အပိုင်း ၅၆ကိုကိုနဲ့ ကိုခန့်တို့ ခွဲစိတ်ခန်းထဲဝင်သွားတာ
၂နာရီနီးပါးရှီပြီ ၂နာရီလုံးလုံး ငယ်လေးနဲ့
ကျွန်တော် ခွဲခန်းရှေ့မှာ အသက်မဲ့စွာ ထိုင်နေရင်း၊
ဘာမှမစားမသောက်ရသေးတဲ့ ငယ်လေးကို အမှတ်ရကာ နေရာမှထပြီး ဆေးရုံအပြင်ဘက်ဆိုင်တစ်ဆိုင်က ပေါင်မုန့် နဲ့ရေဗူး ပြေးဝယ်လိုက်သည်။" ငယ်လေး "
"ကိုမိုး "
" ဒါလေးစားလိုက် "
ကျွန်တော်ပေါင်မုန့်ကိုဖောက်ပေးပြီး
ငယ်လေးကိုပေးလိုက်သည်။"စားချင်စိတ်မရှီဘူး "
"ကိုမိုးသိပါတယ် ဒါပေမဲ့ ဆေးသောက်ရမယ်
နည်းနည်းလောက်စားလိုက်နော် "" ဆေးက ညကျမှသောက်ရမှာ မဟုတ်ဘူးလား "
" နေ့ရော့ညရော့ တစ်နေ့နှစ်ကြိမ်သောက်ရမှာ
ငယ်လေးဆေးမသောက်ရင် ကိုမိုးစိတ်ကောင်းမှာ မဟုတ်ဘူး ကိုကိုကလည်း ငယ်လေး နှလုံးအားနည်းတာ သိထားတာ မဟုတ်ဘူးလေ ""ကိုကို့ကိုမပြောပါနဲ့ ကျွန်တော်သောက်ပါမယ် "
"အဲ့ဒါဆို ဒီပေါင်မုန့်ကုန်အောင်စား "
ငယ်လေးလက်ထဲကိုး ပေါင်မုန့်ထည့်ပေးတော့
ငယ်လေး တစ်ကိုက်စားပြီး ကျွန်တော်ကိုပါ ခွံကျွေးနေသည်။ ငယ်လေးစိတ်ကျေနပ်အောင် စားပေးပြီး အိပ်ကပ်ထဲက အမြဲဆောင်ထားတဲ့ ငယ်လေးဆေးဗူးကို ထုတ်ကာ ငယ်လေးကို ဆေးတိုက်လိုက်သည်။ ပြီးတော့ ကျွန်တော်ပုခုံးပေါ် ငယ်လေးခေါင်းကို
မှီခိုင်းလိုက်သည်" ကိုကိုနေမကောင်းတာနဲ့
ငယ်လေးအရမ်းပိန်သွားတယ် ""ကျွန်တော်တစ်ယောက်တည်းမှမဟုတ်တာ
ကိုမိုးရော့ပဲ "" ကိုကိုနေကောင်းရင်ခရီးထွက်ရအောင် "
" Mommyက ခွင့်ပြုပါ့မလား "
" ငယ်လေးက သူကို Mommyလိုခေါ်သေးတယ်နော် ကိုမိုးအမေက daddy သေသွားတာတောင် မျက်ရည်တစ်စက်မကျ အရမ်းသွေးအေးတဲ့သူပါ "
"ဒါပေမဲ့လည်း ကျွန်တော်ကို နို့တိုက်ခဲ့တဲ့အမေ မဟုတ်လား ကိုကိုကပြောတယ် Mommyက
မကောင်းပေမဲ့လည်း ညီကို နို့တိုက်ပေးခဲ့တဲ့ ကျေးဇူးရှင်တဲ့ "
JE LEEST
လမင်းလေးရဲ့ ဥယျာဉ်မှူး
Algemene fictieပထမဆုံးဖန်တီးထားတဲ့ မြန်မာ BL Fic ကိုအားပေးကျပါအုန်းနော် လိုအပ်ချက်တွေများနေပေမဲ့ ချစ်ခင်မှုနဲ့ ဖတ်ပေးကျပါနော်