#2#(Unicode)

473 33 0
                                    

ခန္ဓာကိုယ်​ပေါ်သို့​လေးပင်​သည့်​သတ္ထု​တွေဖြင့်​ဖန်​တီးထားသည့်​အ၀တ်​အစားဟုဆိုရမလား ။ မဟုတ်​သေးပါဘူး ။ ၀တ်​ဆင်​စရာဟု​ပြောလျင်​ပိုမှန်​ပေမည်​။

Abs​တွေကိုပင်​ထိုသတ္ထုတို့ဖြင့်​ဖုံးကွယ်​လို​ချေပြီ။ တစ်​ကိုယ်​လုံးတွင်​သတ္ထုတို့ဝတ်​ဆင်​ပြီးသည့်​နောက်​တွင်​ကျွန်​တော်​ဟာ တကယ့်​ကို စက်​ရုပ်​တစ်​ရုပ်​နှယ့်​။

​နောက်​ကျောဘက်​ရှိ ဇာက်​ရိုးတွင်​power ခလုပ်​ပုံစံ​လေးအား တိတ်​အကြည်​ပါး​လေးဖြင့်​ကပ်​လိုက်​ကာ မျက်​စံအတွင်းသို့ ပြာလဲ့လဲ့ မျက်​ကပ်​မှန်​အားတပ်​ဆင်​လိုက်​သည်​။

အခုဆိုရင်​ကျွန်​တော်​ဟာ တကယ်​စက်​ရုပ်​တစ်​ရုပ်​ပင်​။

Appa​ပြောပုံအရဆိုရင်​စက်​ရုပ်​ကဖန်​တီးဆဲမို့ အ​ပေါ်ကအ​ရေပြားအားအသားမဖုံးရ​သေးသည့်​အ​ခြေအ​နေမို့ အခုလို သတ္ထု​တွေဝတ်​ဆင်​ကာ ပုံကြမ်းစက်​ရုပ်​တစ်​ရုပ်​အဖြစ်​ပိုင်​ရှင်​အားပြသရမည်​တဲ့​လေ။

"ဟူး...Fighting Park Chan Yeol အခုအချိန်​ကစပြီးမင်းက PCY ဆိုတဲ့ Robot boy ပဲ "

သိပ္ပံခန်းနံရံတွင်​အသင့်​ရှိ​နေသည့်​ကိုယ်​လုံး​ပေါ်မှန်​တွင်​ကိုယ့်​ကိုယ်​ကို ကြည့်​ကာအား​ပေးလိုက်​တော့။

"သား Appa သားကိုယုံတယ်​အ​ကောင်းဆုံးလုပ်​ဆောင်​နိုင်​မယ်​လို့ "

Appa ကပခုံးကိုဖိကိုင်​ရင်းအား​ပေးလာသည်​။

ကျွန်​တော်​အ​ကောင်းဆုံးမဟုတ်​ရင်​တောင်​တက်​နိုင်​သ​လောက်​ကြိုးစားသွားမှာပါ ။.

ပြီး​တော့ Appa တီထွင်​ထားတဲ့ စက်​ရုပ်​၏​ဗီဇက စက်​တစ်​ခု memory ထပ်​ပိုပြီး IQ မြင့်​စွာဖန်​တီးထားသည်​မဟုတ်​လား စက်​နှလုံးသားပါထည့်​ထားသည့်​အတွက်​PCY သည်​လူတစ်​ယောက်​အတ်ိုင်းလုပ်​ဆောင်​ချက်​တွေရှိ​နေမည်​လေ။

ကျွန်​တော့အတွက်​သိပ်​မခက်​ခဲ​လောက်​ဘူးလို့​တော့ထင်​မိပါသည်​။

၀တ်​ဆင်​ပြီး​လေ​တော့​ပြောရမည့်​စကား​တွေနှင့်​ပြုမှုရမည့်​အမှုအရာ​တွေ အား​လေ့လာရပြန်​သည်​။

{စက်​ရုပ်​မဟုတ်​ပါ}Tempat cerita menjadi hidup. Temukan sekarang