အပိုင်း ၃၃မနက်စာထမင်းစားနေရင်း တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တဲ့Mommyရဲ့ စကားသံအရင်ထွက်လာသည်
" ဒီနေ့အထူးဧည့်သည့်လာမယ်ထင်တယ်
လက်ချင်းဆုံနေတယ် "" ဘယ်မှာဆုံလို့လဲ ဘယ်သူနဲ့လက်ချင်း ဆုံတာလဲ
ပြီးတော့ Mommyက ဘယ်ဧည့်သည်ကိုဖိတ်ထားလို့လဲ "Mommyစကားကို ကိုကိုက ပြန်ချေပလိုက်သည်။ Mommyကရော့ ဘာတွေထပ်လုပ်ပြန်ပြီလဲ အထူးဧည့်သည်က ဘယ်သူလဲကိုခန့်လား
"သားကြီး ကုမ္ပဏီအသစ်က အချိန်တိုတွင်းမှာ အောင်မြင်လာတာ အဖေတော့အရမ်းဂုဏ်ယူတယ် လိုတာရှီရင်ပြောနော် "
" ရပါတယ် daddy ညီအစ်ကိုတွေ့ရဲ့စည်းလုံးညီညွတ်မှုကြောင့် ကုမ္ပဏီကအောင်မြင်လာတာပါ "
ညီအစ်ကိုတွေတဲ့လား ဟားဟား ရယ်ရလိုက်တာ အချိန်ခဏလေးပဲ စောင့်လိုက်ပါ အဲ့အချိန်ကျရင် ညီအစ်ကိုတွေဆိုတာ ကြွေးကြော်နိုင်အုန်းမလား
" daddy ကုမ္ပဏီ သွားတော့မယ် သားတို့လည်းအဆင်ပြေတဲ့နေ့လေးဖြစ်ပါစေ "
" ဟုတ်ကဲ့ daddy "
" မစောလွန်းဘူးလား "
" မစောပါဘူး ချယ်ရီမင်းရော့
ဆိုင်မသွားသေးဘူးလား "" အင်း... သွားမှာပါ "
ဒေါ်ချယ်ရီနာရီတကြည့်ကြည့်နဲ့ ဘယ်သူကိုများ စောင့်နေပါလိမ့် ကျွန်တော်နဲ့ညီညီ မနက်စာစားပြီး ကုမ္ပဏီ သွားဖို့ အဝတ်အစားလဲလိုက်သည်။ မိုးစက်လည်း အားလုံးပြင်ဆင်ပြီး သူ့အခန်းထဲက
ထွက်လာတာကြောင့်"မိုးစက် "
" ဟုတ်ကဲ့ ကိုကို "
" ညီညီကို ကုမ္ပဏီဝင်ပို့ပေးပါ
ကိုယ်အရေးတကြီးကိစ္စနဲ့တနေရာဝင်ဖို့ရှီလို့ "လမင်းငယ်ဝင်ပြောလိုက်သည်။
"ဘယ်ဝင်မလို့လဲ ကိုကို ညီလိုက်လို့မရဘူးလား "
" ကိုကိုက နည်းနည်းနောက်ကျမှာ ညီရော့ကိုကိုရော့ ကုမ္ပဏီမှာ အလုပ်နောက်ကျရင်မကောင်းဘူးလေ "
" ဟုတ်သားပဲ ငယ်လေးရဲ့
ကိုမိုးလိုက်ပို့ပါမယ် သွားရအောင် "" ဟုတ်ကဲ့ "
ညီနဲ့ မိုးစက်ထွက်သွားတော့မှ ကျွန်တော်လည်း ဒေါ်ချယ်ရီဆိုင်သို့ထွက်လာခဲ့လိုက်သည်။
*****
"ဘယ်လိုဖြစ်တာလဲ မိုးနိုင်
