ဓာတုဗေဒ ခန်းမတစ်ခုဟုထင်မှတ်ရလေသည့်။ သိပ္ပံ ခန်းမကြီး တစ်ခု။
အဖြူရောင်တွေသာချယ်သထားသည့်နံရံကြီးတွေပတ်ပတ်လည်ကာရံထားသည့်အဆောက်အဦးတစ်ခုဆိုလျှင်ပိုမှန်လေမည်။
ဂျူတီကုဒ်အဖြူတို့ဖြင့်ပြာယာခက်နေကျသည့်သိပ္ပံပညာရှင်အနည်းအငယ်နှင့်။
ခန်းမလည်တည့်တည့်တွင်ရှိသော သံကုတင်ထပ်တွင်လှဲလျောင်းနေသည့်လူသားတစ်ဦး။
ဟင့်အင်း လူသားပုံစံဖြင့်ချွတ်စွပ်တူသော ။
စက်ရုပ်တစ်ရုပ်။
စက်ရုပ်ကလေး၏ မျက်၀န်းတို့ကမှေးမှိတ်ထားဆဲ။ အသားအရေအားဖြူဝင်းသောဘက်သို့ရောက်နေကာ။ နှာတံပေါ်ပေါ် နားရွက်ကားကား တို့နှင့်နှုတ်ခမ်းထူထူ ။
ထိုစက်ရုပ်ကလေးက ကြည့်ကောင်းသည်ထက်ပိုသော ရုပ်ရည်အားပိုင်ဆိုင်ထားလေသည်။
အရပ်အမောင်းအနေအထားအရဆိုရင်ခန့်မှန်းခြေပင်၆ပေ ၃လက်မလောက်ရှည်လျားသည်။
ဘေးဘီဝဲယာတွင်တော့ စက်ရုပ်ကလေး၏အခြေအနေအား စမ်းသပ်နေသည့်သိပ္ပံပညာရှင်တစ်ဦးက laptop တစ်လုံးဖြင့်အလုပ်ရှုပ်လို့နေပြန်သည်။
"ပရော်ဖက်ဆာ Park PCY ရဲ့အခြေအနေက စိုးရိမ်စရာရှိနေသေးတာလား "
Laptop ကိုတစ်ဂျောက်ဂျောက်နှိပ်ကာမျက်မှောင်ကျုပ်နေသည့်ပရော်ဖက်ဆာ Park ဆိုသောသူထံမှ ပြန်လည်ဖြေကြားသံကထွက်ပေါ်မလာသေးပါ။
စိတ်ရှုပ်သည့်ဟန်ဖြင့်ဆံပင်တို့အားလက်ကြားထဲထည့်၍ဆွဲဖွလိုက်ပြီး။
"PCY အတွက်လ်ိုအပ်နေတဲ့ ပစ္စည်းမရသေးသ၍ရေရှည်သုံးဖို့အာမခံချက်မရှိဘူး Mr.Wook "
Mr.Wook ဆိုသည့်လူပုံစံအရ သိပ္ပံပညာရှင်ဖြစ်ဟန်မတူ။ တစ်နေရာရာမှာရာထူးကြီးကြီးဖြင့်လုပ်ကိုင်နေသည့်အရာရှိတစ်ယောက်နှင့်တော့တူလေသည်။
YOU ARE READING
{စက်ရုပ်မဟုတ်ပါ}
Fanfictionစက်ရုပ်ကလေးကိုသာစွဲလမ်းမိခဲ့သည့်ကျွန်တော့်အဆုံးသက်က....အကျည်းတန်လွန်းခဲ့ပါသည်။