အပိုင်း ၄၈

2.1K 186 14
                                    

အပိုင်း ၄၈

တင်းတောင် ...တင်းတောင်

ဘဲတီးလိုက်တာနဲ့ တံခါးလာဖွင့်ပေးတဲ့ ဒေါ်သက်ထား

" သားလေး နေမထင်ပါ့လား "

     ဒေါ်သက်ထားက ကျွန်တော်လက်ကိုကိုင်ပြီး
ဆွဲခေါ်သွားပြီး ထိုင်ခုံပေါ်ထိုင်ခိုင်းသည်

" သားနေမထင် အရင်တစ်ခေါက်ထက်
ပိုပိန်သွားတယ်  ကျန်းမာရေးဂရုစိုက်ပါသားရယ်
သားကြည့်ရတာ အန်တီအားမရဘူး
သားအဖေသဂြိုလ်တဲ့နေ့က လာခဲ့ပါသေးတယ် နာရေးနေ့ကျတော့ အန်တီမလာဖြစ်တာ
သားနားလည်ပါတယ်နော်. "

" ဟုတ်ကဲ့အန်တီ  ဒီလကုန်ကစပြီး ကျွန်တော်အန်တီကို မထောက်ပံ့နိုင်တော့ဘူး ကျွန်တော်ကုမ္ပဏီက သူများလက်ထဲရောက်သွားပြီ "

" သားရယ် ဒီစကားပြောဖို့လာတာလား
ဒီတိုက်ခန်းမှာပေးနေတာကိုပဲ
အန်တီအတွက် လုံလောက်ပါတယ်
သားနဲ့ ကိုထင်အောင်ကျော်က အန်တီကျေးဇူးရှင်ပါ လမင်းငယ်လေးကို ကျွေးမွေးပြုစုခဲ့တာနဲ့တင်
အန်တီကျေးဇူးတင်လို့မဆုံးပါဘူး  "

"လမင်းငယ်လေးကို ပိုင်ဆိုင်ခွင့် ယုယခွင့်ပေးခဲ့တဲ့အန်တီကိုလည်း ကျွန်တော်ကျေးဇူးတင်ပါတယ်။
ပြီးတော့ လမင်းငယ်လေးကို အမှန်အတိုင်း မြန်မြန်ဖွင့်ပြောပြီး  အန်တီနားကို ပြန်ပို့ပေးပါမယ် 
အခုတော့ ကျွန်တော် ညီကိုမခွဲနိုင်သေးလို့ပါ   "

" သားလမင်းငယ်က သူကိုယ့်သူ မွေးစားသားမှန်း
သိပြီးပြီလို့ အန်တီထင်ပါတယ် သိသိကြီးနဲ့
သားနားမှာ သူနေနေတာပါ  "

"ဗျာ! ဘယ်လိုလုပ် ..."

" အန်တီဆီလာသွားတယ် ပုဆိုးလာချုပ်တာလို့ပြောပေမဲ့ သူအမေရင်းကို လာကြည့်သွားတာလို့
အန်တီထင်ပါတယ်။ သူအန်တီကို သူနာမည်တောင်ပြောသွားတဲ့နေ့ကဆို အန်တီရင်ထဲမှာ
အဆူးပေါင်းစုံနဲ့ ထိုးနှက်ထားသလို့ ခံစားရတယ်  "

  " ညီက သိပြီးသွားပြီကိုး  "

"သားအားငယ်နေတဲ့အချိန်မှာ လမင်းငယ်ကို
အန်တီ ပိုလိုတောင် ပြန်ခေါ်လို့မဖြစ်ဘူးမဟုတ်လား လမင်းငယ်က သားစောင့်ရှောက်ခဲ့တဲ့ ကလေးလေးပါ သားနဲ့အတူ သာရင်လည်းစံ ဒုက္ခရောက်လည်း အတူတူဖေးမကူညီပေးရမှာပေါ့ "

"ကျေးဇူးတင်ပါတယ် အန်တီ တစ်ချိန်ချိန်တော့ ကျွန်တော်ညီကို အန်တီနားပြန်ပို့ပေးမှာပါ
အဲ့ခါကျရင်သာ ညီအပေါ် မိခင်မေတ္တာအပြည့်အဝပေးပေးပါ ညီက ငယ်ငယ်ကတည်းက မိခင်မေတ္တာအရမ်းလိုချင်ခဲ့တာ"

