အပိုင်း ၄၁

2.3K 197 25
                                    

အပိုင်း ၄၁

    မြို့ပြင်နားမှာ Taxi စောင့်နေတဲ့ လမင်းငယ်ကို
တွေ့တာနဲ့ ကားရပ်လိုက်သည်။

" ကိုခန့်မဟော် "

" ယုန်ဖြူလေး ဘာလုပ်နေတာလဲ "

" ဆောက်လုပ်ရေးစိုက်တွေလာကြည့်တာ
အဲ့ဒါအငှါးကားစောင့်နေတာ "

" ကားမပါဘူးလား "

" မပါဘူး ကိုကိုနေမကောင်းလို့ "

" တက် ကိုယ့်လိုက်ပို့မယ် "

" အဲ့ဒါဆို ကျေးဇူးတင်ပါတယ် ကိုခန့်
ကျွန်တော်အငှါးကားဆက်မစောင့်နိုင်တော့ဘူး ဗိုက်ဆာနေပြီ "

ပွင့်လင်းစွာပြောတက်တဲ့ ကောင်လေးကို သဘောကျသည် ကောင်လေး ကားပေါ်တက်တာနဲ့ကျွန်တော် ကားကိုမောင်းလိုက်သည်။

"ဗိုက်ဆာပြီဆို ဘာစားချင်လဲ ကိုယ့်ဝယ်ကျွေးမယ် "

"အိမ်ပဲပြန်ပို့ပါ အိမ်ရောက်မှစားမယ် "

" ကိုက ယုန်ဖြူလေးကို ကိုက်မစားပါဘူး
တစ်ခုခုတော့စားပါ "

" ကိုကိုနေမကောင်းလို့ပါ. "

" လမင်းငယ်ရော့ မိုးစက်ရော့
နေမထင်ကို အရမ်းချစ်ကျတာပဲ "

" ကိုကိုက အရမ်းသနားဖို့ကောင်းပါတယ် "

လမင်းငယ်လေး ကားပြတင်းပေါက်ကနေ အပြင်ကို ငေးသွားသည် ဒီကလေးမှာ စိတ်ညစ်စရာရှီတာ သိပေမဲ့ မမေးရက်ပေ

©♥®

" နေမထင်ရာ နဂိုထဲက ရောဂါရှီပါတယ်ဆိုမှ ဘာလို့ရင်ဘက်က ထပ်အောင့် လာပြန်ရတာလဲ နှလုံးရောဂါပါ ထပ်တိုးလာလို့မရဘူးနော် မနေ့က မိုးစက်ကိုတော့ ငါမပြောလိုက်မိဘူး တူလေးပေးမသိစေချင်ဘူးထင်လို့ "

ဆရာဝန်ဦးလေးက ကျွန်တော်ကို စမ်းသပ်ရင်း မနေ့က အဖြစ်ကိုပြောနေသည်။

" သူဌေးကို ဘယ်တော့ပြောမှာလဲ နေမထင် "

" မပြောချင်ပါဘူး daddy သိရင် တစ်အိမ်သားလုံးသိသွားမှာ ကျွန်တော်တောင် သိသိချင်း တုန့်လှုပ်သွားတာ daddy သိရင် daddy လဲသွားလိမ့်မယ် "

" မင်းတို့သားအမိတွေ ဘာကြောင့်အဲ့လောက်ကံဆိုးတာလဲ မင်းအမေက နှလုံးရောဂါ အခုမင်းကျတော့ "

" ဝဋ်ကျွေးပါရင် ရှောင်လွှဲလို့မှ မရတာ ပြီးတော့ မနေ့က မိုးစက်ကို ဘာမှမပြောပဲ ညာပေးလို့ ကျေးဇူးတင်ပါတယ် "

" ရပါတယ် ဒီလကုန်ရင် ဦးလေးဆီလာဖို့ မမေ့နဲ့နော် မင်းအမေလို ဦးလေးမင်းကို အဖြစ်မခံဘူး "

" ကျွန်တော်လာမှာပါ "

"ကိုကို "

တံခါးမခေါက်ပဲ ဝင်လာတဲ့ ညီကြောင့်
နေမထင်လန့်သွားမိ၏ ။

" ဆရာဝန်ရောက်နေတာပဲ "

" ဦးလေးက တခြားသူမဟုတ်ပါဘူး
သားတို့မေမေရဲ့မောင်လေးပါ "

" ကျွန်တော်ဘာကြောင့်မသိတာလဲ "

"သားငယ်လေးက မသိပေမဲ့ မိုးစက်ကတော့သိတယ် သားတို့စင်ကာပူသွားတုန်းက ဦးလေးက
အိမ်ခဏခဏလာဖြစ်တယ် "

" ဟုတ်ကဲ့ ကိုကိုက ဘာဖြစ်တာလဲ စင်ကာပူမှာလည်း ခဏခဏဖျားတယ် အခုရော့ဘာဖြစ်တာလဲ ဦးလေး ဆေးစစ်ဖို့လို့လား "

ဦးလေး ကျွန်တော်ကို ကြည့်ရင်း

" ဘာမှမဖြစ်ပါဘူး ကလေး "

ကျေးဇူးတင်ပါတယ် ဦးလေး ထပ်ညာပေးလို့

ကိုကို ကျွန်တော်ကို ရှောင်နေတာ တပတ်တောင်ရှီနေပြီ ကိုကိုအခန်းထဲလည်း အဝင်မခံပဲ သော့ခတ်ထားတယ် ဒီနေ့တော့ ကိုကို့ကိုရအောင်တွေ့ရမယ်

ဒေါက် ဒေါက် ဒေါက်

ကိုကို တံခါးလာဖွင့်ပေးသည် ကျွန်တော်ကို မြင်တာနဲ့ တံခါးတန်းပိတ်ဖို့လုပ်လို့ လက်ကို တံခါးကြားခံလိုက်သည်

" အား!! "

ကိုကိုစိတ်ပူပြီးတန်းမေးသည်။

" ဘာဖြစ်သွားတာလဲ "

ကိုကို ကျွန်တော်လက်ကိုလှန်ကြည့်လို့

" စိတ်ပူတက်သေးတာပဲ ကျွန်တော် ဘာမှမဖြစ်ပါဘူး ကိုကို ကျွန်တော်ကိုမလွမ်းဘူးလား တစ်ပတ်ကြီးတောင် ကျွန်တော်ကို စိတ်ဆိုးနေတာလား ကိုကို

" စိတ်ဆိုးတာ မဟုတ်ဘူး မိုးစက် ကိုယ့်...."

ကိုကိုစကားကိုဆုံးအောင်နားမထောင်တော့ပဲ
ကိုကိုနှုတ်ခမ်းကို နမ်းလိုက်သည်။

🍎🍎🍎

လမင်းလေးရဲ့ ဥယျာဉ်မှူးDonde viven las historias. Descúbrelo ahora