ရုပ်ရှင်ရုံထဲရောက်လေတော့ ငြိမ်သက်နေသည့်ကျွန်တော့အား တအံတသြကြည့်လာသည့်အနှီးကောင်PCY ။
အံသြချင်စရာကိုကျွန်တော်ကလဲ ငြိမ်ကုပ်နေတာမှအသက်တောင်ရှူရဲ့လားမသိတော့ဘူးလေ။
'Baek ခင်ဗျာ့အဆင်ပြေရဲ့လား ဘယ်နေရာကမသက်မသာဖြစ်နေလို့လဲခင်ဗျာ့´
'မင်းတကယ်ပဲမသိတာလား ? PCY´
သူသိသင့်တယ်လို့တော့ကျွန်တော်ထင်တာပဲလေ။ သူက စက်ရုပ်တစ်ရုပ်ဖြစ်နေတယ်လေ သူ့ Memory ထဲမှာကျွန်တော့လက်ရှိအခြေအနေကဘယ်လိုအနေအထားမျိုးရှိနေလဲဆိုတာသူသိနေရမှာလေ။
'ကျွန်တော်ဟို ´
'ငါက အမှောင်လဲကြောက်တက်သေးတယ်PCY မင်းမှာငါနဲ့ပတ်သက်ပြီးမသိသေးတဲ့အချက်တွေများနေသေးတာပဲ´
စိတ်ပျက်လို့တော့ရတယ်မဟုတ်လား ။ ကျွန်တော်သူ့ကိုစိတ်ပျက်ပိုင်ခွင့်တော့ရှိတယ်မဟုတ်လား သူ့ကိုကျွန်တော်ပိုင်တယ်လေ သူကိုကျွန်တော်၀ယ်ထားတာပဲ။
'Miyanhae Baek ခင်ဗျာ့ ကျွန်တော်ပေါ့ဆမိပါတယ်Baek နဲ့ပါတ်သက်သမျှအရာရာကိုသိဖိုကျွန်တော်ကြိုးစားနေပါတယ်ဒီနေ့ကလဲ Baek နဲ့ပထမဦးဆုံးစတွေ့တဲ့နေ့ဆိုတော့ ကျွန်တော့ဘက်ကအမှားတွေလုပ်မိခဲ့ရင်နားလည်ပေးစေချင်ပါတယ်´
သြော်.....။
စက်ရုပ်ကမခေဘူးပဲ ။ လူသားတစ်ယောက်လိုကိုသေချာရှင်းပြတက်တာပဲ ။
PCY ငါကစိတ်ပျက်သွားတဲ့သူတစ်ယောက်ကို လွယ်လွယ်နဲ့ပြန်အခွင့်အရေးမပေးတက်ဘူးဆိုတဲ့အကျငိ့ဆိုးကလဲငါ့ဆီမှာရှိနေသေးတယ်။
'ရှိစေတော့ ပြန်ကြရအောင်ငါနားချင်နေပြီ´
မကြည်မလင်တဲ့စိတ်ကြီးနဲ့တော့ ရုပ်ရှင်ရုံထဲမှာအချိန်မဖြုန်းချင်တော့ ။ ညဘက်တွေအိပ်မရတဲ့ရောဂါဆိုးကြီးကလဲရှိနေသေးပြန်တော့ ။ညနေခင်းလေးတော့ရသလောက်နားချင်မိတယ်။ ဒီနေ့လျှောက်ထားတာကလဲများနေပြီဆိုတော့ ပင်ပန်းနေပြီလေ ။ ၅နှစ်တာအတောအတွင်းမှာ ပထမဦးဆုံးလျှောက်လည်ဖြစ်ခြင်းဆိုတော့ လူတော့ပြိုင်းတာပေါ့။
YOU ARE READING
{စက်ရုပ်မဟုတ်ပါ}
Fanfictionစက်ရုပ်ကလေးကိုသာစွဲလမ်းမိခဲ့သည့်ကျွန်တော့်အဆုံးသက်က....အကျည်းတန်လွန်းခဲ့ပါသည်။