အပိုင်း ၅၉

2.3K 172 13
                                    


အပိုင်း ၅၉

" သူဌေး ဒေါ်ချယ်ရီကတွေ့ခွင့်တောင်းနေတယ်  "

  အတွင်းရေးမှူးမလေး စကားကြောင့်
ကျွန်တော်ပြုံးလိုက်မိသည်။

"ဝင်ခွင့်ပေးလိုက် "

   ဝင်ခွင့်ပေးလိုက်တာနဲ့ ဒေါ်ချယ်ရီက
နေရာမှာထိုင်မအားပဲ တန်းပြောသည်။

" သူဌေးလေး ဘာသဘောကြောင့်
အန်တီမောင်လေးကိုချောင့်ချလိုက်တာလဲ "

" ဒေါ်ချယ်ရီမောင်က ဆေးသမားလောင်းကစားသမားပဲ သူအပြစ်ကိုသူခံသွားရတာပါ
ပြီးတော့ သောကဆိုတဲ့ ဒေါ်ချယ်ရီတူကလည်း လမင်းငယ်ကို လှည့်စားဖူးတဲ့ လူယုတ်မာပဲ
မဟုတ်လား  သူတို့နှစ်ယောက်လုံး
ထောင်ထဲဝင်သင့်တာကြာပြီ   "

" သူဌေးလေးက ဘာမဟုတ်တဲ့ မိဘမဲ့
ကလေကချေဘက်ကပါပြီး အန်တီကို တိုက်ခိုက်လိုက်တာလား  မင်းလိုချင်တာ အန်တီသားဆို "

" လမင်းငယ်ကို ကလေကချေလို့မပြောနဲ့၊
လမင်းငယ်က ကျွန်တော်ညီပဲ။
သူကိုကလေကချေလို့ပြောတာ ကျွန်တော်ကို
ပြောတာနဲ့ အတူတူပဲ ဟုတ်တယ်
ကျွန်တော်မိုးစက်ကို လိုချင်ခဲ့တယ်
ကျွန်တော်ခင်ဗျားကိုရှယ်ယာပေးပြီး
ကူညီခဲ့တာကြောင့် နေမထင်အဖေဆုံးပြီး
နေမထင်ဘဝပျက်သွားတာပဲရှီတယ်
မိုးစက်ကို ကျွန်တော်မရခဲ့ဘူး  "

" ခဏပဲစောင့်ပါ  အန်တီမိုးစက်ကို နားဝင်အောင်ပြောပြီး သူဌေးလေး ကိုလက်ထပ်ခိုင်းပါမယ်. "

" တော်ပါတော့ အန်တီ  ကျွန်တော်လိုချင်တာ ကျွန်တော်အပေါ်စိတ်လုံးဝမရှီတဲ့ မိုးစက်ကိုယ်သက်သက်ကို မဟုတ်ဘူး သူရဲ့စိတ်ကိုပဲ
အခုကျွန်တော်မိုးစက်ကို ပိုင်ဆိုင်ဖို့ အတွက်နဲ့
အန်တီနဲ့ပေါင်းပြီး အမှား မလုပ်နိုင်တော့ဘူး  
အဲ့ဒါကြောင့် ကျွန်တော်ရှယ်ယာတွေ အကုန်လုံး တော်ဝင်မြန်မာဥက္ကဌဖြစ်တဲ့
အန်တီဆီက အကုန်ပြန်ယူပါမယ်
နေမထင်က ဥက္ကဌ မဟုတ်မချင်း တော်ဝင်မြန်မာ ကုမ္ပဏီအပေါ် ရှယ်ယာတွေမရင်းနိုင်တော့ပါဘူး  "

"မင်းက ငါကိုဖြုတ်ပြီး နေမထင်ကို
ကူညီခဲ့တာအတွက် နောင်တရစေရမယ်. "

လမင်းလေးရဲ့ ဥယျာဉ်မှူးDove le storie prendono vita. Scoprilo ora