#5#(Unicode)

458 40 0
                                    

.........."

မမြင်​မ​တွေ့တာကြာပြီဖြစ်​သော Seoul မြို့ကြီးအား ။ တအံ့တသြဖြင့်​ပါးစပ်​ပင်မ​စိနိုင်​စွာ ကားမှန်​ချ၍​ငေး​မောကြည့်​နေမိသည်​။

သစ်​ပင်​စိမ်းစိမ်း​တွေ ။​ရေပြင်​ပြာပြာ​တွေ ။​နေ​ရောင်​ခြည်​၀ါဝါ၀င်းဝင်း​တွေ ။ Seoul မြို့ကြီးနှင့်​အလွန်​တရာမှလိုက်​ဖက်​စွာလှပတင့်​တယ်​လွန်းလို့​နေပါသည်​။

အရှိန်​ဖြင့်​မောင်းနှင်​လို့လာခဲ့သည့်​။ ပြိုင်​ကား​လေးသည်​လဲ တရိပ်​ရိပ်​ဖြင့်​။ ဟန်​မြစ်​ကြီး၏အ​ပေါ်ရှိ တံတားကြီး​ပေါ်တွင်​ဖြတ်​သန်းလို့​လာခဲ့ပြီးသည့်​နောက်​။

PCY ၏လမ်းညွှန်​မှု့နှင့်​အထက်​တန်း​ကျောင်းတုန်းက တစ်​ခါမျှသာ​ရောက်​ဖူး​လေသည့်​။ နမ်​ဆန်​တာဝါရှိရာသို့​ရောက်​ရှိခဲ့​လေ၏။

'PCY မင်းအခုမှ ပထမဦးဆုံးမြို့ထဲ ထွက်​ဖူးတာမဟုတ်​လား ?´

အမှန်​တိုင်း​ပြောရရင်​ကျွန်​တော်​အခုချိန်​အထိကို အံ့သြ၍မဆုံးနိုင်​သေးပါ ။ စက်​ရုပ်​တစ်​ရုပ်​၏​GPS Data ဟာ ။ ဒီ​လောက်​အထိအလုပ်​လုပ်​မည်​လို့ ။ ကျွန်​တော်​တကယ်​မထင်​မှတ်​ထားခဲ့ပါ။

ဘာပဲ ဖြစ်​ဖြစ်​PCY အားကျွန်​တော်​စိတ်​ထဲတွင်​ကြိတ်​၍ချီးကျူးမိလိုက်​တာ​တော့အမှန်​။ ကျွန်​တော့ဘ၀တွင်​မည်​သူ့ကိုမှအထင်​မကြီးဖူးခဲ့ပါ ။ PCY က​တော့ပထမဦးဆုံးကျွန်​တော့ဘ၀၏ချီးကျူးမိ​သော လူသား ။ အာ​မေ့သွားတာပဲ PCY ကလူသားမှမဟုတ်​လေတာ ။

'Baek ကျွန်​တော်​ပြောတဲ့ နမ်​ဆန်​တာဝါ​ရောက်​ပါပြီခင်​ဗျာ့ ´

အ​တွေးထဲနစ်​နေမိတာ လက်​မောင်း​လေးကိုအသာလာလှုပ်​၍ ။ သတိ​ပေးလာ​သော pcy​ကြောင့်​လက်​ရှိအ​ခြေအ​နေကို စိတ်​ကပြန်​ရောက်​လာခဲ့၏။

'အာ​ရောက်​ပြီလား သွားကြမယ်​လေ ´

'Nae Baek´

Baek ။ PCY အသံသြသြဖြင့်​ကျွန်​တော့နာမည်​အား​ခေါ်လိုက်​လေတိုင်း ကျွန်​တော်​သ​ဘောကျ၍မဆုံးပါ။

သခင်​ဆိုတာထပ်​။ Baek လို့ရင်းနှီးစွာ​ခေါ်ဆ်ို​လေတာ ။ ကျွန်​တော့အတွက်​ပို၍သက်​တောင့်​သက်​တာရှိ​စေတယ်​လေ။

{စက်​ရုပ်​မဟုတ်​ပါ}Where stories live. Discover now