အပိုင်း ၈
ကျွန်တော်နာမည်သောက မိဘတွေမရှီတော့ဘူး ဆွေမျိုးဆိုလို့ ဦးလေးတစ်ယောက်နဲ့အဒေါ်တစ်ယောက်ပဲရှီပါတယ်။ ဒေါ်လေးက ကျွန်တော်ကို စက်ရုံမှာ အလုပ်သွင်းပေးလို့ အလုပ်လုပ်တာ ၂ နှစ်ရှီပြီ အခုဒေါ်လေးက အလုပ်ထွက်ခိုင်းလို့ အလုပ်ထွက်ပြီး ဒေါ်လေးနဲ့ဆိုင်တစ်ဆိုင်မှာ
ချိန်းထားလို့ ဒေါ်လေးကို တွေ့ဖို့ ထွက်လာခဲ့လိုက်သည် ဆိုင်ရောက်တော့ ဒေါ်လေးကရောက်နှင့်နေပြီဖြစ်သည်။" ကျွန်တော်ကို ဘာလို့ အလုပ်ထွက်ခိုင်းတာလဲ "
ကျွန်တော်မေးနေတုန်း စားပွဲထိုးကောင်လေးရောက်လာသည်။
" ဘာသောက်မလဲ "
" ကော်ဖီပဲပေးပါ "
စာပွဲထိုးက ကော်ဖီလာချမှ
အဒေါ်က စကားဆိုသည်" အရေးကြီးဆုံး အလုပ်ကိုခိုင်းမလို့ သောက
မင်း driver လုပ်ပေးနိုင်မလား "ဒေါ်လေးက ကျွန်တော်ကိုစူးစိုက်ကြည့်ကာဆိုသည်။
" ဗျာ ဒေါ်လေးရဲ့တူကို driverလုပ်ခိုင်းဖို့ကတော့
မသင့်တော်ဘူးနော် "" အခုငါယောက်ကျားရဲ့ သားတွေ စင်ကာပူက ပြန်လာပြီ မင်းညီမိုးစက် နေရာမပျောက်အောင်
မင်းကူညီပေးရမယ် "" ဘယ်လိုကူညီပေးရမလဲ "
" ငါယောက်ကျားရဲ့သား နေမထင်က လမင်းငယ်ကို အရမ်းချစ်တယ် လမင်းငယ်က တကယ်တော့
ဦးထင်အောင်ကျော်ရဲ့ မွေးစားသားပါ ဒါပေမဲ့
နေမထင်က သားအရင်းလိုပဲ ဆက်ဆံခိုင်းပြီး လမင်းငယ်ကို မွေးစားသားလို့တောင် ပေးမသိဘူး "" ကံကောင်းလှချည့်လား "
"ဟုတ်တယ် အရမ်းကံကောင်းတယ် ဘာမှသွေးမတော်သားမဆက်တဲ့ သားကိုတော့ ဖူးဖူးမှုတ်ထားသလို နေမထင်ကလည်း မိုးစက်ကို ညီလိုတောင်
မသတ်မှတ်ပဲ ဘယ်ကမှန်းမသိရောက်လာတဲ့လမင်းငယ်ကိုပဲ ဦးစားပေးတယ် "" ကျွန်တော်နားလည်ပါပြီဒေါ် လေး
ကျွန်တော်ဘာလုပ်ပေးရမလဲ "" မင်းကရုပ်လည်းချောတော့ လမင်းငယ်ရဲ့ drvier လုပ်ပြီးလမင်းငယ်ရဲ့ဘဝကို
ဖျက်စီးပေးပါ "" ဗျာ ဒေါ်လေး အဲ့ဒါကတော့..."
