#21#(Unicode)

327 19 0
                                    

' Baek ည​နေ​ကျောင်းလွှတ်​ရင်​ကိုယ်​လာကြိုမယ်​နော်​'

'ဒုန်း!!!'

​ကျွန်​တော့်​အ​ဖြေအား​စောင့်​မျှော်​နေသည့်​Yeol အား အ​ဖြေပြန်​မ​ပေးပဲ​ကားတံခါးကို​စောင့်​ပိတ်​ကာ​ကျောင်းထဲသို့ဝင်​လာခဲ့လိုက်​သည်​....။

' Byun Baek !!!'

​ကျောင်း​ရှေ့​လှေကားထစ်​လေးတွင်​Jongdae နှင့်​Kyungsoo ကျွန်​တော့်​ကို​စောင့်​နေ​လေရဲ့....။

Kyungsoo က​တော့လုပ်​မြဲတိုင်း နားကြပ်​နှစ်​ဖက်​နားမှာတပ်​ပြီး ပုလင်းဖင်​လောက်​ရှိသည့်​ပါဝါမျက်​မှန်​အ၀ိုင်းကြီးတပ်​ကာ သုံးကီလို​လောက်​ရှိသည့်​English စာအုပ်​အကြီးကြီးနှင့်​တစ်​ယောက်​ထဲအလုပ်​ရှုပ်​နေ​လေရဲ့ ....။

Jongdae က​တော့​ဆော့လက်​စ Game ပွဲကိုရပ်​ကာ ကျွန်​တော့်​ဆီအ​ပြေး​ရောက်​လာပြီး ပခုံးကိုသိုင်းဖက်​၍...။

' Byun Baek ကန်​တင်းသွားရ​အောင်​မင်းကို​စောင့်​နေတာငါတို့ခုချိန်​ထိဘာမှမစားရ​သေးဘူး '

'Miyan ငါနည်းနည်း​နောက်​ကျသွားတယ်​မင်းတို့မနက်​စာအတွက်​ငါတာဝန်​ယူတယိ လာသွားကြရ​အောင်​'

' Woow ဒါမှ Uri Byun Baek , Kyungsoo ahh ငါတို့ကိုမနက်​စာတာဝန်​ယူမယ့်​သူ​ဌေး​လေး​ရောက်​လာပြီကွ ကန်​တင်းသွားကြမယ်​'

အသံပြဲနှင့်​တစ်​ကျောင်းလုံးကြား​အောင်​အော်​ကာ​မြောက်​ကြွ​မြောက်​ကြွနှင့်​ကျွန်​တော့်​ပခုံးဖက်ဂနာမငြိမ်​ယွပိုးစိန်​ဖြစ်​နေသည့်​Jongdae ကို Kyungsoo ကစိတ်​မသက်​မသာဖြစ်​နေသည့်​ပုံဖြင့်​ကြည့်​ကာ​ခေါင်းတခါခါနှင့်​အ​နောက်​မှကပ်​ပါလာခဲ့၏...။

သူတို့နှစ်​ယောက်းလုံးလဲ ကျွန်​တော့်​လောက်​မချမ်းသာ​ပေမယ့်​နာမည်​ကြီး Company​တွေရဲ့တစ်​ဦးတည်း​သောမျိုးဆက်​တွေပင်​...။

ဒါကိုမှ ကျွန်​တော့်​ဆီကမှ အခုလိုမစားရမ​သောက်​ရရင်​စားမ၀င်​အိပ်​မ​ပျော်​ကြတဲ့ နှစ်​ယောက်​ပါ​ဗျာ....။

ကျွန်​တော့်​သူငယ်​ချင်း​တွေ ကျွန်​တော့်​အ​ပေါ်တကယ်​ကောင်းကြပါတယ်​....သူတို့​ကြောင့်​၅နှစ်​တာအထီးကျန်​ခဲ့ရသည့်​ကျွန်​တော့်​ဘ၀​လေး အခု​တော့​နေ့စဉ်​အပြုံးပန်း​တွေနှင့်​လှလှပပ​လေးရှင်​ခွင့်​ရ​ခဲ့ပြီ​လေ...။.

{စက်​ရုပ်​မဟုတ်​ပါ}Where stories live. Discover now