' Yeol ah pali ´' မှီတော့မယ်နော်Baek ´
' မှီလဲမမှီသေးပဲနဲ့ကွာ ´
ခြံဝန်းကျယ်ကြီးထဲတွင်သူနဲ့ကျွန်တော်ပျော်ရွှင်စွာကစားနေကြသည်....။
ပြေးနေသည့်ကျွန်တော့်အား သူတမင်မမှီအောင်လိုက်ဖမ်းနေခြင်းသာ.....သူ့ခြေတန်ရှည်ကြီးတွေနှင့်ပြေ့းပြီးလိုက်ဖမ်းနေတာပဲမမှီစရာရှိ့ပါမလား...။
ကျွန်တော့်က်ိုမမိသေးသည်မှာ တမင်သူအလျော့ပေးကာပြေးလိုက်နေသည့်အတွက်သာ....။
အရင်ကိစ္စပြီးကထဲက ကျွန်တော်လဲအရင်လိုအိမ်ထဲ၌လှောင်ပိတ်၍ချုပ်ချယ်ခြင်းမခံရတော့....။
လွတ်လွတ်လပ်လပ်နှင့်ရှင်သန်ရသည့်ဘ၀တစ်ခုပိုင်ဆိုင်ခဲ့သည်....။
အခုဆိုရင်ဆိုးလ်တက္ကသိုလ်မှာ ဒုတိယနှစ်တောင်တက်နေရပြီလေ....။
ကျောင်းမှာလဲ Do Kyung Soo ,Kim Jong Dae ,ဆိုသောသူငယ်ချင်းနှစ်ယောက်လဲရခဲ့သည်...။
ချုပ်ချယ်ခံရတာဆိုလို့ ကျွန်တော်ဘယ်သွားသွားအမြဲတမ်းပါလာတက်သည့်Park ChanYeol ဆိုသည့်ကျွန်တော့်ရဲ့ကိုယ်ရံတော်ကြီးသာ...။
Yeol ကိုဆုံးရှုံးသွားခဲ့ရင်ဆိုတဲ့အတွေးဆိုးကြီးကိုမောင်းထုတ်လိုက်ပြီး ဟန်ဆောင်အမုန်းတွေနှင့်ကာရံထားသည့်မျက်နှာဖုံးကြီးကိုဆွဲခွဲလိုက်ရင်း Yeol ကိုအခွင့်အရေးပေးလိုက်၏..။
ဒါပေမယ့်Yeol ကကျွန်တော့်ကိုအရိပ်လိုလိုက်စောင့်ရှောင့်နေတာမှန်ပေမယ့်Yeol ဘက်ကကျွန်တော့်အပေါ်သို့ဝန်ခံခြင်းမရှိသေးပါ...။
ဘာတွေများအဲ့သည့်လောက်အထိခက်ခဲနေရတာလဲ Yeol ရယ်....Baek ကိုချစ်တယ်ဆိုတဲ့စကားလေးပြောဖို့အဲ့သည့်လောက်အထိခက်ခဲနေရတာလား...။
' မိပြီကွ ´
အတွေးတစ်ချို့ကြောင့်ခြေစုံရပ်တန့်လိုက်သည်နှင့်အပြေးလိုက်လာသည့်Yeol ၏ရင်ခွင်ထဲသို့အရန်သင့်ရောက်ရှိသွားတော့၏...။
YOU ARE READING
{စက်ရုပ်မဟုတ်ပါ}
Fanfictionစက်ရုပ်ကလေးကိုသာစွဲလမ်းမိခဲ့သည့်ကျွန်တော့်အဆုံးသက်က....အကျည်းတန်လွန်းခဲ့ပါသည်။