အပိုင်း ၅၈ကိုခန့်ကအခြေအနေကောင်းပြီး
နေပြန်ကောင်းလာလိုဆေးရုံက ဆင်းရတော့မယ် ကိုကိုက အခုထိ သတိမရသေးလို့ ငယ်လေးရော့ ကျွန်တော်ပါ စိတ်ပူနေတာထက်ပိုပြီး ရူးချင်မိသည်။
ကိုကိုအသက်အတွက်လည်း စိုးရိမ်နေမိသည်။" ဦးလေး ကိုကိုအခြေအနေက "
ကိုကို့ကိုစမ်းသပ်တိုင်း စိတ်ပူစွာမးနေကျ
ဦးလေးလည်း ဖြေနေကျအတိုင်း" အားလုံးပုံမှန်ပါပဲ အခြေအနေကောင်းပါတယ် "
" အဲ့ဒါဆို ဘာလို့သတိမရသေးတာလဲ
ဘယ်နှရက်တောင်ရှီနေပြီလဲ "" သားမိုးစက် အစိုးရိမ်မလွန်ပါနဲ့
သတိရလာမှာပါ ဦးလေးလည်း အခြေအနေအားလုံးကောင်းရဲ့သားနဲ့ ဘာလို့သတိမရလာသေးလဲ
နားမလည်ဘူး ဧကန္တ သားနေမထင်ရဲ့စိတ်က ...""ဟင့်အင်း ကိုကိုလက်မလျှော့ဘူး
ကျွန်တော်သိတယ် ကိုကိုက
ငယ်လေးအတွက် အားတင်းထားမှာ "" သိပ်စိတ်မလှုပ်ရှားပါနဲ့ ခွဲစိတ်တာအောင်မြင်ခဲ့တာပဲ မိုးစက် စိတ်တည်ငြိမ်မှ သားငယ်လေးကို
အားပေးနိုင်မှာလေ "" ဘယ်လိုအားပေးရမှာလဲ အစာလည်းမဝင်ဘူး
ဆေးလည်း ပုံမှန်မသောက်လို့ အခုအိပ်ရာထဲလဲပြီး ဆေးသွင်းနေရပြီ မဟုတ်လား ငယ်လေးဘဝမှာ ကိုကိုမရှီလို့မဖြစ်ဘူး "တကယ်တော့ ငယ်လေးအတွက်ဆိုတာထက် ကျွန်တော်ဘဝမှာလည်း ကိုကိုမရှီရင် အသက်ရှင်သန်နိုင်ပါ့မလား
"မိုးစက်. "
ဦးလေးခေါ်တာကို ဥပေက္ခာပြုပြီး ဆေးရုံ ဝရန်တာဘက် ထွက်လာပြီး ထောင့်တစ်နေရာမှာ
ထိုင်ပြီး ငိုချလိုက်သည်။ ငိုနေတုန်း ကျွန်တော်ပုခုံးကို လာဖက်တဲ့ လက်တစ်စုံ" ကိုခန့် "
" မငိုပါနဲ့ နေမထင် ပြန်နိုးလာမှာပါ
မိုးစက်နဲ့ လမင်းငယ်ရဲ့အချစ်ကြောင့်
ပြန်နိုးလာမှာပါ "" ကျွန်တော်အပြစ်တွေအတွက် ကိုကို့ကို
ဘာမှမပေးဆပ်ရသေးဘူး။ ကိုကိုခွင့်လွှတ်မှုကို
မရသေးဘူး... ကျွန်တော် ကိုကို့ကိုမတောင်းပန်ရသေးဘူး "
ESTÁS LEYENDO
လမင်းလေးရဲ့ ဥယျာဉ်မှူး
Ficción Generalပထမဆုံးဖန်တီးထားတဲ့ မြန်မာ BL Fic ကိုအားပေးကျပါအုန်းနော် လိုအပ်ချက်တွေများနေပေမဲ့ ချစ်ခင်မှုနဲ့ ဖတ်ပေးကျပါနော်