#24#(Unicode)

382 17 0
                                    

"Hyung , ကျွန်​တော်​ရောက်​လာပြီ"

" ထိုင်​လေ Luhan လဲပါလာတာပဲ"

" Nae Hyung ကျွန်​တော်​သိချင်​တာ​တွေအရမ်းများ​နေလို့ "

Chanyeol ထိုင်​နေ​သောအ​ရှေ့ရှိ ထိုင်​ခုံတွင်​၀င်​ထိုင်​ကြရင်း သိချင်​စိတ်​များ​နေသည့်​Luhan အား Sehun ကိုမျက်​ရိပ်​မျက်​ခြေပြ​နေသည်​။

" သူ အဆင်​ပြေ​နေရဲ့လား ?"

အရင်​ကလိုကြည့်​ကောင်းလွန်းသည့်​Park Chanyeol ဆိုသည့်​လူ​နေရာအစားဝင်​နေသည့်​အလားထင်​ရ​လောက်​အောင်​အထိ​ပြောင်းလည်းသွားသည့်​Park Chanyeol ။

အရင်​လ်ို six packs အ​မြောင်းလိုက်​နှင့်​ကြည့်​ကောင်းလွန်းသည့်​Park Chanyeol ။ မျက်​လုံးပြူးပြူးဝိုင်းဝိုင်း​တွေနှင့်​တောက်​ပ​နေသည့်​သူ အခု​တော့ ညိုမည်းကြီးအကျည်းတန်​လွန်း​သောမျက်​ကွင်းညိုညိုတို့ကဖုံးကွယ်​နေခဲ့ပြီ ။

နီ​ထွေး​ထွေးနှုတ်​ခမ်းထူထူ၏အစား ဖြူ​ဆုတ်​ကာအ​ရေပါး​လေး​တွေကွာ​နေသည့်​နှုတ်​ခမ်းတစ်​စုံသာရှိ​နေ၏။

​ပြည့်​တင်းပြီးခန့်​ညား​ချော​မောသည့်​မျက်​နှာလှလှ​လေးအစား ပါးရိုး​တွေနှင့်​မေးရိုး​တွေကိုသာအ​ရေဖုံးအုပ်​ထားသည့်​နှယ့်​ပိန်​ချုံးေိသည့်​မျက်​နှာတစ်​ခုသာပိုင်​ဆိုင်​ထား​တော့သည့်​သူ။

ညပ်​ရိုး​တွေပင်​ငေါထွက်​လို့​နေ၏ ၀တ်​ထားသည့်​တီရှပ်​အင်္ကျီကြီးထဲ၌နစ်​မြုတ်​နေ​အောင်​ကို ပိန်​ချုံးသွားသည့်​သူ ။

​တောင့်​တင်းကျစ်​လစ်​နေ​သော ခန္ဓာကိုယ်​ကိုအစပင်​ရှာမရ​တော့ ။

ထိုသူက Park Chanyeol ဆိုသူပင်​။

" သူလား ဟက်​!!! Baekhyun က Hyung ထင်​ထားသလိုဖြစ်​မလာခဲ့ဘူး Hyung, တကယ်​တော့ Hyung, သတ္တိရှိခဲ့သင့်​တယ်​"

​ခြောက်​ကပ်​ကပ်​ရယ်​သံနှင့်​စို့နစ်​နေ​သောစကားဆိုလာသည့်​Sehun ။

" Hunnie မင်းအမြင်​မှာငါက သတ္တိ​ကြောင်​ပြီး ကိုယ့်​ချစ်​သူကိုတွန်းထုတ်​ခဲ့တဲ့​ကောင်​လို့မြင်​နေတာလား "

{စက်​ရုပ်​မဟုတ်​ပါ}Tempat cerita menjadi hidup. Temukan sekarang