" ဒါတွေအားလုံး အန်တီအပြစ်ပါကွယ်

   ဒေါ်သက်ထား မျက်ရည်ကျနေသလို
ကျွန်တော်လည်း ရင်ထဲမှာ ပူလောင်နေတယ်
ညီရယ် သိသိချည်းနဲ့ တစ်ယောက်တည်း
ခံစားနေခဲ့တာလား

©♥®

" ကိုကို အလုပ်နောက်ကျလှချည်လား  "

    ကုမ္ပဏီ ရောက်ရောက်ချင်း
မိုးစက်ရုံခန်းကို အရင်ဝင်လိုက်သည်။ 

" တောင်းပန်ပါတယ် အိမ်ကစောထွက်လာပေမဲ့
မဖြစ်မနေ ဝင်ရမဲ့နေရာရှီလို့ပါ  "

" လမင်းငယ်ကိုတော့ စာရင်းဌာနမှာ
အလုပ်ခိုင်းလိုက်ပြီး ကိုကိုကတော့
ကျွန်တော် အတွင်းရေးမှူးလုပ်ရမယ်  "

" ကျွန်တော်လည်း
စာရင်းဌာနမှာလုပ်ပါမယ် သူဌေး "

" အခေါ်အဝေါ်တွေချက်ခြင်းပြောင်းလဲသွားပါ့လား ကိုကို  "

  မိုးစက်ရယ် မင်းဘာဖြစ်ချင်နေတာလဲ

" ဟုတ်ပါတယ်လေ ကျွန်တော်က ကိုကိုသူဌေးဆိုတာ ကိုကိုမမေ့ဖို့လိုတယ် အဲ့ဒါကြောင့် ကျွန်တော်ထားတဲ့နေရာမှာနေပါ ကိုကိုစိတ် ကိုကိုရင်ထဲမှာ
လမင်းငယ်ရှီနေတာ သိသိကြီးနဲ့   ကျွန်တော်က
ကိုကိုတို့နှစ်ယောက်ကို ပူးပူးကပ်ကပ်အလုပ်
လုပ်ခိုင်းမယ်ထင်နေလို့လား  "

မိုးစက်စကားကြောင့် ကျွန်တော် ပြုံးလိုက်မိသည်။

" ပြုံးတယ် ဘာလို့ပြုံးလိုက်တာလဲကိုကို "

" ဘယ်ချိန်ကတည်းကလဲ သူဌေး
ကျွန်တော်နဲ့လမင်း ညီအစ်ကိုအရင်း
မဟုတ်မှန်းသိကတည်းက
သဝန်တိုတက်သွားတာလား 
လမင်းက သူဌေးအရမ်းချစ်ခဲ့တဲ့ဆိုတဲ့
သူဌေးရဲ့ညီလေး လမင်းငယ်ပါ
သူဌေးအမြဲခေါ်နေကျ ငယ်လေးပါ
ညီကိုလိုမဆက်ဆံပါနဲ့
ညီနဲ့ကျွန်တော်နဲ့ကစင်ကာပူမှာ အနီးကပ်နေခဲ့ရတာပါ သူဌေးဘယ်လိုပဲ ခွဲထားခွဲထား ကျွန်တော်တို့
ကွဲမှာ မဟုတ်ပါဘူး ဘာဖြစ်လို့လဲဆိုတော့
ညီက ကျွန်တော်စိတ်ကို ငယ်ငယ်ကတည်းက
စိုးမိုးလာတာပါ  "

" ကိုကို!  "

   မိုးစက်ထိုင်နေရင်းက ထလာပြီး ကျွန်တော်ပုခုံးနှစ်ဖတ်ကို ဆွဲပြီး ရုတ်တရက် ကျွန်တော်ကို
လာနမ်းသည် ကျွန်တော် ရုန်းကန်နေရင်း
သူရော့ ကျွန်တော်ပါ အရှိန်မထိန်းနိုင်ပဲ
ကြမ်းပြင်ပေါ်ကျသွားသည်။

🍎

လမင်းလေးရဲ့ ဥယျာဉ်မှူးOnde histórias criam vida. Descubra agora