' အား !!! ကျွတ်ကျွတ်ကျွတ်´
တစ်ကိုယ်လုံးကိုင်ရိုက်ထားသည့်နှယ့်နာကျင်နေသည်။ ကျွန်တော်အခုဘယ်ရောက်နေတာလဲ ။ကျောပြင်မှအိစက်ညက်ညောသောခံစားမှု့ကြောင့်ကျွန်တော့၏တန်ဖိုးရှိလှသည့်အိပ်ယာထပ်သို့ရောက်နေမှန်းသိလိုက်ရသည်။ ဖြစ်ခဲ့သည့်ဖြစ်စဉ်အားပြန်တွေးတောလိုက်မိချိန်အတွေးထဲဦးစွာပြေးဝင်လာသည့်PCY ။ သူရေစိုသွားသည်လေ ။ သူပျက်စီးသွားခဲ့ပြီလား ။အိပ်ယာထက်မှကုန်းရုန်းထလေတော့ လက်မောင်းမှကိုင်၍ပြန်လဲနေရန်ပြောလာသည့်သူက။
'Baek လဲနေလိုက်ပါဦး Baek ခန္ဓာကိုယ်ကဒဏ်ရာတွေကအရမ်းပြင်းလွန်းတယ်´
စိုးရိတ်တကြ်ီးပြောလာသည့်PCY ။ ရှပ်အင်္ကျီနက်ပြာနှင့်အဖြူရောင်အကွက်လေးအား အပေါ်ကြယ်သီးသုံးလုံးလောက်ထိဖြုတ်၍၀တ်ထားသည်။ဖွံဖြိုးသည့်PCY ၏ Abs တို့အားလွတ်လပ်နေသည့်နေရာမှအတိုင်းသားမြင်တွေ့နေရသည်။
'PCY မင်းအဆင်ပြေရဲ့လား ?´
'အခု ကျွန်တော့ထက်Baek, ကို Baek,တွေးပူရမယ့်အချိန်ပါကျွန်တော်ကအဆင်ပြေတယ်Baek, သာဒေါသတွေအရမ်းကြီးပြီးအခုလိုတွေထိခိုက်နာကျင်ခဲ့ရတာ´
ကျွန်တေယ်တကယ်ပဲဒေါသအရမ်းကြီးတဲ့သူတဲ့လား ။ ကျွန်တော်က်ိုယ်တိုင်ပင်သတိမပြုမိခဲ့သည့်အကျင့်တစ်ခု PCY ကနေ့ချင်းညချင်းသိသွားခဲ့သည်။ ကျွန်တော်တွန်းလှဲမိလိုက်သည့်JunMyeon Hyungအဆင်မှပြေရဲ့လား။
'PCY , JunMyeon Hyungကောသူအဆင်ပြေရဲ့လား?´
'Family Doctor လာသွားတယ်Baek, Dr, ကတော့အဆင်ပြေတယ်လို့ပြောသွားပါတယ်စိုးရိမ်းရာသိပ်မရှိပါဘူးတဲ့ရက်ပိုင်းလောက်အနားယူလိုက်ရင်ကောင်းသွားမှာပါတဲ့´
'ဟူးးးးးး! !!တော်ပါသေးရဲ့ ငါ့ကြောင့်Hyung အရမ်းထိခိုက်သွားပြ်ီထင်ထားခဲ့တာ´
'Baek, ဟုကိုယ့်ကိုယ်ကိုဂရုစိုက်ပါ Baek, အခုလိုတွေထိခိုက်တာကျွန်တော်လဲမကြိုက်ဘူး ထကျွန်တော်ထူပေးမယ်ဆေးသောက်ရအောင်´

ŞİMDİ OKUDUĞUN
{စက်ရုပ်မဟုတ်ပါ}
Hayran Kurguစက်ရုပ်ကလေးကိုသာစွဲလမ်းမိခဲ့သည့်ကျွန်တော့်အဆုံးသက်က....အကျည်းတန်လွန်းခဲ့ပါသည်။