#11#(Unicode)

342 18 4
                                    


သူမရှိလို့မဖြစ်​သည့်​အ​နေအထားမဟုတ်​သည့်​ကျွန်​တော့်​ဘ၀....သူသာရှိမ​နေ​တော့ရင်​အရာရာအဓိပ္ပါယ်​မဲ့သွားခဲ့ရ​တော့မည့်​အ​ခြေအ​နေတစ်​ခု​တော့​ရောက်​လို့​နေခဲ့ပြီ....မည်​သူမှစတင်​၍မတိုက်​တွန်းမ​စေခိုင်းပါပဲနှင့်​ရူးမိုက်​စွာတဇွတ်​ထိုးသူ့ကိုမှစတင်​၍ချစ်​မိလိုက်​လေသည့်​ကျွန်​တော့်​နှလုံးသား​လေးက​တော့နာကျင်​မှု့​တွေကစီးလိုကြို​နေသည်​ကိုမမြင်​နိုင်​ပါ..........။

•••••••••••••••••••••••••••••••••••••••••••

' Appa​နေ​ကောင်းရဲ့လား ´

'​ကောင်းပါတယ်​သားရဲ့ ဒါနဲ့ဘယ်​လိုထွက်​လာတာလဲ Byun သခင်​လေးသိသွားမှဖြင့်​ဒုက္ခ​ရောက်​နေပါဦးမယ်​သားရယ်​´

' သား Appa ဆီလာမယ်​ဆိုတာ Baek သိပါတယ်​Appa ရယ်​´

' ဘယ်​လ်ို ´

' ဘယ်​ထရီကိစ္စ​လေးနဲ့ညာပြီးထွက်​လာတာ ဟီး ´

Appa ၏ရုံးခန်းဆီသို့လိုက်​လာသည်​။ အရမ်းသတိရလာလို့ဆိုပါ​တော့ Appa​ဆီပဲစိတ်​က​ရောက်​ရောက်​နေ​တော့ Appa​နေများမ​ကောင်းလို့လား အဆင်​မှမ​ပြေလို့လား ။ အ​တွေး​ပေါင်းစုံနဲ့ ပူပန်​မှု့​ပေါင်းစုံနဲ့ Baek ကိုညာ၍ဒီကိုလိုက်​လာရခြင်းသာ။ ဒီ​ရောက်​တော့ ထင်​သည့်​အတ်ိုင်းပင်​ပါးစပ်​ကသာ​နေ​ကောင်းပါတယ်​လို့ဆို​နေသည့်​Appa မျက်​နှာသည်​ဖြူ​ဖျော့​နေခဲ့သည်​။ Appa ကျွန်​တော့်​ကိုမသိ​စေချင်​လို့ဖုံးကွယ်​ထားသည့်​အရာ​တွေတစ်​နေ့ထက်​တစ်​နေ့ပိုပိုများလာသည်​။ ကျွန်​တော်​သိသည်​သို့​သော်​လဲ အရာရာ​စေ့​စေ့စပ်​စပ်​လုပ်​တက်​လွန်းသည့်​Appa အ​ကြောင်းအရာ​တွေကို Appa နှုတ်​ဖျားကထုပ်​မ​ပြောပါပဲနှင့်​သိရှိဖို့ဆိုသည်​မှာ​တော့မလွယ်​ပါ။ Appa ရယ်​သားအဖချင်းကိုဒီလို​တွေအထိဖုံးကွယ်​ထားဖို့လိုအပ်​လို့လား ။ သားစိတ်​ဆင်းရဲမှာ သားစိတ်​မချမ်းသာမှာ​စိုးရိမ်​လို့ဆိုပြီးအမြဲတမ်း ဆိုးရွားသည့်​ကိစ္စအ၀၀ကိုဖုံးကွယ်​ထားရတဲ့ Appa ကျွန်​တော်​တကယ်​အားနာ​နေပါပြီ Appa ရယ်​။

' Appa​ဆေးရုံသွားကြရ​အောင်​လေ​နော်​´

' Appa​ဘာမှမဖြစ်​ပါဘူးသားရယ်​Appa​နေ​ကောင်းပါတယ်​´

{စက်​ရုပ်​မဟုတ်​ပါ}Donde viven las historias. Descúbrelo ahora