တစ်ခုတည်းသာ လိုအပ်နေသည့်သူ့ဘ၀လေးကို ဖြည့်ဆည်းပေးချင်မိသည်။
သူလိုအပ်နေသည့်အရာကို ဖြည့်ဆည်းပေးမည့်သူမရှိသည့်မတွက်စိတ်မရှိပါပဲ ဆိုးသွမ်းနေသည့်ကောင်လေး။
မင်းအကြောင်းတွေငါတကာ်သိချင်မိတယ်။ မင်းလိုမှားနေတဲ့လမ်းတစ်ခုကို လမ်းမှန်ရောက်အောင်ငါ ညွှန်ပြပေးချင်မိတယ်။ ပထမဆုံးတွေ့ဖူးပေမယ့်ငါတကယ်မင်းကို သနားမိတယ်ကောင်လေး ။မင်းမျက်၀န်းတွေကနေတစ်ဆင့်မင်းဘယ်လောက်အထိ နာကျင်နေရမလဲ အထီးကျန်နေရမလဲကြေကွဲနေရမလဲဆိုတာငါခန့်မှန်းနိုင်တယ်ကောင်လေး။
နာကျည်းချက်တွေနဲ့မရှင်သန်ပါနဲ့ကောင်လေးရယ်။ မင်းဘ၀ကြီးနစ်မွှန်းသွားရင်။ အဲ့ဒီနွံထဲကပြန်ကုန်းထဖို့ခက်ခဲနေလိုက်မယ်။
မင်း ကိုယ်မင်းချောက်နက်နက်ထဲကိုဆွဲမချချင်စမ်းပါနဲု့ကောင်လေးရယ်။
မင်းစ်ိတ်ကိုမင်းကိုယ်တိုင်ကရိုင်းစေခဲ့တာပဲကွာ။
ငါမင်းကို ပြုပြင်ခွင့်လေးရချင်မိပါရဲ့ ။
ဒါပေမယ့်မင်းကငါ့ရဲ့သခင်။ ငါကမင်းလိုရာသုံးဖို့ဝယ်ခံလိုက်ရတဲ့ လူသားမဟုတ်တဲ့လူသားတစ်ယောက်။
အခြေအနေချင်းကပြောင်းပြန်ပါကွာ ။
သေချာတာတော့ ငါမင်းကိုအရမ်းသနားမိတယ်။ ဒီအတွက်ကြောင့်နဲ့ မင်းဘေးနားမှာ အဖော်အဖြစ်ရှိနေပေးချင်တယ်။ မင်းကိုပြုံးရယ်လာအောင်ကြိုးစားမယ်။ ငါမင်းဘေးနားမှာ PCY ဆိုတဲ့စက်ရုပ်ကြီးမရောက်လာသေးသ၍ငါ ။ မင်းကိုစောင့်ရှောက်မယ်ကောင်လေး ။
ကျွန်တော့၏အိပ်ရာဝင်ချိန်ဒိုင်ယာရီ စာအုပ်ကလေးထဲ၌Byun Baek Hyun နှင့်ပက်သက်သော စာစုလေးအားချရေး၍သိမ်းလိုက်သည်။
မနက်ဖြန်ကစ၍ ငါသည်လူတစ်ယောက်မဟုတ်။ Park Chan Yeol လဲမဟုတ်။ PCY ဆိုသော့ Robot ။ စက်ရုပ်တစ်ရုပ်သာ ။

YOU ARE READING
{စက်ရုပ်မဟုတ်ပါ}
Fanfictionစက်ရုပ်ကလေးကိုသာစွဲလမ်းမိခဲ့သည့်ကျွန်တော့်အဆုံးသက်က....အကျည်းတန်လွန်းခဲ့ပါသည်။