'သား အဆင်ပြေရဲ့လား!´တစ်ဖက်က Appa စကားအားဘယ်နည်းနှင့်တုံ့ပြန်ရမည်လဲအဖြေရှာမရ။ ကျွန်တော်ဒီနေ့လုပ်လိုက်သည့်လုပ်ရပ်တွေက Baek စိတ်ကွက်စရာတွေကြ်ီးပဲဖြစ်သွားခဲ့ရသည်မဟုတ်လား ။ အဆင်ပြေပါတယ်လို့ပြောလို့မရသည့်အခြေအနေပင်။
'ပြေပါတယ်Appa ´
ဒါပေမယ့်လဲ စိုးရိမ်လွန်ကဲနေသည့်Appa က်ုထပ်၍စိတ်မပူပန်စေချင်တော့ပါကျွန်တော့၏လိမ်ညာမှု့နှင့်ပင်ဖြစ်စေ Appa စိတ်သက်သာရသွားတယ်ဆိုရင်ကျွန်တော်လိမ်ရကျိုးနပ်ပါတယ်။
'အေးကွာ သားအဆင်မှပြေပါ့မလားလို့ Appa စိတ်ပူနေရတာအခုအိမ်ပြန်ရောက်ပြီလား´
'ရောက်ပြီ Appa ,Baek ကတော့အခန်းထဲမှာနားနေပြီ သားလဲအခုသားအခန်းထဲမှာရေချိုးပြီးလို့ခဏလှဲနေတာ´
'သားဒီချိန်ဘာလို့ရေချိုးရတာလဲ သားကစက်ရုပ်လေနောက်နေ့တွေရေချိုးချင်ရင်တစ်အိမ်လုံးအိပ်တော့မှချိုး´
အာ ဟုတ်ပါရဲ့ ကျွန်တော်မေ့သွားခဲ့တယ်အရင်ကလိုအပြင်ကပြန်လာရင်ခဏနားပြီးရေချိုးနေကျကအကျင့်ဖြစ်နေတော့ အခုလဲအကျင့်ပါသွားတယ်။
'တောင်းပန်ပါတယ်Appa ရယ်သားအကျင့်ပါသွားလို့ပါနောက်သတိထားပါ့မယ်ဒါဆို Appa ဒါပဲလေ Ph အကြာကြီးပြောလို့မကောင်းဘူး´
'ကောင်းပြီသားနောက်နေ့တွေသား Ph ဆက်မှပဲ Appa တို့စကားပြောကြတာပေါ့ Appa ဘက်ကစပြီးမခေါ်တော့ဘူးနော်´
'Nae Appa ထမင်းပုံမှန်စားဦးအလုပ်တွေကြီးပဲလုပ်မနေနဲ့နော်Appa ´
'အေးပါကွာ သားလဲလစ်တာနဲ့အစားစားဖို့မမေ့နဲ့ ´
ကျွန်တော့ဘ၀ကလဲ ကိုယ့်ပိုက်ဆံနဲ့ကိုယ်၀ယ်စားဖို့တောင်မှပဲလူလစ်မှခိုးဖွတ်စားရမယ့်ဘ၀။
Appa နုဲ့အကျိုးသင့်အကြောင်းသင့်ပြောဆိုပြီးလေတော့ အိမ်ကသယ်လာသည့်Luggage ကြီးအားဖွင့်ကာညဘက်တွေအခန်းထဲမှာတစ်ယောက်တည်းတိတ်တိတ်ကလေးစားဖို့ထည့်လာသည့်ပါမုန့်နှင့်ရေသန့်ဘူးတွေအားကုတင်အောက်ထဲတွင်ဖွတ်ရသေးသည်။
YOU ARE READING
{စက်ရုပ်မဟုတ်ပါ}
Fanfictionစက်ရုပ်ကလေးကိုသာစွဲလမ်းမိခဲ့သည့်ကျွန်တော့်အဆုံးသက်က....အကျည်းတန်လွန်းခဲ့ပါသည်။