#19#(Zawgyi)

333 21 3
                                    

သူနှင့်​ကျွန်​တော်​တစ်​ချိန်​ကအတူထိုင်​ခဲ့ဖူး​သော​တောင်​ကုန်းမို့​လေးထက်​တွင်​.......။

ကျွန်​တော့်​ပခုံး​ပေါ်တွင်​ခေါင်း​လေး​ဖေးဖွစွာတင်​ထားသူ.....။

ဂစ်​တာတီးရင်း အပြုံးပန်း​တွေ​ဝေစာ​နေသည့်​ကျွန်​တော်​....။

တီတီတာတာ စကားစု​လေး​တွေတစ်​ယောက်​နှင့်​တစ်​ယောက်​ပြောချင်းမရှိ​ပေမယ့်​လဲ....အဓိပ္ပါယ်​တွေပြည့်​နှက်​နေသည့်​မျက်​၀န်း​တွေက​တော့ခံစားချက်​တွေနှက့်​ထပ်​တူကျစွာ နှလုံးသားထဲကစကားသံ​တွေကိုနှုတ်​ဖျားမှဖွင့်​ပြောချင်းမရှိခဲ့ကြ​သော်​လဲ နားလည်​နေကြသည်​....။

ကျွန်​တော့်​ရင်​ထဲတွင်​အဆမတန်​ခုန်​ပေါက်​ပြေးလွှား​နေသည့်​နှလုံးသား​လေးကလဲထိန်းချုပ်​၍မရ​တော့.....။

Baek ကျွန်​တော့်​အ​ပေါ်မှာ​နွေး​ထွေး​သော အပြုအမူ​တွေနှင့်​ဆက်​ဆံသည်​တဲ့​လေ......။

ဒါအိမ်​မက်​သက်​သက်​ပါပဲ​လေ......။

လက်​ရှိကျွန်​တော့်​အ​ခြေအ​နေကငရဲတံခါးဝတွင်​စိုက်​စိုက်​မြိုက်​မြိုက်​ရောက်​ရှိ​နေသည်​.....။

ခွဲစိတ်​ခန်း ရှိရာဆီသို့​ရောက်​ရှိဖို့အတွက်​ကြိုးစားအားထုတ်​နေသည့် လူနာတင်​ကား​လေးက​တော့ ဆိုးလ်​မြို့လယ်​ခေါင်​လမ်းမတွက်​ဆူညံ့စွာသာ.....။

' Park Chan Yeol ခင်​ဗျားရူး​နေတာလားဟမ်​....ခင်​ဗျား​ဗျာ...ဘာလို့...ဘာလို့ကျွန်​တော့်​အစား....ခင်​ဗျား​ဗျာ'

အပြုံး​တွေနှင့်​သာလိုက်​ဖက်​သော ချစ်​ရသူ၏မျက်​နှာ​လေးထက်​တွင်​..... ကျွန်​တော်​မနှစ်​မြို့​သောမျက်​ရည်​ဥတို့ကရွှဲရွှဲဆိုသည့်​တိုင်​အောင်​ကို အဆက်​မပျက်​ကျဆင်းလျှက်​....။

မုန်းလိုက်​တာ​ဗျာ.....အဲ့ဒီမျက်​ရည်​ဆိုတဲ့အရာကြီးမရှိခဲ့ရင်​သိပ်​ကောင်းမယ်​...အပြုံး​တွေနဲ့သာလိုက်​ဖက်​တဲ့ကျွန်​တော့်​ချစ်​ရသူရဲ့မျက်​နှာနုနုထက်​မှာအခု​တော့ အကျည်းတန်​လွန်းသည့်​တဲ့မျက်​ရည်​ဆိုတဲ့အရာကြီး​တွေကဆိုးမိုး​နေသည်​...။

{စက်​ရုပ်​မဟုတ်​ပါ}Where stories live. Discover now