အပိုင်း ၂၇
ဒေါက်!...ဒေါက်!...
သောကတံခါးခေါက်သံကြားတာကြောင့်
တံခါးသွားဖွင့်လိုက်တော့ နေမထင်ဖြစ်နေသည်။
ကျွန်တော်ကိုမြင်တာနဲ့ ဒေါသမျက်လုံးနဲ့ ကြည့်ခံရပြီး
နေမထင်ရဲ့ ဆွဲထိုးခြင်းကို ခံလိုက်ရသည်။" ငါညီဘယ်မှာလဲ လူယုတ်မာကောင်
ငါညီဘယ်မှာလဲလို့မေးနေတယ် "" အခန်းထဲမှာပါ "
သောက ညွှန်ပြတဲ့ အခန်းကိုဖွင့်လိုက်တော့
ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ ညီကိုတွေ့ရသည်။" ညီ! ညီ "
နေမထင်စိုးရိမ်ကြီးပြီး ညီကိုလှုပ်နိုးမိသည်။
" လမင်းငယ် အိပ်ဆေးကြောင့်
နိုးမှာမဟုတ်သေးဘူး "" မင်းငါ့ညီကို ဘာလုပ်လိုက်သေးလဲ "
" ကျွန်တော်ဘာမှမလုပ်ပါဘူး တကယ်ပြောတာပါ ကျွန်တော်ငယ်လေးကို စော်ကားဖို့ ရည်ရွယ်ချက်
မရှီပါဘူး "" တိတ်စမ်း မင်းအသံတောင်ငါမကြားချင်ဘူး "
ကျွန်တော် သောကကိုလျစ်လျူရှုကာ
ညီကိုပွေ့ချီပြီး ကားပေါ်တင်ကာ
အိမ်မြန်မြန်မောင်းခဲ့လိုက်သည်။ အိမ်ရောက်တော့ အိမ်တံခါး အပေါက်ဝမှာ စောင့်နေတဲ့ မိုးစက်က" ကိုကို ဘာဖြစ်တာလဲ
လမင်းငယ် ဘာဖြစ်တာလဲ "ကျွန်တော်ညီကိုပွေ့ချီတော့
" ကိုကို ကျွန်တော်ပွေ့ပါမယ်
ကျွန်တော်ကိုပေးပါ "မိုးစက် ကျွန်တော်ဆီက ညီကိုဇွတ်အတင်း
ပွေ့ချီပြီး ခေါ်သွားသည်။ ရင်တုန်တာ
မပျောက်သေးတဲ့ကျွန်တော် နောက်ကနေလိုက်လာရုံသာ တက်နိုင်သည်။ အခန်းထဲရောက်တော့ မိုးစက်က" ကိုကို ကျွန်တော်ဆရာဝန်ဆီဖုန်းဆက်လိုက်မယ် "
မိုးစက်စကားကြောင့် မထင်မိုးစက်ကို
အေးစက်စွာကြည့်မိသည်။" ညီဘာဖြစ်လာတာလဲ
မိုးစက်သိလို့လား "" ဗျာ... "
" ဆရာဝန်ခေါ်မလို့ဆို
ညီဘာဖြစ်တာလဲ
သိလို့လားလို့ "ကိုကိုအမေးကို ပြန်မဖြေနိုင်အောင်
ဆွံအနေမိသည်။
VOCÊ ESTÁ LENDO
လမင်းလေးရဲ့ ဥယျာဉ်မှူး
Ficção Geralပထမဆုံးဖန်တီးထားတဲ့ မြန်မာ BL Fic ကိုအားပေးကျပါအုန်းနော် လိုအပ်ချက်တွေများနေပေမဲ့ ချစ်ခင်မှုနဲ့ ဖတ်ပေးကျပါနော်