........."တစ်ရွေ့ရွေ့စတင်ရွေ့လျားက ထွက်ခွာဟန်တာစူနေသည့်မိုးပျံရထားလုံးကြီးထဲ၌ ။ PCY ရယ်ကျွန်တော်နဲ့နောက်ထပ်အတွဲ၂တွဲပါလာခဲ့သည်။
ရထားလုံးကမထွက်ရသေးပါ ကျွန်တော်ကတော့ဖြင့်သေးထွက်တော့မည်။ဘေးတွင်ရှိသောသံတိုင်ကို ကျစ်ကျစ်ပါအောင်ဆုက်ကိုင်ရင်း ငုတ်တုတ်လေးထိုင်ကာ မျက်စိတင်းတင်းမှိတ်ထားမိသည်။ကြောက်လွန်း၍တဆက်ဆက်တုန်ယင်နေသည့်ခန္ဓာကိုယ်လေးကတော့ ကျုံ့ကျုံ့ကလေးရယ်သာ ။
'Baek ခင်ဗျာ့ဘာအဆင်မပြေတာရှိလို့လဲ´
လူလိုနားမလည်တဲ့အကောင်လို့ပြောလိုက်ချင်ပေမယ့်သူကလူမှမဟုတ်တာ ဘယ်နှယ့်လူလိုနားလည်မှာတဲ့လဲ။
ဒီလောက်အထိ တဆက်ဆက်တုန်ပြီးသေးထွက်မတက်ကြောက်လို့ထောင့်ကပ်ထိုင်ပြီးတန်းကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားတာကို ။ ဘာအဆင်မပြေလိုလဲတဲ့ ။မေးတက်လိုက်တဲ့မေးခွန်း။
'PCYရောက်ရောက်ခါနီးပြီလား´
'အခုမှစထွက်တာလေ Baek ခင်ဗျာ့ ရှု့ခင်းတွေအရမ်းလှတာပဲ ထကြည့်ပါလား ခင်ဗျာ့´
'အီး ဟီး ဟီး ဘုရားသခင်စောင့်ရှောက်ပါ PCY တစ်စစီဖြုတ်ပြီးမင်းကိုမြေမြုတ်ပြစ်မယ်ငါအမြင့်ကြောက်တာမင်းမသိလားကွ မင်း Data ထဲမှာမပေါ်ဘူးလားကွ ငါ ငါ တကယ်သေတော့မယ်ထင်ပါတယ်အီး ဟီး 😭´
မျက်စိစုံမှိတ်၍အော်ဟစ်သာငိုပြစ်လိုက်မိသည်။ဘေးက၀ိုင်းကြည့်နေသည့်အတွဲတွေကိုလဲရှက်မနေတော့ပါ ။ ဒီလူတွေဒီတစ်ခါတွေ့ပြီးရင်နောက်ဘယ်တော့မှပြန်တွေ့ရမှာမဟုတ်ဘူး ။ မြန်မြန်သာ ဟိုဘက်ကမ်းရောက်ဖို့ရာဆုတောင်းလိုနေမိတော့သည်။
'ဗျာ Mi Miyanhae Baek ခင်ဗျာ့ ကျွန်တော်ကျွန်တော်တကယ်မသိလ်ိုက်လို့ပါ ဒါစီးလိုက်ရင်Baek အရမ်းပျော်နေတာမြင်ရမယ်ထင်ခဲ့တာ Baek ကိုပြုံးစေချင်တဲ့အတွက်ကျွန်တော်လုပ်ခဲ့တာပါ´
YOU ARE READING
{စက်ရုပ်မဟုတ်ပါ}
Fanfictionစက်ရုပ်ကလေးကိုသာစွဲလမ်းမိခဲ့သည့်ကျွန်တော့်အဆုံးသက်က....အကျည်းတန်လွန်းခဲ့ပါသည်။