သူလား ကျွန်တော့်နောက်ကွယ်မှာအဆင်ပြေနေလောက်ပါတယ်...ဘာကြောင့်လဲ သူရွံရှာမုန်းတီးနေတဲ့ကျွန်တော့်ကိုမမြင်ရသည့်အတွက်ပေါ့....။
နာကျင်နေသည့်ခံစားချက်ကြီးကအိပ်ယာထပ်လှဲလျောင်းနေသည့်ခန္ဓာကိုယ်ကပင်ပန်းနွမ်းနယ်နေပြန်၏...။
ဒဏ်ရာတွေအားသန့်ရှင်းကာဆေးထည့်ပေးအစာအတွက်ဆန်ပြုတ်တစ်ပွဲကုတင်ခေါင်းရင်းကစားပွဲလေးပေါ်တင်ပေးကာထွက်သွားသည့်JunMyeon hyung...။မျက်လုံးကြည်ကြည်လေးထဲတွင်ဖြစ်စဉ်တစ်ခုလုံးကိုအကြောင်းစုံသိလိုသောအရောင်များတဖျက်ဖျက်လက်နေပေမယ့်နှုတ်ဖျားမှမည်သည့်မေးခွန်းကိုမှထုတ်မေးသွားခြင်းမရှိ...။
အဆင်ပြေရဲ့လား? သက်သာလား ? ဆိုသောမေးခွန်းမျိုးကိုပင်ဟန်ဆောင်၍မေးသွားခြင်းမရှိ...။
ကျွန်တော့်ဘ၀အတွက်ဆိုးသွမ်းလှသည့်ကံဆိုးခြင်းတစ်ချို့ကစတင်ခဲ့ပြီ...ကျွန်တေုလက်ခံနိုင်အောင်ကြိုးစားရမယ်လေ...။
တမလွန်က Appa အတွက်အားကိုးလို့မရသည့်သားတစ်ယောက်အတွက်စိတ်မဖြောင့်နိုင်မဖြစ်ပါနဲ့ Appa ရယ်...သား Appa အတွက်ဘာမှပြန်လုပ်မပေးနိုင်ခင်မှာပဲ Appa ကဆုံးပါးသွားခဲ့ပြီ Appa လက်နဲ့ဖောက်ပေးခဲ့သည့်လမ်းကိုတောင်သားကတည့်မတ်အောင်မလျှောက်လှမ်းနိုင်ခဲ့ပြီး...။
ခြေချော်ကျသွားသည်ကမှအကျသက်သာနိုင်ဦးမည်အခုတော့ခြေချော်တာမဟုတ်ပါပဲ ကိုယ်တိုင်တူးဖော်မိတဲ့တွင်းနက်နက်ထဲကိုမှအပြုံးမပျက်ခုန်ချမိသည့်သားမိုက်ပါ Appa....။
သခင်နဲ့မတန်တဲ့လူသားတစ်ယောက်အတွက်ကံတရားကချမှတ်လိုက်တဲ့ အပြစ်ဒဏ်က ဘ၀တစ်ခုလုံးအမုန်းတွေနဲ့ရှင်သန်စေရန်သာ....။
သူ့နှုတ်ဖျားကထွက်ကျလာတဲ့စကားလုံးအသေးအမွှားလေးကစလို့တန်ဖိုးထားတက်သည့်ကျွန်တော်....။
သူကိုယ်တိုင်ပင်မသိသူ့နှုတ်ဖျားကအမှတ်တမဲ့ထွက်ကျလာသည့်စကားလုံးလေးတွေကအစ တန်ဖိုးထားခဲ့သည့်ကျွန်တော်.....။
YOU ARE READING
{စက်ရုပ်မဟုတ်ပါ}
Fanfictionစက်ရုပ်ကလေးကိုသာစွဲလမ်းမိခဲ့သည့်ကျွန်တော့်အဆုံးသက်က....အကျည်းတန်လွန်းခဲ့ပါသည်။