အပိုင်း ၃၇"သားငယ်လေး Daddyဆီလာတယ် "
တစ်ခါမှ ကျွန်တော်ကုမ္ပဏီကိုမလာတဲ့ သားငယ်လေး အခု ကျွန်တော်ကုမ္ပဏီ ရုံးခန်းထဲထိ
ရောက်ရှီလာတာကြောင့် ဦးထင်အောင်ကျော်
အံသြသွားသည်" daddy ! "
" သားငယ်မျက်နှာမကောင်းပါလား ဘာဖြစ်လို့လဲ "
" ကျွန်တော်သိသွားပြီ Daddy ! "
" ဘာသိတာလဲ "
ကျွန်တော်ထိုင်ရာကထပြီး ရပ်နေတဲ့ သားငယ်နားလာကာ သားငယ်လက်ကို ကိုင်ကာ ဆိုဖာပေါ်မှာ
ထိုင်ခိုင်းလိုက်သည်။" Mommy ဘာလို့ကျွန်တော်ကို မုန်းတာလဲ ကျွန်တော်သိသွားပြီ daddy ကျွန်တော်က မွေးစားသား မဟုတ်လား ကျွန်တော်က
ဒီမိသားစုနဲ့မသက်ဆိုင်တဲ့ သူစိမ်းမဟုတ်လား "ဦးထင်အောင်ကျော် အံသြတိတ်လန့်သွားပေမဲ့
မျက်နှာမပျက်ယွင်းပဲ သားငယ်ကိုကြည့်ကာ" သားငယ်ဘာတွေလျှောက်ပြောနေတာလဲ "
" ကျွန်တော်ကိုမလိမ်ပါနဲ့
ကျွန်တော်အကုန်သိပြီးပါပြီ "" သားငယ်လေး "
" ကျွန်တော်အမှန်အတိုင်းသိချင်ယုံပါ Daddy! "
" ကလေးရယ် လောကမှာ မွေးထားမှမိဘဖြစ်တာ မဟုတ်ပါဘူး မေတ္တာရင်းနဲ့ကျွေးမွေးစောင့်ရှောက်
တဲ့မိဘဟာလည်း မိဘပါပဲ သားငယ်လေးကို daddy သားမဟုတ်ဘူးလို့ Daddy လုံးဝမထင်ခဲ့ဘူး
တွေးလည်းမတွေးခဲ့ဘူး "" daddy! "
သားငယ်လေး ကျွန်တော်ကိုဖက်ပြီး ငိုကြွေးနေသည် သားငယ်လေး ကျောကိုပုတ်ပေးကာ နှစ်သိမ့်လိုက်သည်။
" ကျွန်တော်မိဘရင်းက ဘယ်လိုလူစားမျိုးလဲ daddyကျွန်တော်ကို ပြောပြပါ "
"သားလေးမိဘတွေက သားလေးကို မချစ်လို့ ပစ်ထားတာ မဟုတ်ပါဘူး daddy
အကြောင်းစုံပြောပြပါမယ် "Daddy ပြောပြတာအားလုံးနားထောင်ပြီး Daddyက ကျွန်တော်ကို အမေတိုက်ခန်းလိပ်စာ
ပေးသည်။" သားသွားတွေ့ချင်ရင် သွားတွေ့ရအောင် "
"ကျွန်တော်သိတာကိုး ကိုကို့ကို
ပေးမသိပါနဲ့ Daddy ကိုကိုက စင်ကာပူမှာကတည်းက ကျန်းမာရေးအခြေအနေဆိုးရွားဖူးတယ်
ကိုကို့ကို ကျွန်တော်ကြောင့် တစ်ခုခုမဖြစ်စေချင်ဘူးကိုကို့ကိုမပြောပါနဲ့ Daddy "" သားလေးရယ် သားကိုကို့ကို
အရမ်းချစ်တာပဲလား "" ကိုကိုက ကျွန်တော်အတွက် အရိပ်ပါ
ကျွန်တော်အတွက် အေးချမ်းခိုလှုံရာ
အရိပ်သစ်ပင်ကြီးပါ "" Daddy နားလည်ပါပြီ သားငယ်ရယ် "
Daddy ကုမ္ပဏီကအထွက် Taxiဌားပြီး daddyပေးတဲ့လိပ်စာအတိုင်း လိုက်ပို့ခိုင်းမိတယ် ပြီးတော့ တိုက်ခန်းအပေါက်ဝမှာ အကြာကြီး ကျောက်ရုပ်လို့ရပ်နေမိတယ်။ ပြီးတော့ တိုက်ခန်းအပေါက် ရုတ်တရက် ဖွင့်လာသည် ကျွန်တော်အမျိုးသမီးကြီးကို အကြာကြီးငေး ကြည့်နေမိသည်
" ကလေး ဘာလိုချင်လို့ လဲ "
အမျိုးသမီးကြီးက ကျွန်တော်ကိုမေးပြီး
အံသြသွားတဲ့မျက်နှာဖြင့်" ဧကန္တ ကလေးက ..."
ကျွန်တော်တိုက်ခန်းအောက်ကို ပြေးဆင်းလာမိသည် လမ်းမပေါ်မှာ ပြေးရင်း ရုတ်တရက် ကားရှေ့ရောက်သွားပြီး အရာအားလုံး မှောက်မိုက်သွားသည်။
🏙️
မိုးစက်နဲ့ ဆောက်လုပ်ရေးစိုက်မှာ လိုက်ကြည့်နေတုန်း ရုတ်တရက် ရင်ဘက်ထဲက စူးအောက်စွာနာကျင် လာလို့ ရင်ဘက်ကို ရုတ်တရက် ဖိလိုက်ရင်း အနားမှာရှီတဲ့ မိုးစက်က ထိန်းပေးရင်း
" ကိုကို! ကိုကိုဘာဖြစ်တာလဲဟင် "
ရင်ဘက်ကိုလက်နဲ့ဖိထားရင် ကိုကို နဖူးက ချွေးတွေထွက်နေသည်။
" ကိုကို!..... ဘယ်နာကနာနေတာလဲ ...
နေမကောင်းဘူးလားဟင် "" ညီ!....ခံစားချက်တွေမကောင်းဘူး စိတ်ထဲမှာ အရမ်းလေးလံနေတယ် "
" ကိုကို ဘာဖြစ်တာလဲ ကျွန်တော်ကိုပြောပြပါ ကျွန်တော် စိတ်ပူနေပြီ "
" ညီတစ်ခုခုဖြစ်နေပြီထင်တယ်
ကိုကိုတို့ အိမ်ပြန်မှဖြစ်မယ် "" ကျွန်တော်လိုက်ပို့ပေးမယ်ကိုကို. "
ကိုကို့ကိုး ထိန်းပေးရင်း ကားပေါ် တွဲပို့ပေးလိုက်သည် ကျွန်တော် ရင်တွေပူလိုက်တာ ကိုကိုထင်သလို လမင်းငယ်လေး ဟင့်အင်း ငယ်လေးဘာမှ မဖြစ်ရဘူး ငယ်လေး တစ်ခုခုဖြစ်ရင် ကိုကိုသေလိမ့်မယ်
🍎🍎🍎
YOU ARE READING
လမင်းလေးရဲ့ ဥယျာဉ်မှူး
General Fictionပထမဆုံးဖန်တီးထားတဲ့ မြန်မာ BL Fic ကိုအားပေးကျပါအုန်းနော် လိုအပ်ချက်တွေများနေပေမဲ့ ချစ်ခင်မှုနဲ့ ဖတ်ပေးကျပါနော်