အပိုင်း ၅၄
" ဟားဟား ဟား "
ဘီးလူးရုပ်အတိုင်းပြင်ဆင်လာပြီး ကိုကိုရှေ့ရောက်လာတဲ့ မိုးစက်ကြောင့် ကိုကိုရယ်မောနေသည်။
" ဒီလူသား
ဒသဂီရိ ဘီလူးကို မကြောက်ပဲ
လှောင်ပြောင်ရဲတယ် "မိုးစက်ပြောတော့ကိုကိုပြုံးသည်။
"ကျွန်တော်မျက်နှာက ဘီလူးနဲ့တူလား ကိုကို "
" အင်းတူတယ်တူတယ် "
တူတယ်သာဆိုတာ အရယ်မပျက်တဲ့ကိုကို
ဒီလိုပြုံးရယ်နေတာကို မြင်ချင်ခဲ့တာ" ကိုကို ကျွန်တော်ကဒသဂီရိဘီလူးနော် "
" ကိုကိုကတော့ မယ်သီတာ မဟုတ်ဘူးနော် "
" အဲ့ဒါဆို မယ်သီတာက ငယ်လေးပေါ့
ဟုတ်လား ကိုကို "ကျွန်တော်စကားပြောမှားသွားချေပြီ
ကိုကိုမျက်နှာတန်းညိုးသွားသည်။" မိုးစက် ဒီအကြောင်းမစပါနဲ့တော့ "
ကိုမိုးကကိုကိုရှေ့ထိုင်လိုက်ပြီး
" ကိုကို့ကို ကျွန်တော်ကစိတ်ညစ်စေချင်လို့
မဟုတ်ပါဘူး ကိုကိုစိတ်မညစ်နဲ့နော် "" အင်း ကြည့်ပါအုန်း မျက်နှာမှာ လိမ်းချယ်ထားတာ တကယ်ဘီးလူးရုပ်ပဲ မျက်နှားဖုံးစွပ်ရင်ရတာကိုး "
" ဟီးဟီး ကိုကို့ကိုပျော်စေချင်လို့ပါ
ကိုကိုပျော်တယ်မှတ်လား "ကိုကိုခေါင်းညိတ်ပြီး အသဲနေရာကိုဖိပြီး
မျက်နှာရှုံမဲ့သွားသည်။"ကိုကို ကိုကိုနာလို့လားဟင် "
ကိုကိုခေါင်းညိတ်ပြပြီး ကုတင်ပေါ်မှာလှဲသွားသည်ငယ်လေးက ချက်ခြင်းပဲ ဆရာဝန်ပြေးခေါ်သည် ဆရာဝန်ဆေးထိုးပေးမှ ကိုကိုအိပ်ပျော်သွားသည်။
" စိတ်မပူပါနဲ့ အခု သွေးပေါင်ကျနေလို့ခွဲစိတ်လို့မရသေးပေမဲ့ သောကြာနေ့ကျရင်ခွဲစိတ်ဖြစ်အောင် ခွဲစိတ်မှာပါ နေမထင်ကို သားငယ်လေး
ပြောပြီးပြီလား "ငယ်လေး ခေါင်းရမ်းသည်။
" ခန့်မဟော်ကတော့ အခုကတည်းက ဆေးရုံတက်နေပြီနော် သားတို့ သွားတွေ့လိုက်အုန်း
ဘေးခန်းမှာပဲ "
YOU ARE READING
လမင်းလေးရဲ့ ဥယျာဉ်မှူး
General Fictionပထမဆုံးဖန်တီးထားတဲ့ မြန်မာ BL Fic ကိုအားပေးကျပါအုန်းနော် လိုအပ်ချက်တွေများနေပေမဲ့ ချစ်ခင်မှုနဲ့ ဖတ်ပေးကျပါနော်