" သောက ငါကျေးဇူးကို ပြန်ဆပ်ချင်တယ်ဆို
အခုမင်းကျေးဇူးဆပ်ဖို့ အချိန်ပဲ ငါမင်းအပေါ်ဘယ်လောက်ကောင်းခဲ့လဲ မင်းသိပါတယ်
မင်းကို ငါသားလိုမျိုး ဆက်ဆံခဲ့တာပါ ""ဟုတ်ကဲ့ ဒေါ်လေးကျွန်တော်လုပ်ပါမယ် "
" ဒါမှပေါ့ ငါတူလေးပီသတယ်
မနက်ဖြန် အိမ်ကို စောစောလာခဲ့ပါ
ငါတူလို့ မပြောနဲ့ နေမထင်ရိပ်မိသွားမယ် "" ဒါပေမဲ့ မိုးစက်က ကျွန်တော်ကို ..."
" မိုးစက်နဲ့ မင်းမတွေ့တာ ဘယ်လောက်ကြာပြီလဲ
သူမင်းကို မမှတ်မိပါဘူး "" ဒါဆိုလည်း ကောင်းပါပြီ "
" ဒီမှာ လိပ်စာကင်္ဒ "
" ဟုတ်ကဲ့ ဒါနဲ့ ဒေါ် လေး လမင်းငယ်က မွေးစားသားလေ အမွေတွေရလည်း နည်းနည်းပေါ့ ဘာလို့ လမင်းငယ်ကို ဖျက်စီးချင်ရတာလဲ "
" လမင်းငယ်ဘဝပျက်ရင် နေမထင်ရဲ့ဘဝလည်းပျက်ပြီ။ အခုထိ နေမထင်အသက်ရှင်နေတာက လမင်းငယ်ကြောင့်ပဲ နေမထင်က ငါငယ်ငယ်တုန်းက ထိန်းလာတဲ့ကလေးပါ အသက်ငါးနှစ်မှာ ငါကို Mommyလို ကြည့်ကြည့်ဖြူဖြူခေါ်တယ် ငါလို့မိထွေးကို ဘာလို့ Mommyလို ခေါ်တယ်ထင်လဲ ငါက လမင်းငယ်ကို နို့တိုက်ပေးလို့ပဲ လမင်းငယ် အိမ်စရောက်ကတည်းက နေမထင်ရဲ့ ဘဝမှာ လမင်းငယ်က သူအသက်ပဲ အဲ့ဒါကြောင့် နေမထင်ကို ငါနည်းနည်းလေးမှ ထိစရာမလိုဘူး လမင်းငယ်ကို
ထိတာနဲ့ နေမထင်နှစ်ဆ
ခံစားရလိမ့်မယ် "" အရမ်းချစ်တဲ့ ညီအစ်ကိုတွေပဲ "
"ဟုတ်တယ် အဲ့ဒါကြောင့် လမင်းငယ်က
မင်းမှမင်းပဲဖြစ်အောင် မင်းကိုစွဲလန်းအောင် မင်းလုပ်ပေးပါ "" ဟုတ်ကဲ့ "
ဒေါ်လေး ထွက်သွားသည့်တိုင်အောင် လိပ်စာကင်္ဒကို ကြည့်ပြီး လမင်းငယ်အကြောင်းကို စဉ်းစားနေသည် ယောက်ကျားချင်း တိမ်းညွှတ်အောင် လုပ်ဖို့က မလွယ်ပေမဲ့ ဒေါ်လေးကျေးဇူးတွေက မနည်းဘူး ပြန်ဆပ်ဖို့ အချိန်ရောက်ပြီဖြစ်သည်။ ဒါမှဒေါ်လေးကောင်းစားမှ ကျွန်တော်လည်း ကောင်းစားနိုင်မည်။
သောက
⛪
![](https://img.wattpad.com/cover/163260813-288-k303928.jpg)
BINABASA MO ANG
လမင်းလေးရဲ့ ဥယျာဉ်မှူး
General Fictionပထမဆုံးဖန်တီးထားတဲ့ မြန်မာ BL Fic ကိုအားပေးကျပါအုန်းနော် လိုအပ်ချက်တွေများနေပေမဲ့ ချစ်ခင်မှုနဲ့ ဖတ်ပေးကျပါနော်