ဘာလို့ ဒေါ်သက်ထားရောက်မလာတာလဲ ""ကျွန်တော်သေချာပြောထားတာပါ အစ်မ
ဒီနေ့မနက်လဲ သူအိမ်ကိုသွားကြည့်တော့
အိမ်သော့ခတ်ထားတယ် ""အဲ့ဒါဆို ဒီမိန်းမက ဘယ်ရောက်သွားတာလဲ. "
ဒေါက် ဒေါက် ဒေါက်
တံခါးခေါက်သံကြောင့် နှစ်ယောက်သား
စကားပြောတာရပ်လိုက်ပြီး" ဝင်ခဲ့ပါ "
ဝင်လာတဲ့သူက နေမထင်ဖြစ်နေတာကြောင့်
မိုးနိုင်ချက်ခြင်းအခန်းအပြင်ကို ထွက်သွားသည်။" ထူးထူးခြားခြား ငါဆိုင်ကိုရောက်လာပါ့လား "
နေမထင် ပြုံးလိုက်သည် ခနဲ့တဲ့အပြုံးနဲ့ ကျွန်မကို မထိမဲ့မြင့်ဆက်ဆံလိုက်တာပဲ
" မင်းဘာလို့ပြုံးတာလဲ
ငါကိုတွေ့ပြီးဝမ်းသာလို့ပြုံးတာတော့
မဟုတ်လောက်ဘူး "" ခင်ဗျားကိုတွေ့ရတာဝမ်းသာလို့ ပြုံးတာ
မဟုတ်ဘူး ခင်ဗျားအစီစဉ်ပျက်သွားလို့ပြုံးတာ ""မင်း!....မင်း "
" ဒေါ်သက်ထား.. ညီညီရဲ့အမေကို ခင်ဗျားကြိုးဆွဲရာကမဲ့ အရုပ်တစ်ရုပ်များထင်နေလား ဒေါ်သက်ထားက ခင်ဗျားလိုမဟုတ်ဘူး မိခင်စိတ်အပြည့်ရှီတဲ့သူပဲ "
"မိခင်စိတ်ရှီတဲ့ ဟုတ်လား ဟားဟား
ရယ်ချင်လိုက်တာ နေမထင်ရယ် မိခင်စိတ်ရှီတဲ့သူက သူ့သားကိုစွန့်ပစ်ပါ့မလား "" မုန်းလို့ စွန့်ပစ်ခဲ့တာမဟုတ်ဘူး ချစ်လွန်းလို့ ပစ်ခဲ့တာ သူနဲ့နေရင် ဆင်းရဲမှာဆိုးလို့ ချမ်းသာတဲ့အဖေလက်ထဲ အပ်ခဲ့တာ အခုလည်း သူရဲ့ဆင်းရဲတဲ့ဘဝထဲကို လမင်းငယ်ကို ပြန်ခေါ်မယ်လို့
ခင်ဗျားထင်နေလား ဘာလဲ ဒီနေ့လမင်းငယ်အမေက လမင်းကို အဖြစ်အမှန်ဖွင့်ပြောပြီး လာခေါ်မယ်
အဲ့ဒါဆို ခင်ဗျားပျက်စီးစေချင်တဲ့ လမင်းငယ်နဲ့ကျွန်တော်ဘဝက ပျက်မယ် အမွေတွေအားလုံး
မိုးစက်တစ်ယောက်တည်းရမယ်...တော်တော်အကြံပက်စက်တဲ့အတွေးတွေ တွေးထားတာပဲ "" မင်း....မင်း ဘယ်လိုလုပ် သိနေတာလဲ "
" မှန်းကြည့်လေ ....ကျွန်တော်ဘယ်လိုသိနေလဲ "
ဆက်ရန်
💒
ESTÁS LEYENDO
လမင်းလေးရဲ့ ဥယျာဉ်မှူး
Ficción Generalပထမဆုံးဖန်တီးထားတဲ့ မြန်မာ BL Fic ကိုအားပေးကျပါအုန်းနော် လိုအပ်ချက်တွေများနေပေမဲ့ ချစ်ခင်မှုနဲ့ ဖတ်ပေးကျပါနော်