🔩13🔩(Zawgyi)

1.4K 166 23
                                    

" ဒုန်း..!!!!"

" Hyunnee စိတ်​ထိန်းစမ်းပါ ဘာ​တွေဖြစ်​လာတာလဲ Hyung ကို​ပြောပြ​ Hyunnee "

"ဒုန်း...ခလွမ်​....ခွမ်း.....ဒုန်း.."

ကျွန်​​တော်​အခုချိန်​မှာ​ပေါက်​ကွဲ​နေသည့်​​ဒေါသကိုမြိုသိပ်​ဖို့စိတ်​ကူးမရှိ ကျွန်​​တော့်​အတွက်​စိတ်​​ဖြေရာပဲဖြစ်​​စေစိတ်​တိုင်းကျ​ပေါက်​ကွဲပြီး​တော့မှသာ ​နေရထိုင်​ရအဆင်​​ပြေမည်​မဟုတ်​လား...။

ကျွန်​​တော်​ သူ့ကိုတစ်​​ယောက်​တည်းပြစ်​ထားခဲ့လိုက်​သည်​....သူ့ခန္ဓာကိုယ်​မှာဒဏ်​ရာ​ဒဏ်​ချက်​​တွေနဲ့​သွေးထွက်​လွန်​သွားခဲ့ရင်​ သူအခုအဆင်​မှ​ပြေရဲ့လား ကားကြုံ​စီး၍မြို့ထဲပြန်​​ရောက်​​နေရဲ့လား...? ​ဆေးရုံ​ကောသွားမှသွားရဲ့လား...။

" အားးးးးး! !!!!"

Byun Baekhyun မင်းကဘာအတွက်​သူ့ကိုစိုးရိမ်​​နေရတာလဲ မင်းစိတ်​ထဲမှာဘာလို့သူကရှိ​နေရတာလဲ Park Chanyeol ခင်​​ဗျားကိုတကယ်​မုန်းလိုက်​တာ​ဗျာ ​ကျေးဇူပြုပြီးကျွန်​​တော့်​အ​တွေးထဲက​ရော ကျွန်​​တော့်​စိတ်​ထဲက​ရေည ကျွန်​​တော့်​အမြင်​အာရုံထဲကပါထွက်​သွား​ပေးပါ ​ကျေးဇူးပြုပြီး ကျွန်​​တော့်​နှလုံးသားထဲကပါထွက်​သွား​ပေးပါ​တော့ ..။

" Hyunnee, Hyung ​မေး​နေတာ​ဖြေဦး ဘာ​တွေဖြစ်​လာတာလဲ,PCY က​ကောပြန်​လိုက်​မလာဘူးလား "

" Hyung,...."

" Omm Hyunnee, Wae Hyung ကို​ပြောပြ​လေ​နော်​ "

" .......... "

Hyung ကိုကျွန်​​တော်​ဘယ်​လို​ပြောပြရ​မလဲ Hyung ကျွန်​​တော်​အခုခံစား​နေရတာကို​ပြောပြရမှာလား....။

PCY ဆိုတာကျွန်​​တော့်​ကိုလိမ်​ညာလှည့်​ဖျားပြီးအ​ယောင်​​ဆောင်​ထားတဲ့ လူတစ်​​ယောက်​ဆိုတာကိုလား.....။

ကျွန်​​တော့်​နှလုံးသားက PCY ကိုမှစွဲလမ်း​မိခဲ့လို့ အခုကျွန်​​တော်​နာကျင်​ခံစား​နေရသည့်​​ဝေဒနာကိုလား....။

Hyung အ​မေးကို​ဖြေလိုစိတ်​မရှိသည့်​အတွက်​ ပါးမို့မို့​ပေါ်မှမျက်​ရည်​စ​တွေကိုလက်​ခုံဖြင့်​ပွတ်​သုတ်​ကာအခန်းရှိရာသို့သာ​ပြေးတက်​လာခဲ့လိုက်​​တော့သည်​....။

{စက်​ရုပ်​မဟုတ်​ပါ}Where stories live. Discover now