အပိုင်း ၁၈

2.8K 217 13
                                    

အပိုင်း ၁၈

ကန်တော်ကြီး (မျှော်စင်ကျွန်း )ထဲက စားသောက်ဆိုင်ကို ရွေးလိုက်တဲ့မိုးစက်က
ကျွန်တော်ကို အံသြစေသည်။ ဘယ်ဆိုင်ဖြစ်ဖြစ်
မငြင်းဖူးဆိုပေမဲ့ ဒီကောင်လေးက ကျွန်တော်ထိုင်နေကျ စားသောက်ဆိုင်နေရာ
(Fun Food Center ) ကို အတိအကျ
ရွေးနိုင်သည်။

ဒီကောင်လေးစိတ်ထဲမှာ ကျွန်တော်ရှီနေတာလား
ကျွန်တော်ပျော်လိုက်တာ သူအတွေးတွေးထဲမှာ
ကျွန်တော်ရှီနေတယ်ဆိုတဲ့ ခံစားချက်က
ကျွန်တော်ရင်ကိုနွေးထွေးစေလိုက်တာ

" လေကောင်းလေသန့်ရအောင် ရွေးလိုက်တာ
ကိုခန့်မဟော် ပြီးတော့ စိတ်အပန်းဖြေလိုလည်း ကောင်းတယ်လေ "

" ကြိုက်ပါတယ် ဟိုတစ်ခါခေါ်သလိုကိုခန့်လို့ပဲ အလွယ်တကူ ခေါ်ပါ မိုးစက် "

" ဟုတ်ကဲ့ အစားအသောက်တွေ
အရင်မှာစားရအောင် "

အစားအသောက်တွေမှာစားပြီး မိုးစက် ကျွန်တော်ကိုဘာလို့ တွေ့ချင်တာလည်း သိချင်တာနဲ့မေးလိုက်သည်။

" ကိုယ့်ကို ညစာစားဖို့သပ်သပ်ခေါ်တွေ့တာ
မဟုတ်ဘူးထင်တယ် ဘာကိစ္စရှီလိုလဲမိုးစက် "

" ကျွန်တော်တို့လေလံရထားတဲ့ မြေကွက် အဆောက်အဦးအတွက်ပါ ကိုခန့် "

" အဲ့ဒီစီမံကိန်းက မိုးစက်နဲ့မဆိုင်ဘူးမဟုတ်လား မန်နေဂျာနေမထင်ကိုင်တွယ်နေတဲ့
အလုပ်မဟုတ်လား "

နေမထင်အလုပ်ကိုမိုးစက်ကပါဝင်
ပတ်သက်နေတာလား

" ကျွန်တော်တို့ ကုမ္ပဏီက စီမံကန်းပဲ
ကျွန်တော်နဲ့မဆိုင်ဘူးဆိုတာ မရှီပါဘူး ကိုခန့် "

" ကိုယ့် မင်းရဲ့အကြောင်းကို စုံစမ်းထားတယ်
မိုးစက် နေမထင်ရဲ့စီမံကိန်းပျက်သွားရင် မင်းအတွက်ကောင်းတဲ့ကိစ္စပဲ သူဌေးကြီးဦးထင်အောင်ကျော်က နေမထင် မလုပ်နိုင်တဲ့ အလုပ်ကိစ္စကို မင်းကိုလွှဲပေးနိုင်တယ်လေ "

" ကိုခန့်မဟော် ဘာကိုပြောနေတာလဲ ကိုနေမထင်ရဲ့ အလုပ်ကိစ္စကို ပျက်အောင်လုပ်တာ
ကျွန်တော်တို့ ကုမ္ပဏီ နစ်နာအောင်လို့
မဟုတ်ဘူးလား "

လမင်းလေးရဲ့ ဥယျာဉ်မှူးTahanan ng mga kuwento. Tumuklas ngayon