" Baek ah "
" Chanyeol ahh ဒါလေးတော့ဝင်အောင်စားလိုက်ပါ Baekhyunnee လေးလဲမကြာခင်သတိရလာတော့မှာပါ "
Baekhyun ဘေးတွင်မလှုပ်မယှက် Wheelchair နှင့်ထိုင်ပြီး Baekhyun ၏လက်ကလေးတစ်ဖက်ကိုပါးတွင်အပ်ရင်း မရပ်မနားမျက်ရည်တွေကျနေ၏ ။
" Hyung ကျွန်တော်ကို Baek နဲ့နှစ်ယောက်ထဲထားခဲ့ပေးပါ ကျွန်တော်တောင်းဆိုနေတာပါ "
"Chanyeol !!!"
" Hyung Jalb "
Junmyeon လဲပြောမရသည့်အဆုံး နှုတ်ဆိတ်၍သာထွက်ခွာသွားတော့၏ ။
" Junmyeon Hyung, Hyung အခြေအနေ "
" ဘာမှကျွေးလို့မရဘူး မနေ့ကထဲကအခုအချိန်ထိတစ်စက်ကလေးမှမလှုပ်သေးဘူး "
Sehun ၏အမေးကိုစိတ်ပျက်လက်ပျက်နဲ့အဖြေပေးလိုက်သည့် Junmyeon ကြောင့် အခန်းအပြင်ခုံတန်းလျားတွင် Junmyeon , Sehun, Luhan သုံးယောက်သားအတွေးကိုယ်စီနှင့် ။
" Baek ahh ဘာလို့အခုလိုလုပ်ခဲ့ရတာလဲ ကိုယ့်ကိုတစ်ယောက်ထဲလောကကြီးမှာထားခဲ့ပြီး Baek ကကိုယ်နဲ့ဝေးရာကိုထွက်သွားချင်နေတာလား "
ကျွန်တော့်ရင်ဘတ်ထဲမှာရစရာမရှိအောင်ကိုကြေမွနေပါပြီ Baek မသိ ကျွန်တော့်အခြေအနေနဲ့ Baek ရဲ့ဘေးမှာဆက်ရှိနေဖို့အတွက်မဖြစ်နိုင်တော့လို့သာ အခုလို Baek ဘေးနားကနေထွက်ခွာခဲ့ပြီး PCY ကိုကျွန်တော့်ကိုယ်စား Baek ဘေးနားမှာအစားထိုးထားပေးခဲ့တာ ။
ကျွန်တော်နဲ့ချွတ်စွပ်တူနေသည့် PCY ကြောင့်သာ ၂နှစ်လုံးလုံး Baek မရိပ်မိခဲ့ခြင်း ။ ဒါပေမယ့် အခု အခုမှဘာလို့ဒီလိုကိစ္စတွေဖြစ်နေရတာလဲ ။
PCY ကိုဘာကြောင့် Baek ဘေးနားကနေဖျောက်ဖျက်ပြစ်ခဲ့လဲလို့ Sehun မေးလာတဲ့အချိန်တုန်းကဆိုရင် ။ ကျွန်တော်အမှန်အတိုင်းကျွန်တော့်ခံစားချက်တွေပြောလိုက်ရင် Sehun ကျွန်တော့်ကိုလှောင်ပြောင်မှာ ။
أنت تقرأ
{စက်ရုပ်မဟုတ်ပါ}
أدب الهواةစက်ရုပ်ကလေးကိုသာစွဲလမ်းမိခဲ့သည့်ကျွန်တော့်အဆုံးသက်က....အကျည်းတန်လွန်းခဲ့ပါသည်။