ်ပတ်ပြည့်တော့ဘာဖြစ်လဲ စိတ်ပင်ပန်းလို့
အိပ်နေတာ အိပ်ပါစေ။ အနားယူလို့ဝရင် ပြန်နိုးလာမှာပါ ကျိန်းသေပေါက် နိုးလာပေါက် ယုံကြည့်ချက်ထားရအောင်နော် မိုးစက် "
VOCÊ ESTÁ LENDO
လမင်းလေးရဲ့ ဥယျာဉ်မှူး
Ficção Geralပထမဆုံးဖန်တီးထားတဲ့ မြန်မာ BL Fic ကိုအားပေးကျပါအုန်းနော် လိုအပ်ချက်တွေများနေပေမဲ့ ချစ်ခင်မှုနဲ့ ဖတ်ပေးကျပါနော်