အပိုင်း ၄၃ဆေးရုံအနံက ကျွန်တော်နဲ့မယဉ်ပါးသေးသလို့ ဆေးအကြာကြီး သွင်းနေရတာကို ငြိးငွေ့နေသည်။ ညီကိုညာပြီး အကြာကြီးထွက်လာရဖို့ဆိုတာလည်း လွယ်တဲ့အလုပ်မဟုတ်ဘူး
" တူလေး အိပ်ရာကနိုးလာတာလား "
အခန်းထဲဝင်လာရင်း မေးလိုက်တဲ့ ဦးလေးကို
ပြုံးပြပြီး ခေါင်းခါလိုက်သည်။" အဲ့ဒါဆို မအိပ်ရသေးဘူးပေါ့ ဆေးသွင်းနေတာ
အကြာကြီးကို မနားကဲ ဘာတွေတွေးနေတာလဲ "" ဘာမှမတွေးပါဘူး ဦးလေး ပြီးတော့မှာလား "
" အင်း ဦးလေးက မင်းကို ဆေးရုံတက်ခိုင်းပြီး
နားစေချင်တာ ဆေးသွင်းပြီး အိမ်ပြန်ဖို့
ခွင့်မပြုချင်ဘူး မင်းကအခုအားနည်းတယ်လေ
ကိုယ်ခန္ဓာကိုယ့်ကို ထည့်မတွက်ပဲ ခေါင်းမာနေတာပဲ
တူလေးရယ် "" ရပါတယ် ဦးလေး
ကျွန်တော်နေကောင်းပါတယ် "" ဘာနေကောင်းတာလဲ ..မင်းအသဲက ..."
" ဦးလေး ရပါတယ် .. ကျွန်တော်အတွက်က
ကိစ္စမရှီပါဘူး ကျွန်တော်ကို စိတ်မပူပါနဲ့ "" နေမထင်.... တူလေး "
စိတ်မကောင်းစွာကြည့်နေတဲ့ ဦးလေးအကြည့်ကိုမုန်းတယ် ကျွန်တော် ဘယ်သူ့သနားတာမှ
မလိုချင်ဘူး" ဆေးကုန်တော့မယ် ဖြုတ်ပေးတော့ "
ဦးလေး ဆေးပိုက်ကို ဖြုတ်ရင်း
" အိမ်တန်းပြန်မလို့လား ဦးလေးလိုက်ပို့မယ် "
" ကျွန်တော်မှာ ကားပါလာပါတယ် ဦးလေး "
" အခုမှဆေးသွင်းပြီးတာလေ ကားမောင်းဖို့က "
" ရပါတယ်ဦးလေးရဲ့ အဲ့လောက်တော့
ကျွန်တော် အားရှီပါသေးတယ် "" အဲ့ဒါဆို ဦလေးအကိုက်အခဲပျောက်ဆေး
ပေးလိုက်အုန်းမယ် "" ဟုတ်ကဲ့ "
ဦးလေးဆီက ဆေးယူပြီး ကားနားထွက်လာလိုက်သည် ဆေးအရှိန်မပြယ်သေးလို့ ရုတ်တရက်
ခေါင်းမူးသွားပြီး၊ ခန္ဓာကိုယ့်ယိုင်သွားပြီး၊
တခြားလူရဲ ့ရင်ခွင်ထဲရောက်သွားသည်။
YOU ARE READING
လမင်းလေးရဲ့ ဥယျာဉ်မှူး
General Fictionပထမဆုံးဖန်တီးထားတဲ့ မြန်မာ BL Fic ကိုအားပေးကျပါအုန်းနော် လိုအပ်ချက်တွေများနေပေမဲ့ ချစ်ခင်မှုနဲ့ ဖတ်ပေးကျပါနော်