' ခင်ဗျား မျက်နှာကို ကျုပ်မမြင်ချင်ဘူးလို့ ဘယ်နှစ်ခါပြောနေရမှာလဲ Park ChanYeol ထွက်သွားပေးပါ ခင်ဗျားမျက်နှာကိုမြင်နေရရင်ကျုပ်နှလုံးသားထဲကနာကျင်ရလွန်းလို့ပါဗျာ....´
နှင်ရမယ်ကျွန်တော်ခံနိုင်ရည်အားသိပ်မရှိတော့လို့ပါ....။
သူ့မျက်နှာကိုမြင်နေရတဲ့ကျွန်တော့်အဖို့မှာမနိုင်၀န်ထမ်းနေရတဲ့အထွေထွေလုပ်သားတစ်ယောက်ထပ်ပိုပင်ပန်းလှပါတယ်....။
သူမသိနိုင်ဘူး ကျွန်တော့ရင်ထဲကအဆမတန်တိုးပွားလာတဲ့သူ့အပေါ်ထားတဲ့အချစ်တွေရှိနေတယ်ဆိုတာ...။
သူမမြင်နိုင်ဘူး ကျွန်တော့်နှလုံးသားတစ်ခုလုံးမှာ သူ့နာမည်သူ့မျက်နှာ ဒါတွေကတံဆိပ်ရိုက်ခပ်ထားသလိုဆွဲကပ်နေတယ်ဆိုတာ...။
ကျွန်တော်ခံစားချက်တွေ ကျွန်တော့်အချစ်တွေသူ့ကိုဘာကြောင့်ထုတ်မပြလဲ....? အဖြေကနှစ်ခုမရှိနိုင်ဘူးလေ ကျွန်တော့်ကိုလိမ်ညာခဲ့တဲ့သူ့အတွက်အပြစ်ဒဏ်တစ်ခုပဲ....။
သူကျွန်တော့်ကိုသိပ်ချစ်တာသူ့ရဲ့အားနည်းချက်ဖြစ်သွားရတာပဲလေ.....။
ကျွန်တော့်ကိုသိပ်ချစ်တဲ့သူရဲ့နှလုံးသားကို ရက်စက်မှု့တွေနဲ့အကျည်းတန်လာအောင်ကျွန်တော့်နှလုံးသားတစ်လုံးနဲ့ရင်းပြီးပျက်စီးပြစ်မှာ.....။
'သ...သခင်လေး မမြင်ချင်ရင်ကျွန်တော်ထွက်သွားပေးပါ့မယ်ဒါလေးတော့စားလိုက်ပါဦးနော်´
' ကျုပ်ကို ခင်ဗျားအမိန့်ပေးစရာမလိုဘူး ထွက်သွားအခုချက်ချင်း ခင်ဗျားမျက်နှာကိုမမြင်ချင်ဘူး´
သူ့မျက်၀န်းအိမ်မှလွှင့်ပျယ်လာသော မျက်ရည်ဥလေးတစ်ဥကကျွန်တော့်ပါးပြင်ထက်သို့ကျရောက်လာခဲ့၏...။
မငိုစမ်းပါနဲ့ ခင်ဗျားရယ်ခင်ဗျားမျက်ရည်တွေကကျွန်တော့်ရဲ့နာကျည်းချက်တွေကိုမှေးမှိန်နိုင်စွမ်းလဲမရှိပါပဲ....။
ČTEŠ
{စက်ရုပ်မဟုတ်ပါ}
Fanfikceစက်ရုပ်ကလေးကိုသာစွဲလမ်းမိခဲ့သည့်ကျွန်တော့်အဆုံးသက်က....အကျည်းတန်လွန်းခဲ့ပါသည်။