Chanyeol မင်းခဏလောက်နားလိုက်ပါဦး´
' JunMyeon Hyung အခုအခြေအနေမှာကျွန်တော်ကဘယ်လိုခွန်အားတွေနဲ့နားနေနိုင်မှာတဲ့လဲ´
Doctorပြောသွားတော့ ဆ်ိုးရိမ်အခြေအနေကလွတ်ကင်းသွားပြီတဲ့....မကြာခင်သတိရလာတော့မယ်တဲ့....သုံးရက်သုံးရက်ရှိခဲ့ပြီ Baek ဒီနေရာ ဒီကုတင်ပေါ်မှာမလှုပ်မယှက်လှဲလျောင်းနေတာ သုံးရက်တိတိရှိနေခဲ့ပြီ....။
' မနားရင်တောင်တစ်ခုခုတော့စားလိုက်ပါကွာ မင်းသုံးရက်လုံးဘာမှမစားမသောက်ပဲ တစ်ရေးမှလဲမအိပ်ရသေးဘူးလေး ကြာရင်မင်းပါလဲသွားလိုက်မယ်ကွ´
' ကျွန်တော်အခုချိန်အထိအဆင်ပြေနေပါသေးတယ်JunMyeon Hyung´
Baekတောင်သုံးရက်လုံးဘာမှမစားပဲလှဲလျောင်းနေခဲ့သေးတာပဲ ကျွန်တော်ကစားဖို့လိုအပ်လို့လား....။
စားချင်စိတ်လဲမရှိသလို စားလဲမ၀င်နိုင်ပါ.....ဗိုက်ဆာသည်ဆိုတဲ့အရသာပင်မခံစားမိ....။
' Baek Daddy ဆီကဘာသတင်းကြားသေးလဲ JunMyeon Hyung´
'LA ကခုထိပြန်မရောက်လာသေးဘူး အရေးကြီးတဲ့ပရော့ဂျက်တစ်ခုကိုင်တွယ်နေရလို့တဲ့´
'Baek အသက်ထက်တောင်အရေးကြီးနေတဲ့ ပရော့ဂျက်တဲ့လား JunMyeon Hyung´
Baek တို့သားအဖရဲ့အခြေအနေကကျွန်တော်တွေးထားတာထပ်ပိုဆိုးရွားတာပဲ....Baek အခုလိုလုပ်ရက်တွေလုပ်နေတာ အလွန်မဟုတ်မှန်းကျွန်တော်သိလိုက်ရတာပေါ့...။
' Uncle က BaekHyunneeလေးကိုချစ်ရှာပါတယ်´
' ဟက်...သူ့အလုပ်ထပ်တော့မပိုနိုင်လောက်ပါဘူး´
'Uncle ကတော်ယုံအလုပ်ဆိုခုလောက်ထိမတွယ်ကပ်တက်ပါဘူး ဒီပရော့ဂျက်ကလဲတော်တော်အရေးကြီးလို့နေမှာပါ ပြီးတော့ Baekhyunneeနားမှာမင်းကောငါပါရှိနေလို့ Uncle ကစိတ်ချထားနိုင်တာလဲပါတယ်လေ´
ကျွန်တော်ရှိနေတာကိုပါသိနေတယ်......လူသားတစ်ယောက်လိုလား....ဒါမှမဟုတ်စက်ရုပ်တစ်ရုပ်လိုလား?။

YOU ARE READING
{စက်ရုပ်မဟုတ်ပါ}
Fanfictionစက်ရုပ်ကလေးကိုသာစွဲလမ်းမိခဲ့သည့်ကျွန်တော့်အဆုံးသက်က....အကျည်းတန်လွန်းခဲ့ပါသည်။