အပိုင်း ၅၇
" ခန့်မဟော် သူဘယ်သူလဲ တကယ်မသိဘူးလား
ဦးလေးက ကျွန်တော်ကို လက်ညိုးထိုးပြီးမေးတော့ ရုတ်တရက် ကိုခန့်မဟော်ပြုံးလာသည်။
" ဘာလဲ စနေတာလား ကိုခန့် "
" ကိုယ်အားလုံးအဆင်ပြေပါတယ်
မိုးစက်ကိုမေ့စရာလား "" သေချာလား ခန့်မဟော် အားလုံးကိုမှတ်မိရဲ့လား "
ဦးလေးက သေချာအောင်ဆက်မေးသည်။
" မှတ်မိပါတယ် နေမထင်ရော့ အဆင်ပြေရဲ့လား "
" ကိုကိုက အခုထိသတိမရလာသေးဘူး
ကိုခန့်အဆင်ပြေရင် ကျွန်တော်ကိုကို့ကို
သွားကြည့်လိုက်အုန်းမယ်နော် "ကျွန်တော်ခေါင်းညိတ်ပြလိုက်ပေမဲ့ စိတ်ထဲမှာ
မသွားစေချင်ဘူး အတူရှီနေစေချင်တယ်။ ဒါပေမဲ့
သူစိတ်က နေမထင်ဆီမှာပဲ ရှီနေတယ်တော့
မတက်နိုင်ဘူး။" ကိုခန့်ဘာမှမဖြစ်ပဲ ပြန်နိုးလာလို့
ကျေးဇူးတင်ပါတယ် "မိုးစက်ကို ကျွန်တော်ပြန်ပြုံးပြလိုက်သည်။
ဒီကလေး စိတ်ထဲ ကျွန်တော်နေရာ နည်းနည်းလေးတော့ ရကောင်းပါရဲ့"ငယ်လေး ကိုကိုသတိမရလာသေးဘူးလား "
"အင်း ကိုခန့်ရော့ "
" သတိရလာပြီ ငယ်လေးသွားတွေ့ပါ့လား "
ငယ်လေးခေါင်းရမ်းသည် အေးလေ ကိုကိုသတိမရသေးတော့ ငယ်လေးစိတ်ပူနေမှာပေါ့
" ငယ်လေး ကိုခန့်က ယုန်ဖြူလေးကိုမေးနေတာ သွားပြီးတွေ့လိုက်ပါနော် "
" အင်း ကိုမိုး..ဒါနဲ့
ကိုကိုကျတော့ ဘာလို့မနိုးသေးတာလဲ ""နိုးမှာပါ ကျိန်းသေပေါက်နိုးလာမှာပါ
ခွဲစိတ်မှုအောင်မြင်ထားတာပဲ "" အင်း "
ကိုမိုးကို ကိုကိုနားထားပြီး ကိုခန့်ဆီလာလိုက်သည်။ ကုတင်ပေါ်မှာအိပ်နေတဲ့ ကိုခန့်လက်ကို
ကိုင်လိုက်တော့ ကိုခန့်မျက်စီပွင့်လာပြီး ကျွန်တော်ကို
ပြုံးပြနေသည်။" မျက်နှာက အားမရှီတဲ့ရုပ်နဲ့
လူမမာဖြစ်တဲ့ ကိုယ်ထက်ပိုဆိုးနေပါ့လား
ကလေးလေး "" ကိုခန့် ကျေးဇူးတင်ပါတယ် "
" ကျေးဇူးတင်စကားကြားချင်တာမဟုတ်ဘူး
သူစိမ်းဆန်လိုက်တာ ယုန်ဖြူလေးကို ကိုခန့်က
ညီတစ်ယောက်လို့ သတ်မှတ်ထားတာ အဲ့ဒါကြောင့် ကျေးဇူးတင်စကားတွေ ကိုခန့်မကြားချင်တော့ဘူး "" ကျွန်တော်အစ်ကိုဖြစ်ချင်တာလား "
"အင်း "
"ကိုခန့်က ကားမောင်းတက်တော့ ..."
"ကားလည်းမောင်းတက်တယ်
သီချင်လည်းဆိုတက်တယ် အဲ့ဒါဆို ရပြီလား "အားယူပြုံးကာ ပြန်ဖြေတဲ့ကလေးလေး
" အင်း "
" ဆေးရော့ ပုံမှန်သောက်ရဲ့လား "
" ကိုခန့်က သူများကိုပဲ စိတ်ပူပေးနေတာ
ကိုယ့်ကိုယ်ကိုလည်း စိတ်ပူတက်အုန်းမှာပေါ့
အသဲတစ်ခြမ်းတောင် ထုတ်ပေးထားရတာ "" သူများမှ မဟုတ်တာ ကိုယ့်ညီလေးကိုး
စိတ်ပူပေးတာပဲ ဆေးပုံမှန်သောက်နော်
တစ်ရက်မှ မမေ့နဲ့ "" ကျွန်တော်သိပါပြီ
ကိုခန့် တစ်ရေးလောက်ထပ်အိပ်လိုက်အုန်း ကျွန်တော်စောင့်နေပေးမယ်. "" ဒီကလေးတော့ စိတ်ကသူ့ကိုကိုဆီ ရောက်နေတာကိုး ကိုခန့်ကိုစောင့်ပေးအုန်းမလို့ပေါ့
မလိုပါဘူး ကလေးက
ဒီလိုခဏလေး လာကြည့်တာတင် ကျေနပ်ပါပြီ "" အိပ်ပျော်တဲ့ထိ စောင့်ပေးမယ်လေ "
"အဲ့ဒါဆို ကိုခန့် မြန်မြန်အိပ်ပေးရမှာပေါ့ "
ကိုခန့်ပြောပြီးမျက်စီမှိတ်သွားသည်။
လမင်းငယ် ကိုခန့်လက်ကို ကိုင်ပေးလိုက်သည်။
လူတစ်ယောက်ကို ချစ်တဲ့စိတ်က
သာမာန်ပေးချင်စိတ်ရှီရုံတင် မဟုတ်ဘူးဆိုတာ
ကိုခန့်ကို ကြည့်ရုံနဲ့ သိလိုက်ပါပြီ။ ကိုယ့်ချစ်တဲ့သူက တခြားတစ်ယောက်ကို စိတ်ရောက်နေလို့
ကိုယ့်က သူကိုမုန်းချင်ပေမဲ့လည်း မုန်းလို့မရတာ အချစ်စစ်ပဲ🏢
VOCÊ ESTÁ LENDO
လမင်းလေးရဲ့ ဥယျာဉ်မှူး
Ficção Geralပထမဆုံးဖန်တီးထားတဲ့ မြန်မာ BL Fic ကိုအားပေးကျပါအုန်းနော် လိုအပ်ချက်တွေများနေပေမဲ့ ချစ်ခင်မှုနဲ့ ဖတ်ပေးကျပါနော်