အပိုင်း ၃၈
" အား.. ကျွတ်...ကျွတ် "
" နိုးလာပြီလား ကောင်လေး "
ကျွန်တော်ထထိုင်ပြီး ကြည့်လိုက်တော့
အိမ်တစ်အိမ်ရဲ့အခန်းအကျယ်ကြီးထဲမှာ
ရောက်နေသည်။" ဒါဘယ်သူ့အိမ်လဲ "
" ကိုယ့်အိမ်ပါ ကောင်လေး ကိုယ့်ကားရှေ့မှာ
မေ့လဲသွားတာ ကိုယ့်ကားနဲ့ မတိုက်မိဘူးနော်
အိမ်ခေါ်လာတယ်ဆိုတာ အမှုရှုပ်မှာကြောက်လို့ခေါ်လာတာ မဟုတ်ဘူး ကောင်လေးကို ဆရာဝန်ခေါ်ပြပြီးပြီ ဒီအတိုင်းလန့်ပြီး မေ့လဲသွားတယ်ပြောတယ် ကောင်လေးစိတ်ဖီးစီးမှုများ ရှီနေလားဟင် "ရုပ်ရည်သန့်ပြန့်သလောက်
သဘောထားလည်းပြည့်ဝပုံပဲ။
ကျွန်တော်ကိုအသေးစိတ်ရှင်းပြနေသည်။"မရှီပါဘူး "
" ကောင်လေးက ဘယ်ကလဲ
အစ်ကိုဘယ်လိုက်ပို့ရမလဲ "" ကျွန်တော်နာမည် လမင်းငယ်ပါ "
လမင်းငယ် လက်စသတ်တော့ သူကိုး
" လမင်းငယ်ဟုတ်လား အဲ့ဒါဆို
ကောင်လေးက နေမထင်ရဲ့ ညီပေါ့ ဟုတ်လား "" အစ်ကိုက ကျွန်တော့်ကိုကို့ကိုဘယ်လိုသိလဲ "
" သိတာပေါ့ အစ်ကိုနာမည်က ခန့်မဟော်ပါ
ကောင်လေးအစ်ကိုတွေ ဘာလို့ကောင်လေးကို အရမ်းချစ်လဲ သိသွားသလို့ပဲ ကောင်လေးမျက်နှာက အပြစ်ကင်းပြီး အရမ်းဖြူစင်တာပဲ "" အစ်ကို နာမည်က ခန့်မဟော် ဟုတ်လား "
" အစ်ကို့ကိုသိလို့လား. "
" သိတာပေါ့ ကျွန်တော်အစ်ကို ကိုမိုးကိုလုယူချင်တဲ့သူ ဒီမှာနော် ကျွန်တော်တစ်ခါတည်းပြောထားမယ် ကိုမိုးက ကျွန်တော်ကိုကိုရဲ့ချစ်သူ ကိုခန့်မဟော်နောက်ဆုတ်ပေးပါ "
ရိုးသားစွာဖြေရင်းနဲ့မှ ချက်ခြင်းထစွာတဲ့
ကောင်းလေးကြောင့် ပြုံးမိ၏ ။" ကောင်လေးက စွာတက်သားပဲ
ကောင်လေးမင်းက တကယ်ချစ်စရာကောင်းတယ် သိလား ဒါပေမဲ့ မင်းကိုကိုက မိုးစက်ကို
တကယ်မချစ်ဘူး လှည့်စားနေတာ
ဒီကကိုကိုကမှ မိုးစက်ကိုတကယ်ချစ်တာ "
![](https://img.wattpad.com/cover/163260813-288-k303928.jpg)
YOU ARE READING
လမင်းလေးရဲ့ ဥယျာဉ်မှူး
General Fictionပထမဆုံးဖန်တီးထားတဲ့ မြန်မာ BL Fic ကိုအားပေးကျပါအုန်းနော် လိုအပ်ချက်တွေများနေပေမဲ့ ချစ်ခင်မှုနဲ့ ဖတ်ပေးကျပါနော်