#12#(Unicode)

337 24 2
                                    

ရှင်းပြချင်​နေတာလား မဖြစ်​နိုင်​ဘူး ငါမင်းကိုဘယ်​တော့မှခွင့်​မလွှတ်​ဘူး .....။

Park Chanyeol မင်းက Byun Baekhyun ကိုမှလာလိမ်​တာကိုမင်းပြန်​ပေးဆပ်​ရမယ့်​အပြစ်​ကြွေးကအကြီးကြီးဖြစ်​သွားပြီ ....။

ငါအမုန်းဆုံးလုပ်​ရပ်​ကိုမှမင်းက အကွက်​ကျကျစီစဉ်​ပြီးငါ့ကိုလိမ်​ညာခဲ့တာပဲ...။

မင်း......ငါ့အချစ်​တွေနဲ့မတန်​တဲ့သူ....။

မင်း.....ငါ့စိုးရိမ်​ခြင်း​တွေနဲ့မတန်​တဲ့သူ...။

Park Chanyeol ခင်​ဗျား ကျွန်​တော့်​နှလုံးသားနဲ့မထိုက်​တန်​တဲ့သူပဲ....။

မျက်​ခမ်းစပ်​တွေနာကျင်​သည်​အထိမျက်​ရည်​များကကျမကုန်​နိုင်​လောက်​အောင်​ကိုတသွင်​သွင်​စီးဆင်း​နေခဲ့သည်​...။

ကားစီယာရိုင်​ကိုခပ်​တင်းတင်းဆုပ်​ကိုင်​၍​ဝေ့၀ါး​နေသည့်​မြင်​ကွင်းတစ်​ချို့ကို​ကျော်​ဖြတ်​၍စိတ်​ကူးထားခြင်းမရှိ​မောင်းနှငိလာခဲ့သည့်​ကျွန်​တော့်​ကား​လေး ။

တစ်​ရွေ့​ရွေ့နှင့်​မြို့ပြင်​သို့​ရောက်​မှန်းမသိ​ရောက်​လာခဲ့​လေသည်​.....။

မကြာခင်​မှာဝင်​ရောက်​ပျောက်​ကွယ်​သွား​တော့မည့်​နေ၀န်းနီနီကပင်​ကျွန်​တော့်​အား​လှောင်​ပြောင်​နေသ​ယောင်​....။

အိမ်​ခြေနှင့်​တူသည့်​အရာမရှိသည့်​လမ်းကျယ်​ကြီး​ဘေးတွင်​လယ်​ကွက်​ပေါင်းများစွာကစီးကြို​နေခဲ့သည်​...။

ဆိုးလ်​နှင့်​အ​တော်​အလှမ်း​ဝေးသည့်​တိုင်​အောင်​မောင်းနှင်​လိုက်​ပြီး​နေလုံးကြီးတစ်​၀က်​ပျောက်​ကွယ်​သွား​တော့မှလမ်း​ဘေးသို့ကားထိုးရပ်​ကာကား​ပေါ်မှာဆင်းလိုက်​၏..။

' ဟင်းးး!!!!´

သက်​ပြင်းရှည်​ကြီးချရင်းကား​အ​ရှေ့တည့်​တည့်​တွင်​ခြေပြစ်​လက်​ပြစ်​ထိုင်​ချလိုက်​၏....။

' ဘာလို့များ မင်းဘ၀ဒီ​လောက်​အထိကြမ်းတမ်း​နေရတာလဲ Byun Baekhyun ရာ....´

စို့နင်​ကွဲအက်​နေသည့်​အသံခပ်​ဖျော့​ဖျော့ဖြင့်​ကြမ်းတမ်း​နေသည့်​ဘ၀ကိုအပြစ်​တင်​မိလိုက်​သည်​...။

{စက်​ရုပ်​မဟုတ်​ပါ}Where stories live. Discover now