#10#(Unicode)

376 25 2
                                    

' Mr.Byun ခင်​ဗျားသားကိုဘယ်​အချိန်​ထိဖွတ်​ထားနိုင်​မှာတဲ့လည်း ကျုပ်​တွေ့​အောင်​ရှာပြမယ်​ခင်​ဗျား​စောင့်​ကြည့်​နေလိုက်​´

တစ်​ဖက်​မှ​ပြော၍ချသွားပြီဖြစ်​သည့်​Phone အား Mr.Byun တစ်​ယောက်​ဒေါသဖြင့်​နံရံသို့ပြစ်​ပေါက်​ခွဲလိုက်​လေ၏။

' Wook အခု Phone ဆက်​တဲ့​ကောင်​ကိုရ​အောင်​စုံစမ်းပြီးအပြတ်​ရှင်းပြစ်​သူငါ့သားအနားကိုမ​ရောက်​ခင်​ငါ့သားကိုရှာမ​တွေ့ခင်​မင်းအရင်​သူ့ကိုအပြတ်​ရှင်းပါ´

'Nae သူ​ဌေး´

Byun သူ​ဌေးရဲ့သားကိုမှ​ရွေးပြီးခြိမ်း​ခြောက်​ရဲသည့်​လူသားပဲ ။​တွေ့ကြ​သေးတာ​ပေါ့မင်းနဲ့ငါ မင်းသာငါနဲ့ထိပ်​တိုက်​မ​တွေ့မိဖိုးဆုသာ​တောင်း​နေ​ပေ​တော့ ။မင်းဘ၀နဲ့မင်းအသက်​က မင်းဆု​တောင်းအ​ပေါ်မူတည်​နေပြီ နိုမင်​ဂျောင်​။

°••°••°••°••°••°••°••°••°••°••°••°••°••°

နံနက်​ခင်းအိပ်​ယာနိုးထခြင်းကို ခပ်​သြသြ PCY နှိုးသံဖြင့်​တင်​လေသည်​။ မနက်​၆ နာရီဆိုသည်​နှင့်​အချိန်​မှာအိပ်​ယာလာနှိုးတက်​သည့်​PCY လွန်​ခဲ့​သော ရက်​၂၀ ခန့်​ကစတင်​၍​နေ့စဉ်​ပုံမှန်​လုပ်​နေကျအလုပ်​တစ်​ခု တာဝန်​တစ်​ခုလိုအ​လေးအနက်​ထား၍ ၁ မိနစ်​ပင်​နောက်​မ​ကျ​စေရအချိန်​မှန်​လာနှိုးတက်​သည်​။ အိပ်​ယာနိုးပြီဆိုသည်​နှင့်​ရေချိုးခန်းထဲသို့အတင်းတွန်းပို့၍​ရေတစ်​ခါထဲချိုးခိုင်းသည်​။ သူက​တော့ကျွန်​တော့အတွက်​အ၀တ်​အစားတစ်​စုံ​ရွေး၍ကုတင်​ပေါ်သို့တင်​ပေးခဲ့​လေသည်​။ ကျွန်​တော်​ရေချိုးအ၀တ်​အစားဝတ်​၍​အောက်​ထပ်​ရှိထမင်းစားခန်းသို့ဆင်းလာလိုက်​ရင်​ကျွန်​တော့အတွက်​Breakfast အတွက်​သူကိုယ်​တိုင်​ချက်​ပြုတ်​ပြင်​ဆင်​ပေး၍အသင့်​စားရန်​ပြင်​ပေးထားသည့်​ထမင်းစားပွဲဝိုင်းတွင်​၀င်​ထိုင်​ကာ PCY ၏လက်​ရာဖြစ်​သော အမဲ​နှပ်​နှင့်​စ​တော်​ဘယ်​ရီသီး​ဖျော်​ရည်​တစ်​ခွက်​အား ကုန်​စင်​သည်​အထိကျွန်​တော်​စားဖြစ်​ခဲ့သည်​။ ပြီးရင်​တော့ ခြံထဲသို့အတူဆင်းလာ၍ ခြံထဲရှိပန်းပင်​တွေအားလိုက်​လံစစ်​ဆေးကြသည်​။ အ​တော်​ကြာစစ်​ဆေးပြီး၍အိမ်​ထဲသို့ပြန်​၀င်​ကာ ဧည့်​ခန်းတွင်​TV ကြည့်​နေချိန်​မှာ ပါ​မောက္ခ​ဂျောင်​ရောက်​ရှိလာ၍ စတင်​၍စာသင်​ကြားရ​လေသည်​။ စာသင်​ကြားပြီးချိန်​မှာ​တော့​နေ့လည်​စာစားချိန်​သို့​ရောက်​ရှိလာခဲ့သည်​ကျွန်​တော်​က​တော့ထမင်းစားခန်းထဲရှိ ဖွယ်​ယာ​သောဟင်းပွဲများဖြင့်​နေ့လည်​စာအားစား​နေချိန်​PCY က​တော့အခန်းထဲသို့ပြန်​ကာ​နေ့လည်​စာအဖြစ်​ဘယ်​ထရီအားသွင်း​လေသည်​။​နေ့လည်​စာစားပြီး၍အခန်းသို့ပြန်​တက်​လာကာအခန်းထဲဝင်​၍ ကစား​နေကျ Game အား laptop ဖြင့်​အိပ်​ယာ​ပေါ်တွင်​နေရာယူ၍ကစား​နေလိုက်​သည်​။ ကုတင်​ခြေရင်းရှိ​ရေခဲ​သေတ္တာအတွင်းမှစားစရာ​တွေတစ်​ခုပြီးတစ်​ခုထုတ်​စားရင်း​ပေါ့ ။

{စက်​ရုပ်​မဟုတ်​ပါ}Where stories live. Discover now