🔩11🔩(Zawgyi)

1.4K 177 17
                                    


သူမရှိလို့မဖြစ်​သည့်​အ​နေအထားမဟုတ်​သည့်​ကျွန်​​တော့်​ဘ၀....သူသာရှိမ​နေ​တော့ရင်​အရာရာအဓိပ္ပါယ်​မဲ့သွားခဲ့ရ​တော့မည့်​အ​ခြေအ​နေတစ်​ခု​တော့​ရောက်​လို့​နေခဲ့ပြီ....မည်​သူမှစတင်​၍မတိုက်​တွန်းမ​စေခိုင်းပါပဲနှင့်​ရူးမိုက်​စွာတဇွတ်​ထိုးသူ့ကိုမှစတင်​၍ချစ်​မိလိုက်​​လေသည့်​ ကျွန်​​တော့်​နှလုံးသား​လေးက​တော့နာကျင်​မှု့​တွေကစီးလိုကြို​နေသည်​ကိုမမြင်​နိုင်​ပါ..........။

•••••••••••••••••••••••••••••••••••••••••••

' Appa ​နေ​ကောင်းရဲ့လား '

' ​ကောင်းပါတယ်​သားရဲ့ ဒါနဲ့ဘယ်​လိုထွက်​လာတာလဲ Byun သခင်​​လေးသိသွားမှဖြင့်​ဒုက္ခ​ရောက်​​နေပါဦးမယ်​သားရယ်​ '

' သား Appa ဆီလာမယ်​ဆိုတာ Baek သိပါတယ်​ Appa ရယ်​ '

' ဘယ်​လို '

' ဘယ်​ထရီကိစ္စ​လေးနဲ့ညာပြီးထွက်​လာတာ ဟီး '

Appa ၏ရုံးခန်းဆီသို့လိုက်​လာသည်​ ။ အရမ်းသတိရလာလို့ဆိုပါ​​တော့ Appa ​ဆီပဲစိတ်​က​ရောက်​​ရောက်​​နေ​တော့ Appa ​နေများမ​ကောင်းလို့လား အဆင်​မှမ​ပြေလို့လား ။ အ​တွေး​ပေါင်းစုံနဲ့ ပူပန်​မှု့​ပေါင်းစုံနဲ့ Baek ကိုညာ၍ဒီကိုလိုက်​လာရခြင်းသာ။ ဒီ​ရောက်​​တော့ ထင်​သည့်​အတိုင်းပင်​ ပါးစပ်​ကသာ​နေ​ကောင်းပါတယ်​လို့ဆို​နေသည့်​ Appa မျက်​နှာသည်​ ဖြူ​ဖျော့​နေခဲ့သည်​။ Appa ကျွန်​​တော့်​ကိုမသိ​စေချင်​လို့ဖုံးကွယ်​ထားသည့်​အရာ​တွေတစ်​​နေ့ထက်​တစ်​​နေ့ပိုပိုများလာသည်​ ။ ကျွန်​​တော်​သိသည်​သို့​သော်​လဲ အရာရာ​စေ့​စေ့စပ်​စပ်​လုပ်​တက်​လွန်းသည့်​ Appa အ​ကြောင်းအရာ​တွေကို Appa နှုတ်​ဖျားကထုပ်​မ​ပြောပါပဲနှင့်​သိရှိဖို့ဆိုသည်​မှာ​တော့မလွယ်​ပါ။ Appa ရယ်​သားအဖချင်းကိုဒီလို​တွေအထိဖုံးကွယ်​ထားဖို့လိုအပ်​လို့လား ။ သားစိတ်​ဆင်းရဲမှာ သားစိတ်​မချမ်းသာမှာ​စိုးရိမ်​လို့ဆိုပြီးအမြဲတမ်း ဆိုးရွားသည့်​ကိစ္စအ၀၀ကိုဖုံးကွယ်​ထားရတဲ့ Appa ကျွန်​​တော်​တကယ်​အားနာ​နေပါပြီ Appa ရယ်​ ။

{စက်​ရုပ်​မဟုတ်​ပါ}Where stories live. Discover now