အပိုင်း ၆၂
ဇတ်သိမ်းပိုင်း
ကျွန်တော်ဆေးရုံကဆင်းတာနဲ့ပြည်ဦးလွင်သို့ခရီးထွက်လာခဲ့သည်။ ပြည်ဦးလွင်က ခန့်မဟော်စီစဉ်ထားတဲ့ အိမ်မှာပဲ အနားယူခဲ့သည်။ အိမ်က
ကန်တော်ကြီးကန်ပတ်လမ်းမှာမို့လို့ အေးအေးဆေးဆေး အနားယူပြီး ညနေတိုင်း ညီနဲ့လမ်းလျှောက်ထွက်ရတာလည်း အရမ်းပျော်သည်။" ကိုကို ဘာလို့ ကျွန်တော်တို့နှစ်ယောက်ပဲ လမ်းလျှောက်ဖို့ ထွက်လာရတာလဲ "
" ကိုကိုနဲ့နှစ်ယောက်တည်းလာရတာ
မပျော်လို့လား ငယ် "" ကိုကို ကျွန်တော်ကို ဘယ်လို့ခေါ်လိုက်တာလဲ "
" ငယ်လို့ခေါ်လိုက်တာ ကိုကိုက လမင်းငယ်ရဲ့အစ်ကိုအရင်းမှမဟုတ်တာ အဲ့ဒါကြောင့် ကိုယ့်လက်ထပ်ရမဲ့သတို့သားကို ညီလို့မခေါ်သင့်တော့ဘူးလေ. "
" ကိုကို့ကို လက်မထပ်ချင်သေးပါဘူး
ကျွန်တော်အပေါ်ဘယ်လောက်ချစ်လဲ
စမ်းသပ်အုန်းမှာ "" ငယ်သဘောပါ ကိုကိုနားမှာ ငယ်ရှီနေရုံနဲ့ ကျေနပ်တယ် ငယ်ကိုအရမ်းချစ်တယ် ချစ်သူလို့လည်းချစ်တယ် ညီလိုလည်းချစ်တယ် "
" ကျွန်တော်လည်း ကိုကို့ကို အရမ်းချစ်တယ် ငယ်ငယ်ကတည်းကနေ ဒီအရွယ်ထိ ကျွန်တော်ဘဝလေးအေးချမ်းအောင် ကာကွယ်ပေးပြီး အရိပ်မိုးပေးခဲ့တဲ့ ကိုကို့ကို အရမ်းချစ်တယ် "
ကျွန်တော်နဲ့ညီ တစ်ယောက်လက်ကို တစ်ယောက်ကိုင်ပြီး လမ်းဆက်လျှောက်လိုက်သည်။
©♥®
နေမထင်နေကောင်းတာနဲ့ ပြည်ဦးလွင်ကို တက်လာခဲ့ပြီးနေနေတာ တစ်ပတ်ရှီပြီ တစ်ပတ်လုံးနေမထင် မိုးစက်ကိုရှောင်နေလို့ မိုးစက်မျက်နှာလေး မှိုင်နေသည်။ မိုးစက်က နေမထင်အတွက် သူအမေရင်းကို ထောင်ထဲထည့်ခဲ့တာကိုး နေမထင်သိပြီးပြီဖြစ်သည်။ အဲ့ဒါကို နေမထင်ဘာကြောင့် မိုးစက်ကို ပစ်ပယ်ထားတာလဲ လမ်းလျှောက်ရင်လည်း မိုးစက်ကိုထားခဲ့တယ်။ မြို့ထဲသွားရင်လည်း ထားခဲ့တယ်။ ထမင်းစားရင်လဲ ယုန်ဖြူလေးနဲ့အတူ
အပြင်မှာ စားလာတာများတယ်။
ဒီနေ့တော့ နေမထင်ကိုရအောင် စကားပြောရမယ် အိမ်ဘေးနားက နှင်းဆီပန်းခြံထဲမှာ လမင်းငယ်နဲ့ စကားပြောတဲ့ နေမထင်ကိုအိမ်ပေါ်ကနေတွေ့တော့ အိမ်ပေါ်ကဆင်းပြီး နေမထင်ဆီသွားလိုက်သည်။
ESTÁS LEYENDO
လမင်းလေးရဲ့ ဥယျာဉ်မှူး
Ficción Generalပထမဆုံးဖန်တီးထားတဲ့ မြန်မာ BL Fic ကိုအားပေးကျပါအုန်းနော် လိုအပ်ချက်တွေများနေပေမဲ့ ချစ်ခင်မှုနဲ့ ဖတ်ပေးကျပါနော်