#18#(Unicode)

328 21 0
                                    

ဒုန်း!!!!!.......

နားထဲသို့စူးရှစွာဝင်​ရောက်​လာခဲ့သည့်​အသံ​ကြောင့်​မူး​နောက်​နေသည့်​ခေါင်းကိုအားယူ၍​ခေါင်း​ထောင်​လိုက်​ကာ လက်​ရှိ​ရောက်​နေသည့်​အ​ခြေအ​နေတစ်​ခုကိုအစီစဉ်​မကျပြန်​တွေး​တောမိ​လိုက်​၏....။


အခု​ရောက်​နေသည့်​နေရာက​ဆေးရုံမှာမဟုတ်​...​အကာအရံမရှိ​သော​လေဟာနယ်​တစ်​ခုဖြစ်​သော မိုး​မျှော်​တိုက်​ပျက်​ကြီးတစ်​လုံးဖြစ်​ပုံရသည့်​ခေါင်​မိုး​ပေါ်၌ထိုင်​ခံ​ပေါ်တွင်​ကြိုးနှင့်​တင်းကျပ်​စွာချည်​နှောင်​ခံထားရသည့်​ကျွန်​တော့်​အ​ခြေအ​နေကိုသ​ဘော​ပေါက်​သွားခဲ့၏...။

Daddy စိုးရိမ်​နေခဲ့​သောအ​ခြေအ​နေကဒါမျိုးလား..။

ဟက်​..!!!!

ကျွန်​တော်​ပျောက်​ဆုံးသွားသည်​ကိုသာ Daddy သိသွားမည့်​အချိန်​မှာ Daddy ရင်​ထဲဘယ်​လောက်​တောင်​ပူ​လောက်​နေလိမ့်​မလဲဆ်ိုတာ​တွေးမိယုံနဲ့တင်​ကျေနပ်​မိသည်​...။

ခံစားလိုက်​ပါဥိ်ီး Mr.Byun ရယ်​ခင်​ဗျားသားရဲ့ရင်​ဘက်​ထဲမှာလဲအဲ့ဒီထက်​မကတဲ့ ပူ​လောင်​မှု့​တွေနာကျင်​မှု့​တွေအများကြီးတဲ့ နှစ်​တွေကြာမြင့်​လာသည့်​တိုင်​အောင်​ခံစားခဲ့ရတာ​တွေ သိ​စေချင်​မိတယ်​....။

Hyung​ရောပြာယာခက်​နေသည့်​အထိပူပန်​နေမလား ? ကျွန်​တော်​ထွက်​ပြေးသွားတယ်​လို့​တော့မထင်​လောက်​ပါဘူး​နော်​အခွင့်​အ​ရေးကိုအသုံးချပြီးထွက်​ပြေးသွားတယ်​လို​တော့မထင်​လောက်​ပါဘူး...။

သူက​ရော...သူက​တော့ ကျွန်​တော့်​ပျောက်​သွားမှန်းကို​တောင်​သိပါရဲ့လား....။

သိမယ်​တော့မထင်​ပါ ဘာ​ကြောင့်​လဲ ကျွန်​တော့်​ဆန္ဒအရသူကျွန်​တော့်​မျက်​စိ​ရှေ့က​နေ​ပျောက်​ကွယ်​သွား​ပေးခဲ့သည်​လေ...။

ကျွန်​တော်​ဒီလိုအ​ခြေအ​နေ​ရောက်​နေသည်​ကို သူသိနိုင်​မည်​မထင်​ပါဘူး​လေ...။

သူအန္တာရယ်​ကင်းတာ​ပေါ့ သူအန္တရာယ်​ကင်း​နေပါ​သေးတယ်​လေ....။

Byun Baekhyun ကိုယ်​တိုင်​အန္တာရယ်​ထဲ​ရောက်​နေတဲ့အချိန်​မှာ​တောင်​သူ့အတွက်​စိတ်​ပူ​နေမိ​သေးတယ်​...။

{စက်​ရုပ်​မဟုတ်​ပါ}Where stories live. Discover now